ပါတီပွဲတိုင်း လူများရမည်လို တချို့သောသူတွေက ပုံသေယူဆထားကြပါတယ်။ ဒီနေ့မှာတော့ လူနည်းနည်းနဲ့ ပါတီအသေးလေးတစ်ခု ဖန်တီးနိုင်မဲ့ နည်းလမ်းလေးတွေ ပြောပြပေးသွားမှာပါ။ပါတီတစ်ခုလုပ်တော့မယ်ဆိုနေရာက အရေးကြီးပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေနဲ့အတူ ဘယ်ကိုသွားချင်လဲ စဉ်းစားပါ။ ပန်းခြံလား ဒါမှမဟုတ် တိုက်ခန်းမှာပဲ ပါတီလုပ်မှာလာ စဉ်းစားပါး။ ပြီးရင် သူငယ်ချင်းတွေနဲ့ တိုင်ပင်ပါ။ သူတို့ သွားချင်တဲ့ နေရာတွေ မေးပါ။

တိုက်ခန်းမှာ ပါတီလုပ်မယ်ဆိုရင် မိဘ၊ သူငယ်ချင်း စသဖြင့် အတူတူနေနေတဲ့သူတွေဆီကနေ့ ပါတီပွဲ မစီစဉ်ခင် ခွင့်ပြုချက်တောင်းပါ။ သူ့တို့ရဲ့ privacy ကိုလေးစားရပါမယ်။ တကယ်လို့ သူတို့က တိုက်ခန်းမှာ ပါတီလုပ်ဖို့ သဘောမကျဘူးဆိုရင် တခြားနေရာရွှေ့လိုက်ပါ။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါ။

Friends enjoying a rooftop party

Source : Freepik

သူငယ်ချင်းတွေကို ပါတီပွဲစဖိတ်ကတည်းက ဘယ်လိုပါတီ လူဘယ်လောက်ပဲ လာမယ်ဆိုတာ ကြိုပြောထားပါ။ ပါတီမှာဘာတွေလုပ်မယ်၊ ဘာတွေယူလာရမလဲ ဆိုတာ အကျဉ်းချုပ်ပြောပြထားပေးပါ။လိုအပ်မယ်ထင်ရင် ဘယ်လိုအဝတ်အစားတွေ (ဥပမာ ရေကူး ဝတ်စုံ) ဝတ်လာရမလဲ ကြိုတင်ပြောထားပါ။

ပါတီကျင်းပမယ့် နေရာနဲ့ ဘယ်လိုလာရမလဲဆိုတာတွေကို လည်းတခါတည်း သတင်းပေးထားပါ။ အချိန် နာရီတွေကိုလည်းဖိတ်တဲ့အထဲမှာ ထည့်ဖို့မမေ့ပါနဲ့။ နောက်တချက်ကတော့ ဒီပါတီပွဲကို ဘာကြောင့်လုပ်ရတယ် ဘယ်သူ့အတွက် လုပ်ပေးတယ်ဆိုတာကိုပါ ပြောပြထားပေးပါ။

လူတိုင်းစားသောက်နိုင်ဖို့အတွက် အစားအသောက်တွေ လုံလုံလောက်လောက် ရှိပါစေ။ ရိုးရှင်းတဲ့ အစားအသောက်တွေ ဥပမာ ကိက်၊ ဘီစကစ်၊ လက်ဖက်ရည် သို့ ဘီယာ စသည် ဖြင့် ပါတီနဲ့ လိုက်ဖက်မဲ့ အရာတွေကို စီစဉ်ထားပါ။ တစ်ခုသတိထားရမှာက အသားမစားတဲ့သူတွေပါတတ်ပါတယ်။ အဲ့ဒီလိုလူမျိုးတွေအတွက်လည်း အရွတ်တွေချည်းသီးသန့် စီစဉ်ထားပါ။

Happy dance with friends

Source : Freepik

ပါတီငယ်လေးတွေအတွတ် ဈေးသက်သာတဲ့ ဖျောဖြေရေးတွေပဲ သုံးပါ။ ကိုယ်ပိုင် ဂိမ်းတွေ၊ အစီအစဉ်တွေ ကစားစရာတွေ စီစဉ်ထားပါ။ ကိုယ့်သူငယ်ချင်းတွေထဲမှာ DJ သမားတွေပါရင် အကူအညီတောင်းပါ။ အပြင်က DJ သမားတွေတော့ မငှားပါနဲ့။ ဈေးကြီးလို့ပါ။ ဖြစ်နိုင်ရင်တော့ သီချင်းပဲဖွင့်တာကောင်းပါတယ်။

အရမ်းကြီးဆူညံနေရင် ဘေးပက်ဝန်းကျင် အနှောက်အယှက် ဖြစ်စေတဲ့အတွက်ကြောင့် ဖျော်ဖြေရေးဖက်ကို အရမ်းဦးစားမပေးဖို့ အကြံပေးပါရစေ။