လူတိုင်းလူတိုင်း သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကိုပိုင်ဆိုင်ချင်ကြမှာပါ။ တကယ်တော့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုပိုင်ဆိုင်နိုင်ဖို့ ဆန္ဒပြုနေရုံနဲ့ မရနိုင်ပါဘူး။ ခင်ပွန်းရောဇနီးပါ နှစ်ဦးသားအတွဲညီညီနဲ့ လိုအပ်ချက်တွေဖြည့်ရင်း နားလည်းမှုတည်ဆောက်ယူရမှာဖြစ်ပါတယ်။ ဒီဆောင်းလေးမှာတော့ အိမ်ထောင်သည်ဇနီးမောင်နှံတို့သိထားသင့်တဲ့အခြေခံအချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) လေးစားစွာဆက်ဆံရမယ်

Source : The Independent

ချစ်သူစုံတွဲတွေမှာပဲဖြစ်ဖြစ် အိမ်ထောင်သည်လင်မယားတွေမှာပဲဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက်လေးစားမှုကအရမ်းကိုအရေးကြီးပါတယ်။ တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်လေးစားမှုရှိခြင်းက ပျော်ရွှင်တဲ့ချစ်ခရီးလမ်းကိုလျောက်လှမ်းရာမှာ အထောက်အပံ့ကောင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ရဲ့ ဇနီး ကိုယ့်ရဲ့ ခင်ပွန်းအပေါ် လေးစားမှုရှိစွာဆက်ဆံဖို့အကြံပြုချင်ပါတယ်။

(၂) မျှဝေခံစားပေးရမယ်

Source : Healthline

တစ်ဦးတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက် ခံစားချက်တွေကိုပဲ အလေးထားနေရခြင်းက သာယာတဲ့အိမ်ထောင်ရေးဖြစ်နိုင်မှာမဟုတ်ပါဘူး။ လင်နဲ့မယားရယ်လို့ဖြစ်လာရင် တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက်က အပြည့်အဝနားလည်ပေးနိုင်ရမယ် ခံစားပေးနိုင်ရပါမယ်။ ဒါမှလည်း တစ်ယောက်ရင်ထဲတစ်ယောက်က ဝင်ကြည့်နိုင်မှာဖြစ်ပြီး နားလည်းမှုရှိတဲ့ အိမ်ထောင်သည်ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

(၃) ဂရုစိုက်မှုရှိရမယ်

Source : The Independent

ဂရုစိုက်မှုတွေက လူတစ်ယောက်ရဲ့တစ်ယောက်ကြားကဆက်ဆံရေးကိုပိုမိုခိုင်မာလာစေတဲ့အချက်လေးတွေဖြစ်ပါတယ်။ ချစ်သူဘဝကလို ဂရုစိုက်မှုကြင်နာမှုတွေကလည်း အိမ်ထောင်သည်ဘဝကိုရောက်သွားတာနဲ့ ပြောင်းလဲလိုက်သင့်တဲ့အရာတွေမဟုတ်ပါဘူး။ဒါကြောင့် ကိုယ့်ရဲ့ လက်တွဲဖော်အပေါ်အမြဲဂရုစိုက်ကြင်နာမှုတွေပေးနိုင်အောင်ကြိုးစားပါ။ ပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်နိုင်မှာပါ။

(၄) တစ်ယောက်စိတ်ကိုတစ်ယောက်နားလည်ထားရမယ်

Source : Verywell Mind

တစ်ယောက်ရဲ့စိတ်ကိုတစ်ယောက်ကကောင်းကောင်းသိနားလည်ထားရင် မလိုအပ်တဲ့ နားလည်မှုလွဲတာမျိုးတွေ ညှိနှိုင်းရခက်တာမျိုးတွေရှိမှာမဟုတ်တော့ပါဘူး။ ကိုယ့်လက်တွဲဖော်က ဘယ်လိုအရာတွေမကြိုက်ဘူးလဲ ရှောင်သင့်လဲ ဘာတွေကြိုက်တက်လဲ စသည်ဖြင့်သေးသေးမွှားမွှားကိစ္စလေးတွေမှာအစ တစ်ယောက်စိတ်ကိုတစ်ယောက်နားလည်အောင်ကြိုးစားထားရင် မလိုလားအပ်တဲ့ အဆင်မပြေမှုတွေဆိုတာနည်းသွားမှာဖြစ်ပြီး ပိုပြီးပျော်ရွှင်တဲ့အချိန်တွေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။