ယောင်္ကျားတစ်ယောက်ရဲ့ မျက်နှာပေါ်က အမွေးအမှင်တွေဟာ သူ့ရဲ့ ကိုယ်ပိုင်ဖော်ပြချက်တစ်ခုပါပဲ။ တချို့လူတွေအတွက် မုတ်ဆိတ် ၊ နှုတ်ခမ်းမွေး ဆိုတဲ့ Facial Hair တွေ ရှိမှ ပိုကြည့်ကောင်းပေမယ့် ကောင်းကောင်း ဂရုစိုက်မှုမလုပ်ရင် လူကို ပိုရုပ်ဆိုးစေနိုင်ပါတယ်။ ဒီတော့ Facial Hair ကျန်းမာရေးကောင်းမွန်ဖို့ အလွယ်တကူလိုက်နာသင့်တဲ့ အချက်လေးတွေ မျှဝေပေးချင်ပါတယ်။

(၁) ပုံမှန် ဆေးကြောသန့်ရှင်းမှုလုပ်ပါ

man with beard

Photo: Unsplash

သင့်မုတ်ဆိတ်တွေဟာ သင့်ဆံပင်တွေလိုပဲ ဂရုတစိုက် စောင့်ရှောက်မှုပေးဖို့ လိုပါတယ်။ Facial Hair တွေဟာ ဆံပင်တွေလိုပဲ ပြင်ပက ဖုန်တွေ အမှိုက်သရိုက်နဲ့ ချွေးစေးတွေကြောင့် ညစ်ပတ်ပေတူးနေတတ်ပါတယ်။ အစားအသောက်စားရာမှာလည်း မုတ်ဆိတ်တစ်ဝိုက်မှာ ပေစွန်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Facial Hair ကို တစ်ပတ်မှာ ၃ ကြိမ်လောက် Beard Shampoo တစ်ခုခုနဲ့ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ပုံမှန်လည်း Beard Oil (မုတ်ဆိတ်လိမ်းဆီ) ကောင်းကောင်း သုံးပေးဖို့ လိုပါတယ်။

(၂) စိတ်ရှည်လက်ရှည်မွေးယူပါ

man maintaining facial hair

Photo: Unsplash

မုတ်ဆိတ်ထားရင် စိတ်ရှည်ရပါတယ်။ ပုံမှန်ဆို ၂ ရက်တစ်ခါလောက် မုတ်ဆိတ်ရိတ်နေရပေမယ့် တကယ်တမ်း မုတ်ဆိတ်ထားမယ်ဆိုရင် အနည်းဆုံး ၄ ပတ်ကနေ ၆ ပတ်အတွင်း ဒီအတိုင်း မတို့မထိဘဲ ထားရပါတယ်။ မုတ်ဆိတ်ကို အရှည်ထားခြင်းအားဖြင့် လိုသလို ပုံသွင်းဖို့ အဆင်ပြေသလို သန့်ရှင်းရေးလုပ်ရတာလည်း ပိုလွယ်ကူမှာပါ။ မုတ်ဆိတ်သန်စွမ်းဖို့ အနေအထိုင် , အစားအသောက်နဲ့ လေ့ကျင့်ခန်းတွေလုပ်နိုင်ရင် ပိုကောင်းပါတယ်။

(၃) မုတ်ဆိတ်ကို ပုံသွင်းပါ

man trimming beard

Photo: Unsplash

Trimming လို့ခေါ်တဲ့ မုတ်ဆိတ်ပုံသွင်းတဲ့အနေနဲ့ ပါးပါးလေး ညှပ်ပေးတာမျိုး လုပ်ခြင်းကလည်း မုတ်ဆိတ်သန်စွမ်းပြီး သန့်ရှင်းဖို့အတွက် အရေးပါပါတယ်။ မုတ်ဆိတ်ကို ပါးပါး ထားမယ်ဆိုရင် သီတင်းပတ်အနည်းငယ်ကြာတိုင်း Trimming လုပ်သွားလို့ ရပါတယ်။ ဆိုင်မသွားချင်ရင် Trimmers ဖြစ်ဖြစ် ကတ်ကြေးဖြစ်ဖြစ် တစ်ခုခု သုံးပြီး ကိုယ့်ဘာသာ ပြန်ညှိပေး တိ,ပေးလို့ ရပါတယ်။ ဒီလိုလုပ်တာဟာ မုတ်ဆိတ်ပုံစံကျသလို ကိုယ့်မျက်နှာနဲ့လိုက်ဖက်တဲ့ မုတ်ဆိတ်ရဖို့အတွက်လည်း အထောက်အကူပြုမှာပါ။

(၄) မုတ်ဆိတ်ကျန်းမာရေးစေမယ့်ဆေးတွေ သုံးပါ

tools for facial hair

Photo: Unsplash

Facial Hair တွေဟာ အဆီနဲ့ ပရိုတိန်းတွေနဲ့ ဖွဲ့စည်းထားတာပါ။ မုတ်ဆိတ်တွေ သန်စွမ်းဖွံ့ဖြိုးဖို့အတွက် အဓိကလိုတဲ့ ဗိုက်တာမင်တွေကတော့ Vitamin B3 ၊ B5 နဲ့ B9 တို့ဖြစ်ပါတယ်။ ဒါကြောင့် မုတ်ဆိတ်သန်စွမ်းကျန်းမာချင်ရင် အသား ၊ ကြက်ဥအနှစ် ၊ အစေ့အဆံနဲ့ အစိမ်းရင့်ရောင်ဟင်းရွက်တွေပါပဲ။ နောက်ပြီး ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့လည်း လိုပါတယ်။

Featured Photo: apetogentleman