အောင်မြင်ပျော်ရွှင်တဲ့ သမီးရည်းစားဆက်ဆံရေးတစ်ခုက သင့်ကို စိတ်ပျော်ရွှင်စေပြီး စိတ်ဖိစီးမှုကိုလည်း လျော့ချပေးနိုင်တယ်လို့ လေ့လာတွေ့ရှိချက်များအရ သိရှိရပါတယ်။ စိတ်ညစ်စရာကောင်းတဲ့ သမီးရည်းစားဆက်ဆံရေးကိုလည်း ဘယ်ယောကျာ်းလေးကမှ မလိုချင်ကြပါဘူး။

ဒါပေမဲ့ သင့်အနေနဲ့ ချစ်သူရည်းစားထားရတာ မပျော်တော့ဘူး စိတ်ညစ်စရာတွေနဲ့ပဲ ပြည့်နှက်နေတယ်ဆိုရင်တော့ သင့်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ပြန်လည်သုံးသပ်သင့်ပါပြီ။ တကယ်လို့သင့်အနေနဲ့ သင့်ချစ်သူနဲ့ ပြန်လည်အဆင်ပြေချင်တယ်ဆိုရင် အခုဖော်ပြပေးမယ့်အချက်က သင့်အတွက် အထောက်အကူဖြစ်စေပါလိမ့်မယ်။

လက်တွေ့ဆန်တဲ့ မျှော်လင့်ချက်မျိုးပဲ ထားပါ

relationship tips for men

Photo: Projecthotmess.com

ဘယ်သူကမှ သင် ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာမှာမဟုတ်ပါဘူး။ သာယာပျော်ရွှင်တဲ့ သမီးရည်းစားဆက်ဆံရေးကို ဖန်တီးချင်တယ်ဆိုရင် သင့်ချစ်သူကို သင့်စိတ်ကူးအတိုင်း ပြောင်းလဲမယ့်အစား အရှိအတိုင်း လက်ခံပေးလိုက်ပါ။

စကားပြောကြည့်ပါ

relationship tips for men

အချိန်အနည်းငယ် ပေးပြီး သေချာစကားပြော ဆွေးနွေးပါ။ သူ(မ) ပြောနေစဉ်အတွင်းမှာလည်း ဖြတ်ပြောတာမျိုးမလုပ်ဘဲ သေချာဂရုတစိုက်နားထောင်ပါ။ သူ(မ)ရဲ့ရှုထောင့်ကနေ ဝင်စဉ်းစားတတ်ပါစေ။ ဒီလို ဆွေးနွေးပေးခြင်းအားဖြင့် သူ(မ)ရဲ့အမြင်ကိုလည်း သင် နားလည်လာပြီး သင့် အမြင်ကိုလည်း သူ(မ) ကိုယ်တိုင် နားလည်လက်ခံလာပါလိမ့်မယ်။

သင့်ကိုယ်သင်လည်း ဂရုစိုက်ပါ

relationship tips for men

Photo: Qq-life.co.uk

ကိုယ့်ချစ်သူကို ဂရုစိုက်လွန်ပြီး ကိုယ့်ဘဝ ပျောက်သွားတာမျိုးလည်း မဖြစ်ပါစေနဲ့။ သင့်ဆီက ဂရုစိုက်လွန်းခြင်းကလည်း သင့်ကောင်မလေးအတွက် ချုပ်ချယ်မှုတစ်ခုလို ဖြစ်စေတာကြောင့် အလယ်အလတ်လမ်းစဉ်ကိုသာ ကျင့်သုံးသင့်ပါတယ်။ သူ့ကို ဂရုစိုက်လွန်မယ့်အစား မိမိကိုယ်ကို ဂရုစိုက်ပေးလိုက်ပါ။

မျှမျှတတ ရန်ဖြစ်ပါ

relationship tips for men

Photo: Phillyvoice.com

ရန်မဖြစ်ဖူးတဲ့စုံတွဲ မရှိပါဘူး။ ဒါပေမဲ့ ရန်ဖြစ်တဲ့အခါမှာလည်း တစ်ဖက်လူ စိတ်ထိခိုက်စေမယ့်စကား၊ စိတ်နာသွားစေမယ့် စကားမျိုး မပြောမိဖို့လည်း လိုအပ်ပါတယ်။ ချစ်သူသမီးရည်းစားများအကြား အထာကျကျ ရန်ဖြစ်တတ်ဖို့လည်း လိုပါတယ်။

ရန်ဖြစ်ဖို့ တာဆူလာပြီ။ ဒေါသထွက်လာတဲ့အခါ စကားမပြောသေးဘဲ ဒေါသကို အရင်လျော့ချလိုက်ပါ။ ဒေါသ ပျောက်သွားပြီဆိုတော့မှ ဆွေးနွေးတိုင်ပင်တဲ့ပုံစံမျိုးပဲ စကားပြောသင့်ပါတယ်။ ဒါ့အပြင် ရန်ဖြစ်ရခြင်းရဲ့အဓိကအကြောင်းအရင်းတစ်ခုကိုပဲ အာရုံစိုက်ပါ။ ပြီးပြီးသားကိစ္စတွေကို ထပ်ဖန်တလဲလဲ အပ်ကြောင်းထပ်အောင် ပြောခြင်းမှလည်း ရှောင်ကြဉ်သင့်ပါတယ်။

အကောင်းမြင်စိတ်ထားပါ

relationship tips for men

Photo: Loveyourselffirstblog.home.blog

ကိုယ့်ချစ်သူအပေါ်မှာ အကောင်းမြင်စိတ် (လုံးဝ) မရှိရင်တော့ သေချာပါတယ်။ သင့် ချစ်သူကို သင် တကယ်မချစ်ပါဘူး။ လူမှုဆက်ဆံရေး သုတေသနပညာရှင် John Gottman ရဲ့ပြောကြားချက်အရ သာယာပျော်ရွှင်တဲ့စုံတွဲများက သူတို့ရဲ့ချစ်သူအပေါ် အကောင်းမြင်စိတ်နှင့် မကောင်းမြင်စိတ်များ ၅ အချိုး ၁ စီ ရှိကြတယ်လို့ ပြောကြားထားပါတယ်။

ဒီအချက်လေးတွေကတော့ သင်တို့ရဲ့ချစ်ခြင်းခရီးလမ်းကို ပြန်လည်အဆင်ပြေပြီး သာယာဖြောင့်ဖြူးစေဖို့ ကူညီပေးပါလိမ့်မယ်။

Source: Amherst.edu