လူတစ်ယောက်ရဲ့အဆင့်အတန်းကို ဆုံးဖြတ်တဲ့အခါမှာ သူ့ရဲ့ စိတ်နေစိတ်ထားသည် အများကြီးအရေးပါပါတယ်။ စိတ်နေစိတ်ထား ကောင်းမွန်မှသာ လူအများရဲ့အထင်ကြီး လေးစားခြင်း ခံရမှာဖြစ်ပြီး ကိုယ့်ကို ယုံကြည်ကြမှာဖြစ်ပါတယ်။

သင့်အလုပ်၊ ကိုယ်ပိုင်စီးပွားရေး ကိုယ်ပိုင်လုပ်ငန်းအောင်မြင်မှုရဲ့ ၈၅ ရာခိုင်နှုန်းသည် သင့်ရဲ့ စိတ်နေစိတ်ထား၊ အခြားသူများအပေါ် ဘယ်လိုဆက်ဆံသလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ သင့်ရဲ့စိတ်နေစိတ်ထားပေါ် မူတည်ပြီး လူအများက သင့်ဆီချဉ်းကပ်လာမှာလား ရှောင်ဖယ်သွားမှာလားဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။

လူအများက ကိုယ့်ဆီ ချဉ်းကပ်လာအောင်၊ ကိုယ့်ရဲ့အောင်မြင်မှုအတွက် စိတ်နေစိတ်ထားကို အဆင့်အတန်းမြင့်လာအောင် ဘယ်လိုပြုမူနိုင်မလဲ။

နားထောင်ကောင်းသူတစ်ယောက်ဖြစ်ပါစေ

tips for men to have good personality

Photo Source: Thoughtco.com

ကိုယ့်ရဲ့ လုပ်ဖော်ကိုက်ဖက် အပေါင်းအသင်းများနဲ့ စကားပြောတဲ့အခါမှာ အပြန်အလှန်လေးစားသမှုထားကာ စကားပြောရပါမယ်။ အခြားသူတစ်ယောက် စကားပြောတဲ့အခါ သူ ပြောတဲ့စကားလုံးကို စိတ်ပါဝင်စားစွာဖြင့် နားထောင်ကာ သူသည် အရေးပါတဲ့သူတစ်ယောက်ဖြစ် ကြောင်း ခံစားသွားရအောင် ပြုလုပ်ပါ။ ကိုယ်ကချည်းပဲ စကားပြောချင်ပြီး သူများ ပြောနေချိန်ကျတော့ စိတ်မပါဝင်စားသလို ပြုမူနေခြင်းသည် တစ်ဖက်လူကို မလေးမစားပြုရာရောက်ပါတယ်။

စာများများဖတ်ပြီး ကိုယ့်ရဲ့ဝါသနာအသစ်အဆန်းများကို များပြားလာအောင် ဖန်တီးပါ

tips for men to have good personality

စာများများဖတ်ပြီး ဝါသနာအသစ်အဆန်းများကို ပြုစုပျိုးထောင်ခြင်းသည် အခြားသူများက မိမိကို ပိုမိုစိတ်ဝင်စားလာအောင် ကူညီပေးနိုင်ပါတယ်။ မိတ်ဆွေအသစ်ဖွဲ့တဲ့အခါမှာလည်း သင် ဖတ်ရှုလေ့လာထားတဲ့ စာပေဗဟုသုတပေါ် အခြေခံပြီး အတွေးအမြင်သစ်များကို ဖလှယ်နိုင်ပါတယ်။

မိတ်ဆွေအသစ်ဖွဲ့ပါ

tips for men to have good personality

ကိုယ်နဲ့အတွေးအမြင်ချင်းမတူတဲ့ လူများနဲ့ မိတ်ဆွေအသစ်ဖွဲ့ဖို့ ဝန်မလေးပါနဲ့။ ထိုကဲ့သို့ မိတ်ဖွဲ့ခြင်းသည် မတူညီတဲ့ ယဉ်ကျေးမှုများကို လေ့လာသင်ယူနိုင်အောင် ကူညီပေးပြီး သင့်ရဲ့လူမှုဆက်ဆံရေးစက်ဝန်းသည်လည်း ပိုမိုကျယ်ပြန့်လာမှာဖြစ်ပါတယ်။

အခြားသူများအတွက် အားဖြစ်စေမယ့်လူတစ်ယောက်ဖြစ်ပါစေ

tips for men to have good personality

အခြားသူများအား အားယုတ်မယ့်စကားများ ပြောကြားခြင်းသည် စိတ်နေစိတ်ထားကောင်းမွန်သူတစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ပါဘူး။ အခြားသူများ အားငယ်နေချိန်မှာ အားတစ်ခွက်ဖြစ်စေဖို့ လိုအပ်ပါတယ်။ လူတိုင်းက ကိုယ် စိတ်အားလျော့ အားငယ်နေချိန်မှာ ကိုယ့်ကို အားပေးတဲ့သူတိုင်းကို ချစ်ခင်အားကိုးကြပါတယ်။

ရိုးသားမှုရှိပါ

tips for men to have good personality

Photo Source: istockphoto.com

အပြောနှင့်အလုပ်ညီခြင်းသည်လည်း လူအများရဲ့လေးစားခြင်းကို ခံရပါတယ်။ လူအများနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ မရိုးမဖြောင့်စိတ်နဲ့ သူ့ဆီက တစ်စုံတစ်ရာမျှော်မှန်းပြီး ပေါင်းသင်းဆက်ဆံတာမျိုးမဟုတ်ဘဲ စိတ်ရင်းအမှန်နဲ့ ပေါင်းသင်းဆက်ဆံရပါမယ်။ မရိုးမဖြောင့်တဲ့စိတ်က ကိုယ့်မျက်နှာပေါ်မှာ ရောင်ပြန်ဟပ်တတ်တာမို့ သေချာဆင်ခြင်သင့်ပါတယ်။

Source: Essentiallifeskills.net

Featured Image Source: Sacsconsult.com.au