ကိုယ်ခံစွမ်းအားမြှင့်တင်ဖို့ရန်အတွက် ဘယ်လိုပြုလုပ်ပေးရမလဲဆိုတာကို သင် သိပါသလား။

ကျန်းမာရေးနဲ့ ညီညွှတ်သော အစားအစာများ စားသုံးခြင်း၊ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်း၊ အိပ်ရေးဝဝ အိပ်စက်အနားယူခြင်း စတဲ့နည်းလမ်း (၃) မျိုးဖြင့် သင့်ရဲ့ကိုယ်ခံစွမ်းအားကို မြှင့်တက်လာအောင် လုပ်ဆောင်နိုင်ပါတယ်။

ထိုအချက် (၃) ချက်ထဲက တစ်ခုခု ချို့ယွင်းသွားသည်နှင့်အမျှ သင့်ရဲ့ခုခံစွမ်းအားများ ကျဆင်းလာမှာဖြစ်ပြီး ခန္ဓာကိုယ်ထဲသို့ ရောဂါဘယများ ဝင်ရောက်လာမှာဖြစ်ပါတယ်။ ခုခံစွမ်းအားလျော့နည်းနေမယ်ဆိုရင်တော့ ဖျားနာခြင်း၊ နာမကျန်းဖြစ်ခြင်းတို့ ခံစားရတော့တာပါပဲ။ ဒါ့ကြောင့် ကိုယ်ခံစွမ်းအားမြှင့်မားနေဖို့က အရမ်းအရေးကြီးပါတယ်။

ကိုယ်ခံစွမ်းအားနည်းတဲ့ ယောကျာ်းများအတွက် ကိုယ်ခံစွမ်းအားကို အမြန်ဆုံးမြှင့်တင်ပေးနိုင်မယ့် နည်းလမ်းကောင်း (၃) မျိုးရှိပါတယ်။

သံပုရိုရည်ရဲ့အကူအညီရယူခြင်း

lemon for men with low immune system

သံပုရိုသီးက ဗီတာမင် စီဓာတ် မြင့်မားစွာပါဝင်တဲ့အတွက်ကြောင့် ကိုယ်ခံစွမ်းအားကို ကောင်းစွာမြှင့်တင်ပေးနိုင်ပါတယ်။ သံပုရိုသီး တစ်လုံးကို အရည်ညှစ်ပြီး ရေနွေးလေးနဲ့ ရောပြီး သောက်ပေးမယ်ဆိုရင် ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ အချဉ်ဓာတ်စားသုံးမှုနည်းတဲ့သူတွေအနေနဲ့ များများသောက်သုံးပေးဖို့လိုအပ်ပါတယ်။

ကြက်သွန်ဖြူနဲ့ ပျားရည် အသုံးပြုခြင်း

garlic for men with low immune system

ပျားရည်က ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ Antioxidants နဲ့ အန်ဇိုင်းများ ကြွယ်ဝစွာပါဝင်ပြီး ကြက်သွန်ဖြူကတော့ ဗိုင်းရပ်စ်ပိုးများကို တိုက်ဖျက်ပေးတဲ့ သွေးဖြူဥဆဲလ်တွေကို ပွားများအောင် ပြုလုပ်ပေးပါတယ်။

ကြက်သွန်ဖြူ ၈ မြွှာကို ပျားရည် စားပွဲတင်ဇွန်း ၈ ဇွန်းခန့်နဲ့ ရောပြီး ၃ ရက် ၅ ရက်လောက် ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်ပါ။ နောက်နေ့ကျမှ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီကို ကြက်သွန်ဖြူအနည်းငယ်ဖဲ့ပြီး တစ်ရက်တစ်ကြိမ်ခန့် စားသုံးပေးပါ။

နနွင်းမှုန့်နဲ့ ဂျင်းဖျော်ရည် အသုံးပြုခြင်း

ginger and turmeric for men with low immune system

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ကို ထောင်းထားတဲ့ ဂျင်းအနည်းငယ်နဲ့ ရောပြီးနောက် ရေနွေးနဲ့ဖျော်စပ်လိုက်ပါ။ အအေးခံပြီးနောက်မှာ တစ်ကျိုက်တည်းအကုန်သောက်လို့လည်း ရသလို၊ နည်းနည်းချင်းစီသောက်လည်း ရပါတယ်။ ပျားရည်နဲ့ သံပုရိုသီးတို့ထပ်ထည့်ပြီး အရသာကောင်းမွန်အောင် ပြုလုပ်နိုင်ပါသေးတယ်။

Source: Eatthis.com

Featured Image Source: Ampfloracel.com