မနက်စောစော ထရတာကို သင် နှစ်သက်ပါသလား။ အချို့လူတွေအတွက်တော့ မနက်စောစောထခြင်းသည် လွယ်ကူတဲ့အလုပ်တစ်ခုဖြစ်ပေမယ့် တချို့အတွက်တော့ ခက်ခဲလွန်းလှတဲ့အလုပ်တစ်ခုပါ။

ဒါပေမဲ့ ဘယ်လောက်ပဲ ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်နေပါစေ ဖြတ်လမ်းနည်းတွေကို သိထားမယ်ဆိုရင်တော့ သင့်အတွက် လွယ်ကူတဲ့အလုပ်ဖြစ်သွားပါလိမ့်မယ်။

မနက်စောစောအိပ်ရာထခြင်းသည်လည်း ထိုနည်းလည်းကောင်းပါပဲ။ အဓိကအရေးကြီးတဲ့အချက်ကို သိထားမယ်ဆိုရင် သင့်အတွက် အလွယ်လေးဖြစ်သွားပါလိမ့်မယ်။

ဒါဆိုရင် မနက်စောစော ထဖို့ရန်အတွက် ဘယ်လိုအချက်တွေကို သိထားသင့်သလဲဆိုတော့ …

မနက်စောစော ထသင့်တဲ့အကြောင်းအရင်းကောင်းကောင်းတစ်ခု ရှာဖွေပါ

tips for men to wake up early in the morning

အိပ်ရာမဝင်ခင်မှာ နောက်တစ်နေ့နိုးလာတဲ့အခါ ဘာလုပ်ရမလဲဆိုတာကို အရင်စစ်ဆေးလိုက်ပါ။ ခက်ခဲတဲ့အလုပ်များကို အရှေ့ကို အရင်ပို့ပြီး အရင်ဆုံးပြုလုပ်ပါ။ ဒါဆိုရင် နေ့လည်လောက်ရောက်တဲ့အခါ လုပ်စရာတော်တော်များများပြီးသွားတာကို မြင်တွေ့ရပါလိမ့်မယ်။ ဒါဆိုရင် အလုပ်လည်းပြီးသလို သင့်အတွက် အားလပ်ချိန်လည်း ပိုရတာကြောင့် ခရီးတွင်ပါတယ်။

Snooze ခလုတ်လေး မရှိဘူးလို့ မှတ်ယူပါ

tips for men to wake up early in the morning

Photo Source: Dreams.co.uk

စာရေးသူအပါအဝင် စာဖတ်သူများသည်လည်း Alarm မြည်လာတဲ့အခါ နောက်ထပ်ငါးမိနစ်လောက် ထပ်အိပ်လိုက်ဦးမယ်ဆိုတဲ့ အတွေးမျိုး တစ်ရက်မဟုတ်တစ်ရက်တော့ ရှိတတ်ကြပါတယ်။ မနက်စာ စားမယ့်အစား ပိုအိပ်လိုက်မယ်ဆိုတဲ့အတွေးမျိုးလည်း ဝင်လာတတ်ပါတယ်။ ထိုအရာသည် ကောင်းတဲ့အရာတစ်ခုမဟုတ်ပါဘူး။

သင့်နာရီ Alarm မြည်လာပြီလား။ ချက်ချင်းအိပ်ရာထလိုက်ပါ။ ငါးမိနစ်လောက် ထပ်အိပ်လိုက်လို့ရှိရင် ငါးမိနစ်ပြည့်လို့ ထပ်နိုးလာတဲ့အခါ ထပ်အိပ်ချင်နေဦးမှာပါပဲ။ ဒါ့ကြောင့် Snooze ခလုတ်မရှိဘူးလို့သာ မှတ်ယူပြီး အိပ်ရာပေါ်က ချက်ချင်းထထိုင်လိုက်ပါ

မနက်စောစော ထလာတယ်ဆိုရင်လည်း ချက်ချင်းထလိုက်ပါ

tips for men to wake up early in the morning

၆ နာရီထရမယ်လို့ Alarm ပေးထားတာကို ၅ နာရီ မိနစ် ၄၀ လောက်ကတည်းက နိုးနေတယ်ဆိုရင်လည်း ထလိုက်ပါ။ အချိန်မပြည့်သေးလို့ဆိုပြီး နှမြောပြီး ဆက်မအိပ်လိုက်ပါနဲ့။ လိုနေတဲ့မိနစ်တွေ နှမြောစရာကြီးလို့ တွေးမယ့်အစား မနက်စာကို အရသာရှိရှိ ပြင်ဆင်ဖို့ အချိန်ပိုရတယ်လို့သာ တွေးလိုက်ပါ။

ပိတ်ရက်တွေမှာလည်း ပိုမအိပ်ပါနဲ့

tips for men to wake up early in the morning

ကြားရက်တွေမှာ ထတဲ့အချိန်အတိုင်း ပိတ်ရက်တွေမှာလည်း အတူတူထပါ။ စစချင်းမှာတော့ လွယ်ကူမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သင့်ဦးနှောက်နဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်းကျင့်သားရလာတဲ့အခါ သင့်အတွက် ပိုမိုလွယ်ကူသွားတာကြောင့် တူညီတဲ့အချိန်တစ်ခုတည်းတွင်သာ အိပ်ရာ ဝင် အိပ်ရာထခြင်းကို ကျင့်လုပ်ကြည့်လိုက်ပါ။

အကြောဆန့်လိုက်ပါ

tips for men to wake up early in the morning

အိပ်ရာနိုးနိုချင်းမှာ လှဲလျောင်းနေလျက်သားနဲ့ အကြောဆန့်လိုက်ပါ။ ခေါင်းကို လှုပ်ခါလွန်းခြင်း၊ မြန်ဆန်သော လှုပ်ရှားမှုမျိုးကို မြန်မြန်ဆန်ဆန်လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်လိုက်ပါ။ အကြောဆန့်တဲ့အခါမှာလည်း ဖြည်းဖြည်းချင်းနဲ့ ဂရုတစိုက်အကြောဆန့်ပေးရပါမယ်။ ၅ မိနစ်မှ ၁၀ မိနစ်ခန့် အကြောဆန့်ခြင်းအားဖြင့် ခွန်အားတွေ ပြည့်လာသလို ခံစားရပြီး လန်းဆန်းတက်ကြွလာပါလိမ့်မယ်။

Source: Brightside.me

Featured Image Source: Menshealth.com