ဒီဘက်ခေတ်ဟာ စိတ်ရော လူပါ ကျန်းမာရေးယိုယွင်းအောင် တိုက်ခိုက်ဖျက်ဆီးမှုတွေ အများကြီးနဲ့ ကြုံတွေ့ရတဲ့ခေတ်ဖြစ်ပါတယ်။ ကျန်းမာရေးထိခိုက်စေနိုင်တဲ့ အန္တရာယ်တွေအကြားမှာ ကျန်းမာအောင်နေဖို့ကပဲ ဆရာဝန်တိုင်းညွှန်ကြားကြတဲ့ အကြံပေးချက် ဖြစ်ပါတယ်။ ကျန်းမာအောင် နေဖို့ဆို အခြေခံလူနေမှုပုံစံလေးတွေ ပြောင်းဖို့လည်း ဆရာဝန်တွေက ထောက်ခံကြပါတယ်။ ဘယ်လို Lifestyle မျိုးနဲ့ နေထိုင်ရမလဲဆိုတာကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

(၁) ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ

Man Exercise

Photo: Unsplash

ကျန်းမာချင်ရင် တစ်ကြိမ်ကို နာရီဝက် ၄၅ မိနစ်နှုန်းနဲ့ တစ်ပတ်ကို ၃-၄ ကြိမ် Workout ကစားပေးဖို့ လိုပါတယ်။ Workout တွေထဲမှာ ကိုယ်အလေးချိန်ပြန်ထိန်းညှိတဲ့ Weight Training နဲ့ နှလုံးကျန်းမာစေမယ့် Aerobic လေ့ကျင့်ခန်းတွေလည်း ပါဝင်သင့်ပါတယ်။

(၂) ဟန်ချက်မျှမျှ စားသောက်ပါ

Chinese Chicken Noodle Soup

Photo: Unsplash

ဟန်ချက်မျှတဲ့ အစားအသောက် Balanced Diet ဆိုတာ အဆီနည်းနည်း ၊ အသီးအရွက် ၊ ပရိုတိန်း ၊ အမျှင် ၊ အဆီမပါတဲ့ အသားနဲ့ ကာဗွန်ဟိုက်ဒရိတ်တို့ ပါဝင်တဲ့ အစားအသောက်တွေကို ပြောတာပါ။ ကျန်းမာရေးမညီညွတ်တဲ့ သကြားများတဲ့ အစားအသောက်တွေ ၊ တာရှည်ခံအောင် စီမံထားတဲ့ အစားအစာတွေ စားတာတော့ ကန့်သတ်ပေးဖို့ လိုပါတယ်။

(၃) ရေသောက်ပါ

Man with Water Bottle

Photo: Unsplash

လူ့ကိုယ်ခန္ဓာဟာ ရေဓါတ်အမြောက်အများ လိုအပ်နေပါတယ်။ ရေဓါတ်ပြည့်နေဖို့ နေ့စဉ် အနည်းဆုံးရေ ၃ လီတာသောက်ပေးဖို့ အရည်ရွှမ်းတဲ့ အသီးအနှံတွေ စားပေးဖို့လည်း ဆရာဝန်တွေက တိုက်တွန်းကြပါတယ်။

(၄) ဆေးလိပ်ဖြတ်ပါ

cigarette

Photo: Unsplash

အဆုတ်ကင်ဆာသမားတွေရဲ့ ၉၀% ဟာ ဆေးလိပ်သောက်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာအပြင် တခြားကင်ဆာနဲ့ နာတာရှည်ရောဂါတွေ အဖြစ်များစေလို့ ဆေးလိပ်ဖြတ်ဖို့ ဆရာတွေက အကြံပေးကြပါတယ်။

(၅) အရက်သောက်တာ လျှော့ပါ

Alcohol

Photo: Unsplash

အယ်လ်ကိုဟော သောက်သုံးမှုမြင့်ခြင်းဟာ အသည်းတစ်သျှူးတွေ ပျက်စီးရောင်ရမ်းတာ ဖြစ်နိုင်သလို အသိစိတ်လွတ်ပြီး စိတ်မမှန်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။ အရက်သောက်ခြင်းဟာ ကျန်းမာရေးအပြင် လူမှုရေးနဲ့ စီးပွားရေးပါ ထိခိုက်စေနိုင်လို့ ရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။

(၆) နှစ်နှစ်ခြိုက်ခြိုက် အိပ်ပါ

Sleeping Man

Photo: Unsplash

ကျန်းမာဖို့အတွက် အိပ်ရေးဝဝ အောက်ဖို့ လိုပါတယ်။ တစ်ရက်ကို အနည်းဆုံး ၇ နာရီလောက် အိပ်ချိန်ရှိရင် အဆင်ပြေပါတယ်။ အိပ်ရာဝင်ချိန်ကိုလည်း သိပ်နောက်မကျစေဘဲ မနက်စောစော ထနိုင်အောင် ညဘက် ၁၀ နာရီလောက်ဆို အိပ်ရာဝင်တာမျိုး လုပ်ဖို့လည်း အကြံပေးချင်ပါတယ်။

Featured Photo: muscleandfitness