ဘာပဲလုပ်လုပ်အာရုံကောင်းစွာစုစည်းလို့မရတာကြောင့် အလုပ်မတွင် ၊ အချိန်ကြန့်ကြာတာမျိုး ဖြစ်နေပြီလား။ ဒါဆိုရင်တော့ အခုပြောပြမယ့် ဆောင်ရန်ရှောင်ရန် အချက်လေးတွေကို သေချာလိုက်နာကြည့်ဖို့ အကြံပြုချင်ပါတယ်။ ဒီအချက်လေးတွေက သင့်ရဲ့ အာရုံစူးစိုက်မှုကို ပိုမိုကောင်းမွန်လာစေဖို့ ကူညီပေးနိုင်မှာပါ။

(၁) ဆိုရှယ်မီဒီယာလျော့သုံးပါ

Bearded man use mobile phone on grey wall

Source : Depositphotos

ယနေ့ခေတ်လူနေမှုဘဝရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာတဲ့ ဆိုရှယ်မီဒီယာတွေဟာ အာရုံစူးစိုက်နိုင်စွမ်းကိုလျော့ကျလာစေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပါ။ အလုပ်လုပ်ရင်း ဆိုရှယ်မီဒီယာ သုံးမိတာ ၊ ဆိုရှယ်မီဒီယာတွေက ထွက်ပေါ်လာတဲ့ Notification အသံတွေဟာ သင့်ရဲ့အလုပ်အပေါ် အာရုံစိုက်နိုင်စွမ်းလျော့ကျသွားစေမှာဖြစ်ပါတယ်။

(၂) တစ်ခုတည်းကိုသာအာရုံစိုက်ပါ

Smiling man working on computer at desk in office

Source : The USB Port

အများစုဟာ တစ်ချိန်တည်းမှာတင်အလုပ်နှစ်ခုကို တစ်ပြိုင်နက်လုပ်တာမျိုးတွေ လုပ်တက်ကြပါတယ်။ ဒါဟာ အလုပ်မြန်မြန်ပြီးမြောက်စေနိုင်တယ်လို့ ထင်ရပေမယ့် သင့်ရဲ့အာရုံစိုက်မှုကိုလျော့ သွားစေတာကြောင့် ဟိုဘက်လည်းမပြီး ဒီဘက်လည်းမပြီးပြတ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် အလုပ်တစ်ခုတည်းကိုသာ အာရုံစိုက်ပြီး တစ်ခုပြီးမှ နောက်ထပ်အလုပ်တစ်ခုကိုလုပ်ဖို့ အကြံပြုချင်ပါတယ်။

(၃) အနားယူပါ

A young man sitting on a sofa thinking

Source : The Good Men Project

အလုပ်တွေပဲဖိလုပ်နေလို့လည်း မရပါဘူး။ သင့်ခန္ဓာကိုယ်အတွက် ကောင်းစွာအနားယူပေးရမယ့်အချိန်ဆိုတာလည်း ရှိဖို့လိုအပ်ပါတယ်။ ဒါမှလည်း စိတ်ရောလူပါကောင်းစွာအနားရစေပြီး ကိုယ်လုပ်ရမယ့် အလုပ်တွေအပေါ် အာရုံပိုစိုက်နိုင်မှာဖြစ်ပါတယ်။ အကြံပြုရမယ်ဆိုရင်တော့ တစ်နာရီအလုပ်လုပ်ပြီးချိန်တိုင်းမှာ ၁၀ မိနစ်လောက် အနားယူတာ ၊‌ လေကောင်းလေသန့်ရှုတာ ၊ လမ်းလျောက်တာမျိုးတွေလုပ်ပေးပါ။

(၄) စိတ်ငြိမ်အောင်လေ့ကျင့်ပါ

Boy blowing his nose at home

Source : Westend61

အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်လာစေဖို့အတွက် စိတ်ကိုတည်ငြိမ်အောင်လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။ စိတ်တည်ငြိမ်အေးချမ်းလေ အလုပ်တွေအပေါ်မှာ အာရုံစိုက်မှုကောင်းကောင်းနဲ့ စွမ်းဆောင်ရည်မြင့်စွာအလုပ်လုပ်နိုင်လေဖြစ်ပါတယ်။ ဒါကြောင့် စိတ်တည်ငြိမ်စေမယ့် တရားထိုင်ခြင်း ၊ ယောဂကစားခြင်းတွေကို နေ့စဉ်ပုံမှန်ပြုလုပ်ပေးပါ။