သက်သာလွယ်ကူမှုတွေကို လူတိုင်းနှစ်သက်သဘောကျကြပါတယ်။ ယနေ့မှာ အသင့်စားအစားအသောက်တွေ လွယ်ကူလျင်မြန်တဲ့ အစားအသောက်ပို့ဆောင်ရေးတွေကြောင့် အများစုက ကိုယ်တိုင်ချက်ပြုတ်ဖို့ထက် အလွယ်လေးပဲမှာစားတက်ကြပါတယ်။ တကယ်တော့ အိမ်မှာကိုယ်တိုင်ချက်ပြုတ်တာ ကျန်းမာရေးအတွက် ပိုပြီးအာမခံချက်ရှိစေသလို သန့်ရှင်းလတ်ဆတ်ပြီး ကုန်ကျစရိတ်လည်း နည်းပါတယ်။ ဒီနေ့ အိမ်မှာကိုယ်တိုင်ချက်ပြုတ်ရာမှာ ကျန်းမာရေးနဲ့အညီညွတ်ဆုံးဖြစ်အောင် ဘယ်လိုချက်ပြုတ်ရမလဲဆိုတာပြောပြပေးချင်ပါတယ်။

(၁) ဟင်းသီးဟင်းရွက်တွေကိုပေါင်းပါ

Source : Mealthy.com

ဟင်းသီးဟင်းရွက်တွေကိုစားသုံးရာမှာ ပြုတ်တာထက်ရေနွေးငွေ့ဖြင့်ပေါင်းခံပြီး စားသင့်ပါတယ်။ ရေနွေးမှာထည့်ပြုတ်တာက ဟင်းသီးဟင်းရွက်တွေမှာပါရှိတဲ့ အာဟာရဓာတ်များကိုဆုံးရှုံးစေနိုင်ပါတယ်။ ပေါင်းခံခြင်းကတော့ ဟင်းသီးဟင်းရွက်တွေမှာရှိတဲ့ ဗီတာမင်များ၊ ဓာတ်သတ္တုများနှင့်အခြားကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အာဟာရများကို ထိန်းသိမ်းထားပေးတဲ့ အကောင်းဆုံးနည်းလမ်းပါ။

(၂) ထမင်းအစား ပန်းဂေါ်ဖီဆန်စားပါ

Pinterest

ပန်းဂေါ်ဖီဆန်ဆိုတာ ပန်းဂေါ်ဖီပွင့်ကို အသီးအရွက်ခြစ်နဲ့ခြစ်နဲ့ ခြစ်ထားတဲ့ အမှုန်လေးတွေကိုပြောတာဖြစ်ပါတယ်။ ပန်းဂေါ်ဖီဆန်ဟာ ကျန်းမာရေးနဲ့အရမ်းကိုညီညွတ်ပြီး အာဟာရရှိသလို ထမင်းအရသာအားဖြင့်လည်း ကောင်းမွန်တာကြောင့်ထမင်းအစားထိုးစားပေးနိုင်ပါတယ်။ အကယ်၍ ပန်းဂေါ်ဖီဆန် စားလေ့စားထမရှိဘူးဆိုရင် ရိုးရိုဆန်တစ်လုံးပန်းဂေါ်ဖီဆန်တစ်လုံးရောချက်ပြီး စားကြည့်ပါ။

(၃) ဆီလျော့သုံးပါ

Source : Standard Cold Pressed Oil

မြန်မာလူမျိုးအများစုက ဆီလှိုင်လှိုင်သုံးရတာကို သဘောကျကြပါတယ်။ ဟင်းချက်ရာမှာသာမက အကြော်အလှော်နဲ့ အသုပ်တွေမှာပါဆီကိုများများသုံးကြပါတယ်။ တကယ်တော့ ဆီစားများတာက ကျန်းမာရေးကိုထိခိုက်စေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင်ချက်ပြုတ်ရာမှာ ဆီကိုနည်းနည်းပဲသုံးပြီး ဖြစ်နိုင်ရင် သံလွင်ဆီကိုအသုံးပြုသင့်ပါတယ်။