ကိုယ်တကယ်ချစ်တဲ့သူနဲ့ နှစ်တွေအကြာကြီး သက်ဆုံးတိုင်ဖြတ်သန်းချင်လား။ ဒါဆိုရင်တော့ Relationship တစ်ခုမှာ ရေရှည်တည်မြဲဖို့အခံကျတဲ့ စည်းမျဉ်းတွေလိုက်ဖို့လိုအပ်ပါတယ်။ဘာတွေလဲဆက်ဖတ်ကြည့်လိုက်ပါအုန်းနော်။
(၁) မတူညီမှုတွေကိုလက်ခံပါ
Source : Woman’s Day
လူတစ်ယောက်မှာ လက်ငါးချောင်းတောင် အတိုအရှည်မတူကြပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်းပုံစံချင်း အကြိုက်ချင်းတူနေဖို့ဆိုတာခက်ပါတယ်။ အမြင်တွေမတူတာ ခံယူချက်တွေမတူတာမျိုးတွေရှိလာနိုင်ပါတယ်။ဒါပေမယ်တကယ်ချစ်တယ် ရေရှည်လက်တွဲချင်တယ်ဆိုရင်တော့ ဒီလိုမတူညီမှုတွေကို လက်ခံပေးနိုင်ဖို့လိုပါတယ်။
(၂) ပြောင်းလဲဖို့မကြိုးစားပါနဲ့
Source : Doctissimo
လူတစ်ယောက်မှာ ပင်ကိုယ်ပုံစံတစ်မျိုးစီရှိတက်ကြပါတယ်။ ဒီလိုအရာတွေကို အတင်းကြီးပြောင်းလဲလို့မရနိုင်ပါဘူး။ ကိုယ်စိတ်ကြိုက် ကိုယ့်မူအတိုင်း တခြားလူတစ်ယောက်ကို ပြောင်းလဲတယ်ဆိုတာ အတ္တဆန်တဲ့လုပ်ရပ်တစ်ခုဖြစ်သလို ရေရှည်မှာ Relationship ပြဿနာတွေများလာနိုင်ပါတယ်။ ဒါကြောင့်လူတစ်ယောက်ကို လုံးဝပုံစံပြောင်းလဲဖို့မကြိုးစားပါနဲ့။
(၃) ခံစားချက်တွေနားထောင်ပါ
Source : 123RF.com
Relationship တစ်ခုသာယာပျော်ရွှင်ဖို့ဆိုရင် တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက် သိမြင်ပေးဖို့ နားထောင်ပေးဖို့လိုအပ်ပါတယ်။တစ်ခါတစ်လေမှာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကိုပဲ ရှေ့တန်းတင်လို့မရပါဘူး။ကိုယ်ရဲ့ပါတနာ အမြင်တွေ ခံစားချက်တွေကိုလည်း ထည့်တွက်ရပါမယ်။ ဒါမှလည်း ချစ်သူနှစ်ဦးရဲ့ဆက်ဆံရေးက ရေရှည်မှာပိုပြီး သာယာစေမှာပါ။
(၄) မာနတွေလျော့လိုက်ပါ
Source : BetterHelp
လူနှစ်ပေါင်းဖက်ပြီဆိုတာနဲ့ ပြဿနာဆိုတာရှိကြစမြဲပါ။ တစ်ခါတစ်လေမှာ ဘားမှမဟုတ်တဲ့ သေးသေးမွှားမွှားပြဿနာလေးတွေကနေ အကြီးအကျယ်လမ်းခွဲပြတ်စဲကြတဲ့အထိဖြစ်ကြပါတယ်။တကယ်တော့ဒါဟာ အတ္တတွေလွန်ဆွဲရင်း မာနချင်းပြိုင်နေကြလို့ပါ။ မာနတွေလျော့ချပြီး သာမာန် ပြဿနာလေးသေးသေးလေတွဆိုရင်ခွင့်လွှတ်ပြီးမေ့လိုက်ပါ။ တစ်ယောက်ကိုတစ်ယောက်အရွဲ့တိုက်တာမျိုးတွေလည်းရှောင်ကျဉ်သင့်ပါတယ်။