ကိုယ် ဝါသနာပါတဲ့အလုပ်ကိစ္စများ၊ ကိုယ့်ရဲ့အိပ်မက်များ အကောင်အထည်ဖော်ဖို့ရန်အတွက် စိတ်အားထက်သန်မှုလိုအပ်ပါတယ်။ ဘယ်သူကမှ စိတ်ပင်ပန်းနွမ်းနယ်မှု၊ စိတ်ဓာတ်ကျမှုတွေကို မခံစားချင်ကြပါဘူး။

ဝန်မခံချင်ပေမယ့်လည်း မှန်တဲ့အမှန်တရားတစ်ခုကတော့ စိတ်အားထက်သန်မှုသည် ပေါ်လာလိုက် ပျောက်သွားလိုက် တစ်လှည့်စီဖြစ်နေတာပါ။ ဘယ်သူကမှ တစ်ချိန်လုံး စိတ်အားထက်သန်နေမှာမဟုတ်ပါဘူး။

ဒီလိုအခြေအနေမျိုးနဲ့ ကြုံတွေ့လာရတဲ့အခါ သင် ဘယ်လိုဖြေရှင်းမလဲ။

သင့်ရဲ့အကြီးမားဆုံး ရည်မှန်းချက်ကို မြင်သာထင်သာရှိသော နေရာတွင် ခပ်ကြီးကြီး ရေးသားထားပါ

tips for men who lack motivation

ဒီလိုပြုလုပ်ထားခြင်းအားဖြင့် မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံး ပွင့်လာပြီဆိုတာနဲ့ ထိုရည်မှန်းချက်ကြီးကို ကွင်းကွင်းကွက်ကွက်ကြီးမြင်နေရမှာပါ။ သင့်ရဲ့ဦးနှောက်သည်လည်း မသိစိတ်ကနေတဆင့် သင့်ကို စိတ်အားထက်သန်နေအောင် လှုံ့ဆော်ပေးနေမှာဖြစ်ပါတယ်။

ဒီနေ့တစ်နေ့တာလုံးအတွက် ပြီးမြောက်အောင်လုပ်ဆောင်ရမယ့်အရာများကိုပဲ အာရုံစိုက်ပါ

tips for men who lack motivation

စောစောက ရေးသားထားတဲ့ အဓိကရည်မှန်းချက်ကြီးတစ်ခုကို ရည်မှန်းချက်သေးသေးလေးတွေဖြစ်သွားအောင် ခွဲထားလိုက်ပါ။ ရည်မှန်းချက်သေးသေးလေးတစ်ခုချင်းစီအတွက် တစ်နေ့တာ လုပ်ဆောင်ရမယ့်အရာကိုသာ အာရုံစိုက်ပါ။ အချိန်တန်ရင် အဓိကရည်မှန်းချက်အကြီးတစ်ခု ပြည့်ဝလာပါလိမ့်မယ်။

တစ်ရက်တာ အစမပြုခင်မှာ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပါ

tips for men who lack motivation

သိပ္ပံနည်းကျအတည်ပြုချက်အရ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်းသည် ပျော်ရွှင်ခြင်းဟော်မုန်းကို ထုတ်လုပ်ပေးတယ်လို့ သိရှိရပါတယ်။ သင့်ရဲ့စိတ်က ပျော်ရွှင်မှုကို ခံစားရတဲ့အခါ သင့်ခန္ဓာကိုယ်သည်လည်း အကောင်းမြင်စိတ်နဲ့အတူ လိုက်ပါစီးမြောခံစားနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိလာပါလိမ့်မယ်။

ကိုယ်လုပ်ရမယ့်ကိစ္စများ လုပ်ဆောင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် အလိုမလိုက်ပါနဲ့

tips for men who lack motivation

အိုင်တီခေတ်ကြီးဖြစ်တဲ့အားလျော်စွာ ကျွန်တော်တို့သည် ဆိုရှယ်မီဒီယာများ၊ အင်တာနက်များ၊ စမတ်ဖုန်းများကြောင့် ရှုထောင့်မျိုးစုံကနေ ရောက်ရှိလာတဲ့ သတင်းအချက်အလက်မျိုးစုံကို ဖတ်ယူနေကြပါတယ်။ အကျိုးရှိ အသုံးတည့်တဲ့သတင်းအချက်အလက်တွေလည်းဖြစ်နိုင်သလို အချိန် အလဟဿ ပုတ်စေတဲ့အရာတွေလည်း ပါပါတယ်။

ဒါ့ကြောင့် ကိစ္စတစ်ခုခုကို အာရုံစူးစိုက်နေချိန်မှာ ကိုယ့်စိတ်ကို နိုင်အောင်ထိန်းဖို့လိုအပ်ပါတယ်။ မိမိစိတ်ကို အလိုမလိုက်ပါနဲ့။

သူငယ်ချင်းများ၊ မိတ်ဆွေများနှင့် တိုင်ပင်ပြီး အကြံဉာဏ်ရယူပါ

tips for men who lack motivation

သူငယ်ချင်းများ၊ မိသားစုဝင်များသည် သဘာဝကပေးတဲ့ အကောင်းဆုံးအဖော်မွန်ပါပဲ။ သင့်ရဲ့အတွေးများ၊ ဝမ်းနည်းပူဆွေးစရာများကို တစ်ယောက်တည်းမြိုသိပ်ကြိတ်မှိတ်ခံစားမယ့်အစား ထိုသူများထံ ရင်ဖွင့်ပါ။ ဒါဆိုရင် သင့်ရဲ့စိတ်လည်း လွတ်လပ်ပေါ့ပါးသွားမှာဖြစ်ပြီး အရင်လိုပဲပြန်လည်ကာ စိတ်အားထက်သန်လာမှာပါ။

Source: Lifehack.org

Featured Image Source: Ciphr.com