လူတိုင်း လူတိုင်းက ငယ်ရွယ်နုပျိုချင်ကြတဲ့ သူတွေချည်းပါပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံ၊ ဘက်ပေါင်းစုံကနေ ရရှိလာတဲ့ စိတ်ဖိစီးမှုများကြောင့် အရွယ်မတိုင်ခင် အိုစာသွားကြပါတယ်။ သင်သည်လည်း အရွယ်မတိုင်ခင် အိုစာသွားတဲ့အုပ်စုထဲ မပါချင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့်အချက်များကို လိုက်နာကျင့်သုံးသင့်ပါတယ်။

မျက်နှာအသားအရေကို ရေဓာတ်ဖြည့်ပါ

Tips for men to Look Younger

အသားအရေခြောက်သွေ့ခြင်းသည် အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်းရဲ့ သိသာထင်ရှားတဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အသားအရေကို အမြဲတမ်းအစိုဓာတ် ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ ဒီလိုအစိုဓာတ် ဖြည့်တင်းပေးဖို့အတွက်ဆိုရင်တော့ Moisturizer ခရင်မ်လေးကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပုံမှန်လိမ်းကျံပေးသင့်ပါတယ်။

နေလောင်ကာခရင်မ် အမြဲတမ်းလိမ်းပါ

Tips for men to Look Younger

နေပူပူ၊ မိုးအုပ်အုပ်၊ နေပူထဲကို ထွက်လိုက်ပြီဆိုတာနဲ့ နေလောင်ကာခရင်မ် လိမ်းကိုလိမ်းပေးရမှာဖြစ်ပါတယ်။ အရေပြားကင်ဆာ ကာကွယ်တိုက်ဖျက်ရေး အဖွဲ့အစည်းရဲ့ လေ့လာတွေ့ရှိချက်အရ ၆၀ ရာခိုင်နှုန်းသော အမျိုးသားများသည် ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားကင်ဆာနဲ့ အသက်ဆုံးပါးကြရတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

ကိုယ် သိပ်မဝတ်ဖြစ်တဲ့ အရောင်များ ရွေးချယ်ဝတ်ဆင်ပါ

Tips for men to Look Younger

အမျိုးသားများသည် အနက်ရောင်၊ မီးခိုးရောင်၊ နေဗီပြာရောင်၊ အညိုရောင်တို့ကိုသာ အဝတ်များကြပါတယ်။ သင်သည်လည်း ထိုအရောင်တွေချည်းပဲ ထပ်တလဲလဲ ဝတ်ဆင်နေမယ်ဆိုရင်တော့ သင့်ရဲ့ငယ်ရွယ်နုပျိုမှုက တဖြည်းဖြည်း ပျောက်ကွယ်သွားပါလိမ့်မယ်။

နုနယ်ပျိုမျစ်တဲ့အသွင်ကို ဖန်တီးချင်တယ်ဆိုရင်တော့ ကိုယ် သိပ်မဝတ်ဖြစ်တဲ့ အရောင်များကို ရွေးချယ်ကာ စတိုင်လ်ကျကျ ဝတ်ဆင်လိုက်ပါ။ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ ရွေးချယ်တဲ့အခါမှာလည်း ထိုနည်းအတိုင်းပါပဲ။ လွန်ခဲ့တဲ့ ငါးနှစ်ခန့်က ထွက်ရှိထားတဲ့ အသုံးအဆောင်များကို ရွေးချယ်မယ့်အစား နောက်ဆုံးပေါ် ဖက်ရှင်အသုံးအဆောင်များကို ရွေးချယ်သင့်ပါတယ်။

ဝီစကီများ၊ ကော့တေးများကို ဆေးဖြစ်ဝါးဖြစ်ပဲ မှီဝဲပါ

Tips for men to Look Younger

ဝီစကီ၊ အရက်၊ ကော့တေးတို့ကို ကိုယ့်ရဲ့ခန္ဓာကိုယ်က ခံနိုင်ရည်ရှိတဲ့ ပမာဏထက် အလွန်အကျွံ မှီဝဲသောက်သုံးတဲ့အခါမှာလည်း ကိုယ့်ရုပ်ရည်ကို အိုစာစေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အယ်လ်ကိုဟောပါဝင်တဲ့ ဖျော်ရည်များသည် ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်စေပြီး အသားအရေကို မွဲခြောက်ခြောက်ဖြစ်စေလို့ပါပဲ။

မလိုလားအပ်သော အမွှေးအမျှင်များကို ဖယ်ရှားပါ

Tips for men to Look Younger

သင့်မျက်နှာပေါ်က မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးများသည်လည်း သင့်ကို ၁၀ နှစ်ခန့် ရုပ်ရင့်စေတယ်ဆိုတာကိုရော သင် သိပြီးပါပြီလား။ သင့်အနေနဲ့ ဆယ်ကျော်သက်တစ်ယောက်လို ငယ်ရွယ်နုပျိုချင်တယ်ဆိုရင်တော့ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးများကို ဖယ်ရှားရမယ့်အပြင် အပြင်သို့ထွက်နေသော နှာခေါင်းမွှေးများကိုလည်း ဖယ်ရှားရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ

Tips for men to Look Younger

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းသည် ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင့်ပေးပြီး အိုမင်းရင့်ရော်စေသော ဆဲလ်များကို နှေးကွေးစေပါတယ်။ ခန္ဓာကိုယ်ရှိ အဆီပိုများကို ဖယ်ရှားပေးတဲ့အပြင် အရွယ်တင်နုပျိုစေပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်သော အစားအစာများ စားသုံးပါ

Tips for men to Look Younger

အချိုလွန်ကဲသော အစားအစာများ၊ အဆီအဆိမ့်များလွန်းသော အစားအစာတွေသည် သင့်ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာကို သင် သိပြီးသားဖြစ်ပါလိမ့်မယ်။ သင့်အလှအပကို ထိခိုက်စေနိုင်တယ်ဆိုတာကိုရော သင် သိပြီးပြီလား။ အချိုဓာတ်အလွန်အကျွံ စားသုံးခြင်းသည် အရွယ်တင်နုပျိုစေတဲ့ ကောလဂျင်များကို ထိခိုက်ပျက်စီးစေပြီး အသားအရေတင်းရင်းမှုကို လျော့ကျစေပါတယ်။ ဒါ့ကြောင့် ကိုယ့်အသားအရေကို အမှန်တကယ် ဂရုစိုက်တယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေကိုပဲ စားသုံးရမှာဖြစ်ပါတယ်။

Source: Cheatsheet.com

Featured Image Source: Asiaone.com