သမီးရည်းစားဘဝမှာ Dating ဆိုတာ အမြဲရင်ခုန်စရာပါ။ ချစ်သူနဲ့အတူ လျှောက်လည်မှာ ဖြစ်လို့ ရင်ခုန်ရတာအပြင် အကုန်အကျလေးတွေကြောင့်ပါ ရင်ခုန်ရတာ ဖြစ်ပါတယ်။ ကောင်မလေးနဲ့ အပြင်ထွက်တိုင်း ငွေကြေးကိစ္စဆိုတာ ယောင်္ကျားလေးတွေအတွက် ရေးမထားတဲ့ တာဝန်ဝတ္တရားလို ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပိုက်ဆံများများ မတတ်နိုင်လည်း ပျော်စရာကောင်းတဲ့ Dating တစ်ခု လုပ်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာ ပိုက်ဆံသိပ်မသုံးနိုင်တဲ့ အမျိုးသားတွေအတွက် Dating Advices လေးတွေ မျှဝေပေးချင်ပါတယ်။

(၁) ပွင့်ပွင့်လင်းလင်းရှိပါ

Pay in Restaurant

Photo: Mensxp

ပိုက်ဆံကိစ္စမှာ ကိုယ့်ဘက်က အဆင်မပြေရင် မပြေတာကို ရိုးရိုးသားသား ကြိုပြောထားလို့ရပါတယ်။ ကိုယ့်အနေအထားနဲ့ကိုယ် ချင့်ချိန်နေချိန်မှာ ရိုးရိုးသားသား ပြောထားလိုက်ရင် နောက်ပိုင်းမှာ မျက်နှာပူစရာသိပ်ကြုံရမှာ မဟုတ်ပါဘူး။ ငွေကြေးအဆင်ပြေချိန်မှာတော့ ကောင်မလေးအတွက် ထူးထူးခြားခြားလက်ဆောင် ဝယ်ပေးတာမျိုး ၊ အတူခရီးထွက်တာမျိုးလေးတွေ လုပ်ပေးဖို့လည်း မမေ့သင့်ပါဘူး။

(၂) အတူတူ မျှခံပါ

Split The Bill

Photo: Mensxp

ဒီနေ့ခေတ်လို စရိတ်စကသိပ်များတဲ့ခေတ်မှာ ကိုယ်ချည်းပဲ ပိုက်ဆံရှင်းတာထက် အတူတူ မျှခံကြတာ ပိုကောင်းပါတယ်။ နှစ်ဦးစပ်တူ ပေါင်းပြီး ကုန်ကျစရိတ် မျှခံခြင်းအားဖြင့် ပိုက်ဆံပြဿနာကြောင့် Dating လုပ်ဖို့ အဆင်မပြေတာတွေ ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။ ကုန်ကျစရိတ်အတူတူ တာဝန်မျှယူတာ ရှက်စရာမဟုတ်ပါဘူး။

(၃) ကုန်ကျစရိတ်သက်သာအောင် စီစဉ်ပါ

Budget Date

Photo: Mensxp

ပိုက်ဆံသိပ်မရှိဘဲနဲ့ ဈေးကြီးတဲ့ဆိုင်တွေ ခေါ်သွားတာမျိုး မလုပ်ပါနဲ့။ အစကတည်းက တတ်နိုင်သလောက်လေးနဲ့ ဘယ်နေရာသွားမယ် ၊ ဘာဝယ်စားမယ် ၊ ဘာတွေ အတူ လုပ်မယ်ဆိုပြီး Budget Plan ဆွဲထားဖို့ လိုပါတယ်။ ဥပမာ – ဘားသွားမယ့်အစား ပြတိုက်တစ်ခုခု သွားတာမျိုး ၊ စားသောက်ဆိုင်ကြီးတွေ သွားမယ့်အစား အတူတူ ချက်ပြုတ်စားသောက်ကြတာမျိုး ဖြစ်ပါတယ်။

(၄) Discount ရတဲ့နေရာတွေ ကြည့်ထားပါ

Discount Coupon

Photo: Mensxp

အခုနောက်ပိုင်း အရောင်းပရိုမိုးရှင်းတွေ လုပ်နေကြသလို ဈေးတွေ အကြီးအကျယ်ချပေးတဲ့ ဈေးရောင်းပွဲတော်တွေကလည်း အများသား။ သင့်ကောင်မလေးကို Dating မှာ ပေးဖို့ လက်ဆောင်ကောင်းကောင်း ရှာနေရင် Discount လျှော့ဈေးနဲ့ရောင်းနေတဲ့ နေရာတွေကို အရင် စပ်စုထားဖို့ ပြောချင်ပါတယ်။

Featured Photo: Fit For Fun