အရင်တုန်းကတော့ လူတစ်ယောက်သည် ဉာဏ်ရည်ထက်မြက်ရုံ IQ မြင့်မားရုံနှင့် လုံလောက်ပြီဆိုပြီး သတ်မှတ်ခဲ့ကြတာပါ။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ EQ မြင့်မားခြင်းသည် IQ မြင့်မားဖို့အတွက် ပိုပြီးအရေးကြီးလာခဲ့ပါပြီ။

ထိုအချက်သည် မှန်ကန်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ EQ မြင့်မားသူများသည် အခြားသူများကို ကိုယ်ချင်းစာစိတ်ပိုကောင်းပြီး ပွင့်ပွင့်လင်းလင်းသမားတွေဖြစ်ကာ အလုပ်တွဲဖက်လုပ်ကိုင်ရတာလည်း ပိုအဆင်ပြေလို့ပါပဲ။ သူတို့သည် ပတ်ဝန်းကျင်အတွက်သာမက သူတို့တစ်ဦးတစ်ယောက်ချင်းစီအတွက်လည်း ကောင်းကျိုးဖြစ်ထွန်းစေပါတယ်။

ဒါ့အပြင် မြောက်များစွာသော လေ့လာတွေ့ရှိချက်များအရ EQ မြင့်မားသူများသည် မိမိကိုယ်ကိုယ် ယုံကြည်ချက်ပိုရှိကြတယ်လို့ သိရှိရပါတယ်။ ဒါဆိုရင် ကိုယ့်ကိုယ့်ကိုယ် ယုံကြည်ချက်မြင့်မားပြီး EQ မြင့်အောင် ဘယ်လိုလုပ်ရမလဲ။

အခြားသူများရဲ့အမြင်ကို သေချာနားထောင်ပါ

tips for men to boost their EQ

EQ မြင့်မားသူများသည် တစ်ကိုယ်ကောင်းမဆန်တတ်ကြပါဘူး။ အခြားသူများရဲ့အမြင်၊ အကြံဉာဏ်များကို တလေးတစားနားထောင်ကာ ကိုယ့်ရဲ့အကြံဉာဏ်နဲ့ အမြင်များကို ပေါင်းစပ်လိုက်ခြင်းအားဖြင့် ပိုမိုထူးခြားကောင်းမွန်တဲ့အကြံဉာဏ်များကို ဖန်တီးယူနိုင်ပါတယ်။

အကောင်းမြင်ဝါဒကို ကျင့်သုံးပါ

tips for men to boost their EQ

EQ မြင့်မားဖို့ရန်အတွက်ဆိုရင် အကောင်းမြင်စိတ်ရှိဖို့လိုအပ်ပါတယ်။ အကောင်းမြင်စိတ်များများ မွေးမြူကာ မိမိပတ်ဝန်းကျင်မှာ တွေ့မြင်နေရတဲ့အရာမှန်သမျှကို ကောင်းသောဝေဖန်သုံးသပ်ချက်များနဲ့ သုံးသပ်ခြင်းအားဖြင့် သင့်ရဲ့ EQ ကို မြင့်တင်နိုင်ပါတယ်။

ကိုယ်ချင်းစာစိတ်ထားပါ

tips for men to boost their EQ

ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုး EQ မြင့်မားသူများထံမှာ မရှိတတ်ကြပါဘူး။ အခြားသူများကို ကိုယ်ချင်းစာစိတ်ထားရှိကာ ငါသာ သူ့နေရာမှာဆိုရင် ဘယ်လိုခံစားရမလဲဆိုတဲ့ အတွေးမျိုး အမြဲတမ်း တွေးတတ်ကြပါတယ်။ ဒါ့ကြောင့်လည်း သူတို့သည် လူတိုင်းရဲ့ချစ်ခင်လေးစားမှုကို ရရှိကြတာပဲဖြစ်ပါတယ်။

မိမိကိုယ်ကိုယ် သုံးသပ်ပါ

tips for men to boost their EQ

အခြားသူများ ကိုယ့်ကို ဝေဖန်မှုပြုလုပ်ပါကလည်း ထိုဝေဖန်မှုကို သေသေချာချာသုံးသပ်ကာ ကိုယ့်ရဲ့လိုအပ်ချက်များ၊ အားနည်းချက်များက ဘာတွေလဲ ဘာ့ကြောင့်ဒီလိုမျိုး ဝေဖန်ခံရသလဲဆိုတာကို ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ ငါ လုပ်ချင်တာ ငါလုပ်မယ် လာမဝေဖန်နဲ့ဆိုရင်တော့ ကိုယ့်ရဲ့အားနည်းချက်က ဒုံရင်းက ဒုံရင်းပဲဖြစ်နေမှာပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ကာ ကိုယ့်ရဲ့တိုးတက်မှုကို အမြဲတစေ စောင့်ကြည့်နေဖို့လိုအပ်ပါတယ်။

စာဖတ်သူတို့လည်း ဒီနည်းလမ်းများ အသုံးပြုကာ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ယူမယ်ဆိုရင် EQ မြင့်မားသူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။

Source: Essentiallifeskills.net

Featured Image Source: Allprodad.com