အသက်အရွယ်ကြီးရင့်မှု ဇရာကို ဘယ်သူကမှ လွန်ဆန်လို့မရပါဘူး။ ဒါပေမဲ့ သင်သည် သာမန်လူတွေထက် မြန်မြန်ဆန်ဆန်အိုမင်းရင့်ရော်လာပြီး အသက်အရွယ်နဲ့မလိုက်အောင် အသက်ပိုကြီးနေရသယောင် အထင်ခံရတယ်ဆိုရင် သင့်ရဲ့အစားအသောက်နဲ့ နေထိုင်မှုပုံစံကို ပြန်ပြီးဆန်းစစ်ဖို့ လိုအပ်နေပါပြီ။

အခုဖော်ပြပေးမယ့်အချက်များကို သင်သည် ကျူးလွန်နေမိပြီဆိုရင်တော့ အိုမင်းရင့်ရော်မှုသည် တဖြည်းဖြည်းမြန်ဆန်လာနိုင်ပါတယ်။

အစားအသောက်ရွေးချယ်မှု မှားယွင်းခြင်း

tips for men who don't want to look older at a young age

အစားအစာများကို သင့်ရဲ့စိတ်အလိုလိုက်ပြီး စားသုံးနေမိမယ်ဆိုရင်တော့ သင့်ရဲ့အသားအရေပဲ ပျက်စီးမှာပါ။ အဆီအဆိမ့်၊ အချိုနဲ့အစပ်များ လွန်ကဲသောအစားအစာများကို တတ်နိုင်သလောက်ရှောင်ကြဉ်မှသာလျှင် အသားအရေအတွက် ကောင်းမွန်မှာပါ။

လုံလောက်သော အိပ်ချိန်မရရှိခြင်း

tips for men who don't want to look older at a young age

အိပ်ရေးမဝခြင်းက အသားအရေ ထိခိုက်ပျက်စီးစေရုံသာမကဘဲ ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ အိပ်ရေးဝမှ ဦးနှောက် ကောင်းစွာ အလုပ်လုပ်နိုင်မှာဖြစ်ပြီး မှတ်ဉာဏ်စွမ်းအားလည်း တိုးမြှင့်မှာဖြစ်ပါတယ်။ သုတေသနပညာရှင်များရဲ့ လေ့လာချက်အရ မကြာခဏအိပ်ရေးပျက်သူတွေက အယ်ဇိုင်းမားရောဂါ ခံစားရနိုင်ချေများတယ်လို့ သိရှိရပါတယ်။

လေ့ကျင့်ခန်း မပြုလုပ်ခြင်း

tips for men who don't want to look older at a young age

လေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ ချွေးပေါက်တွေကနေတဆင့် ခန္ဓာကိုယ်တွင်းရှိအဆိပ်အတောက်များက ချွေးအဖြစ် ထွက်ရှိသွားတာပါ။ ရလာဒ်အနေနဲ့ အသားအရေများ ကြည်လင်လာပါတယ်။ တကယ်လို့ သင်သည် လေ့ကျင့်ခန်းလည်း ယောင်လို့တောင်မလုပ်ဖြစ်တဲ့အပြင် ကိုယ်လက်လှုပ်ရှားမှုလည်း မရှိဘူးဆိုရင်တော့ သင့်အသားအရေသည် အိုမင်းရွတ်တွမှု မြန်ဆန်လာပါတယ်။

ရေသောက်နည်းခြင်း

tips for men who don't want to look older at a young age

ရေများများသောက်ပြီး တစ်နေ့တာလုံးမှာ ရေဓာတ်ပြည့်ဝနေမှသာလျှင် အသားအရေက ကြည်လင်စိုပြေနေမှာပါ။ ရေသောက်နည်းပြီး ရေဓာတ်ခမ်းခြောက်နေမယ်ဆိုရင်တော့ ကိုယ်ခံစွမ်းအားကျဆင်းမှာဖြစ်တဲ့အပြင် အသားအရေလည်း ခြောက်သွေ့ကြမ်းတမ်းပြီး ရုပ်ရင့်တဲ့ပုံပေါက်စေပါတယ်။

Skincare (လုံးဝ) မပြုလုပ်ခြင်း

tips for men who don't want to look older at a young age

ယနေ့ခေတ်မှာ Skincare ကို အမျိုးသမီးများသာမက အမျိုးသားများပါ ပြုလုပ်လာကြပါတယ်။ အသားအရေထိန်းသိမ်းတဲ့ ယောကျာ်းများက ပုံမှန်အတိုင်း Skincare ပြုလုပ်တဲ့အတွက်ကြောင့် သူတို့သည် ပိုမိုငယ်ရွယ်နုပျိုနေပြီး သင်သည် ရှိရင်းစွဲအသက်ထက် ပိုမိုအိုစာနေရတာပါ။

သင့်အနေနဲ့ Skincare Steps တွေ အများကြီး လိုက်မလုပ်နိုင်ဘူးဆိုရင်တော့မှ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ခြင်း၊ တိုနာလိမ်းခြင်း၊ Serum လိမ်းခြင်းနှင့် Moisturizer လိမ်းခြင်း စတဲ့ အခြေခံ အချက် (၄) ချက်ကိုတော့ မမေ့မလျော့လုပ်ဆောင်သင့်ပါတယ်။ ဒါမှ ငယ်ရွယ်နုပျိုတဲ့သွင်ပြင်ကို ပိုင်ဆိုင်ရရှိမှာဖြစ်ပါတယ်။

Source: Brightside.me

Featured Image Source: Eritasdaily.com