အသားအရေခြောက်သွေ့ခြင်းပြဿနာသည် ယနေ့ခေတ်လိုအလှကုန်ပစ္စည်းများ၊ အလှကုန်ဘရန်းမျိုးစုံများကို စုံစုံလင်လင်နဲ့ အလွယ်တကူဝယ်ယူနိုင်တဲ့ခေတ်ကြီးထဲမှာ အသေးအဖွဲအရာလေးသာဖြစ်ပါတယ်။
သင့်အနေနဲ့ ကိုယ့်ရဲ့အသားအရေအတွက် သင့်တော်မယ့် ထုတ်ကုန်များအသုံးပြုပြီး မှန်ကန်တဲ့နည်းလမ်းများကို အသုံးပြုတဲ့အခါ အသားအရေခြောက်သွေ့ခြင်းကို အပြီးတိုင်နှုတ်ဆက်နိုင်ပါပြီ။
အချို့ယောကျာ်းများအတွကတော့ နေရာကွက်ကျားအသားအရေခြောက်သွေ့တတ်ပါတယ်။ ဘယ်လိုနေရာမျိုးလဲဆိုတော့ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးရိတ်တဲ့နေရာတစ်ဝိုက်ပါ။ ထိုနေရာကို ဘယ်လိုနည်းလမ်းတွေအသုံးပြုပြီး ရေဓာတ်ပြန်လည်ဖြည့်တင်းရမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။
ဆပ်ပြာခရင်မ်များ၊ ဆပ်ပြာမြှုပ်များနဲ့ မုတ်ဆိတ်မရိတ်ပါနဲ့
နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးများကို မစိုစေဘဲနဲ့ အခြောက်အတိုင်းထားကာ မုတ်ဆိတ်ရိတ်ပါ။ သင့်အနေနဲ့ ဆပ်ပြာခရင်မ်များ၊ အမြှုပ်များအသုံးပြုပြီးမှ ရိတ်တတ်တယ်ဆိုရင်လည်း အခုကတည်းကစ လေ့ကျင့်ယူနိုင်ပါတယ်။ တစ်ခါမှ မလုပ်ဖူးဘူးသူများအနေနဲ့လည်း ဗီဒီယိုကျူတိုရီယယ်များကြည့်ကာ လိုက်လုပ်နိုင်ပါတယ်။
မုတ်ဆိတ်ရိတ်ပြီးတဲ့အခါ
Photo Source: Mandatory.com
နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးရိတ်ပြီးတဲ့အခါ အစိုဓာတ်ပြန်လည်ထိန်းသိမ်းဖို့ဆိုပြီး Aftershave လိုးရှင်းများ၊ အရည်များ အသုံးပြုပါသလား။ ဒါဆိုရင်တော့ အယ်လ်ကိုဟောမပါတဲ့ Aftershave များကို ရွေးချယ်လိုက်ပါ။ ဘာ့ကြောင့်လဲဆိုတော့ အယ်လ်ကိုဟောပါတဲ့ Aftershave များက သင့်အသားအရေကို ရေဓာတ်ခမ်းခြောက်စေလို့ပါပဲ။
ရေဓာတ်ဖြည့်ပေးဖို့တော့ မမေ့ပါနဲ့
မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးများ ရိတ်ပြီးတဲ့အခါ အရေးကြီးဆုံးအရာကတော့ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးဖို့ပါပဲ။ Aftershave လို လိုးရှင်းမျိုး၊ အရည်မျိုး မလိမ်းချင်ဘူးဆိုရင်တော့ ခရင်မ်အမျိုးအစား ရွေးချယ်နိုင်ပါတယ်။
သင့်အသားအရေကို အနားပေးလိုက်ပါ
အထက်ဖော်ပြပါနည်းလမ်းများကို အသုံးပြုနေပေမယ့်လည်း အသားအရေခြောက်သွေ့ခြင်းက သက်သာမလာဘဲ ပိုမိုဆိုးရွားလာတယ်လို့ ခံစားရပါသလား။ ဒါဆိုရင်တော့ နှုတ်ခမ်းမွှေးရိတ်ခြင်း၊ မုတ်ဆိတ်ရိတ်ခြင်းတို့ကို ခဏအနားပေးလိုက်ပါ။ သင့်ရဲ့နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးများဖြင့် ဘယ်လိုစတိုင်လ်ကျနိုင်မလဲဆိုတာကို လေ့လာပြီး လှပခံ့ညားတဲ့အသွင်မျိုးဖန်တီးလိုက်ပါ။
Source: Philips.com
Featured Image Source: Biochempharmacy.com