အဆင့်မြင့်စားသောက်ဆိုင်ကြီးတွေမှာ ကုမ္ပဏီညစာ စားပွဲပဲဖြစ်ဖြစ်၊ မိသားစုညစာ စားပွဲပဲဖြစ်ဖြစ်၊ ကိုယ့်ကောင်မလေးနဲ့ ညစာ ဒိတ်အဖြစ် ပြုလုပ်တာမျိုးပဲဖြစ်ဖြစ် အခြေခံအကျဆုံးဖြစ်တဲ့ အပြုအမူပိုင်းဆိုင်ရာသည် လူကြီးလူကောင်းဆန်တဲ့ အပြုအမူဖြစ်နေရပါမယ်။

လူကြီးလူကောင်းဆန်တဲ့ ယောကျာ်းများက အဆင့်မြင့်စားသောက်ဆိုင်တွေမှာ ညစာ စားတဲ့အခါ ဘယ်လိုလူ့ယဉ်ကျေး အပြုအမူမျိုး ပြုလုပ်သလဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

သပ်ရပ်ကျော့ရှင်းပြီး စတိုင်လ်ကျနေအောင် ဝတ်ဆင်သွားပါ

dinner etiquette for men

ဒီအချက်ကတော့ ပထမအရေးအကြီးဆုံးပါပဲ။ ကိုယ့်ဘက်က သပ်သပ်ရပ်ရပ်ဝတ်ဆင်သွားခြင်းအားဖြင့် တစ်ဖက်လူကိုလည်း လေးစားရာရောက်ပြီး ကိုယ့်ရဲ့ဖက်ရှင်အဆင့်အတန်းကလည်း တစ်ဆင့်မြင့်သွားပါလိမ့်မယ်။

ဖုန်းသုံးခြင်းကို ရှောင်ကြဉ်ပါ

dinner etiquette for men

Photo Source: Thebalancesmb.com

ထမင်းစားနေစဉ်မှာ တစ်ဖက်လူကို လျစ်လျူရှုထားပြီး ဖုန်းသုံးခြင်း၊ Tablet နဲ့ အခြားသော လျှပ်စစ်ပစ္စည်းများ အသုံးပြုခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

သင့် ကိုယ်ပိုင်ပစ္စည်းများကို စားပွဲပေါ် မတင်ထားပါနဲ့

dinner etiquette for men

Photo Source: Kohlifinishingschool.com

မိမိရဲ့ ဖုန်း၊ ပိုက်ဆံအိတ်၊ ထီး၊ လက်ကိုင်အိတ် စသည်တို့ကိုလည်း စားပွဲပေါ်မှာ တင်မထားရပါဘူး။

အကြံဉာဏ်ရယူဖို့ ဝန်မလေးပါနဲ့

dinner etiquette for men

Photo Source: istock

ဒီနေ့အထူးဟင်းလျာက ဘာတွေလဲ။ ဝိုင်အမျိုးအစားထဲမှာရော ဘယ်ဝိုင်က အကောင်းဆုံးလဲ စတာတွေကို မသိတဲ့အခါမျိုးကျရင် စားပွဲထိုးဆီက အကြံဉာဏ် ရယူကာ သင့်ရဲ့ ညစာကို အရသာပိုရှိအောင် ဖန်တီးနိုင်ပါတယ်။

ကြားဖြတ်မပြောပါနဲ့

dinner etiquette for men

Photo Source: Entrepreneur

ဘယ်သူနဲ့ပဲ သင် ညစာ စားစား အရေးမကြီးပါဘူး။ ကိုယ်နဲ့ ခင်မင်ရင်းနှီးဆုံး သူငယ်ချင်း၊ မိတ်ဆွေ ဖြစ်နေရင်တောင်မှ တစ်ဖက်သား စကားပြောနေချိန်မှာ ကြားဖြတ်မပြောရဘူးဆိုတာ လူယဉ်ကျေးတိုင်း သိထားကြပါတယ်။ အခြားသူစကားပြောနေချိန်မှာ ကြားဖြတ်ပြောပြီးမှ တောင်းပန်ခြင်းသည် လူကျင့်ဝတ်နားမလည်တဲ့သူပဲ ဖြစ်ပါတယ်။

အခြေခံအချက်များကို သတိရပါ

dinner etiquette for men

Photo Source: Eazydiner.com

အစား စားနေချိန်မှာ ပါးစပ်က အသံမြည်နေအောင် စားခြင်း၊ ဇွန်း၊ ခက်ရင်းများ၊ ဓားများကို ပန်းကန်နဲ့ အသံကျယ်ကျယ်လောင်လောင် ထွက်လာအောင် ပြုလုပ်ခြင်း စသည်တို့ကို ရှောင်ကြဉ်ရပါမယ်။ ဒါ့အပြင် အစား စားနေချိန်မှာ လက်ကိုင်ပုဝါ မကြာခဏ အသုံးပြုပေးပါ။ အစားအ စာများကို တစ်ကြိမ်လျှင် တစ်ခုသာ လှီးဖြတ်ရပါမယ်။ ထိုင်တဲ့အခါမှာလည်း ခါးမတ်မတ်နှင့် ခန္ဓာကိုယ်အနေအထားကို စမတ်ကျကျ ထိုင်ရပါမယ်။

ငွေပေးချေပါ

dinner etiquette for men

Photo Source:  Stock.adobe.com

ကိုယ့်ကောင်မလေးနဲ့ ဒိတ်လုပ်တဲ့အခါမှာတော့ ကိုယ့်ဘက်က အရင်ဦးဆုံး ငွေပေးချေရပါမယ်။ အပြည့်အဝပေးချေလိုက်ပါ။ ကုမ္ပဏီ ညစာ စားပွဲ၊ သူငယ်ချင်းများနဲ့ တွေ့ဆုံပွဲ၊ မိသားစု ညစာ စားပွဲဆိုရင်တော့ သင့်ရဲ့ရာထူး၊ ခင်မင်ရင်းနှီးမှုပေါ် မူတည်ပြီး ပေါင်းရှင်းတာမျိုးပဲဖြစ်ဖြစ် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆင်ပြေအောင် ငွေပေးချေလိုက်ပါ။

Source: Ghegentlemansjournal.com

Featured Image Source: Washingtonian.com