မိမိဘဝရဲ့ပါရမီဖြည့်ဖက်လေးကို ခက်ခက်ခဲခဲရှာတွေ့ထားလို့ သဲသဲလှုပ်တန်ဖိုးထားနေပါသလား။ သူနဲ့အတူတူ ၂၄ နာရီလုံးလုံးအတူတူရှိနေချင်ပါသလား။ ထိုခံစားချက်လေးက ချစ်ဖို့ကောင်းပေမယ့် စိတ်ပညာရှင်များရဲ့ပြောကြားချက်အရ ခိုင်မြဲတဲ့သမီးရည်းစားဆက်ဆံရေးကို တည်ဆောက်ဖို့အတွက် အမြဲတမ်းအနားမှာ ရှိနေစရာမလိုအပ်ပါဘူး။
တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ဒိတ်လုပ်ပေးရုံနဲ့တင်လည်း ထာဝစဉ်တည်တံ့တဲ့ သမီးရည်းစားဆက်ဆံရေးကို တည်ဆောက်နိုင်တယ်လို့ စိတ်ပညာရှင်များက ပြောကြားထားပါတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ ရေရှည်တည်တံ့တဲ့ သမီးရည်းစားဆက်ဆံရေးကို တည်ဆောက်ချင်တဲ့ ယောကျာ်းများအတွက် ဘာ့ကြောင့် တစ်ပတ်နှစ်ကြိမ်ခန့်ပဲ ဒိတ်လုပ်သင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။
ကိုယ်ပိုင်လွတ်လပ်ခွင့် အပြည့်အဝရရှိနိုင်ခြင်း
Photo Source: Freerangestock.com
အမြဲတမ်းအချိန်ပေးရတဲ့ ချစ်သူစုံတွဲတွေဆီမှာ ကိုယ်ပိုင်လွတ်လပ်ခွင့် ပျောက်ဆုံးသွားတတ်ပြီး တဖြည်းဖြည်းနဲ့ တစ်ယောက်ကိုတစ်ယောက် အပြစ်မြင်လာတတ်ကြပါတယ်။ ကြာလာရင်တော့ တစ်ယောက်ကို တစ်ယောက် ငြိုငြင်လာပါလိမ့်မယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက်သာ ဒိတ်လုပ်တဲ့ စုံတွဲတွေကတော့ မိမိအလုပ်များ၊ လုပ်စရာရှိတာများကို လုပ်ချိန်ပိုရပြီး နှစ်ဦးနှစ်ဖက်စလုံးအတွက် ကောင်းမွန်ပါတယ်။
တစ်ယောက်အကြောင်းတစ်ယောက် ပိုနားလည်လာခြင်း
Photo Source: Verywellmind.com
တစ်ယောက်အကြောင်း တစ်ယောက် မြန်မြန်နားလည်ဖို့ဆိုပြီး ၂၄ နာရီ ၇ ရက်ပတ်လုံး အချိန်ပေးနေစရာမလိုပါဘူး။ တစ်ပတ်ကိုနှစ်ရက်ခန့် အချိန်ပေးရုံနဲ့ လုံလောက်ပါတယ်။ ဒါမှ အတူတူရှိတဲ့အချိန်တွေကို တန်ဖိုးထားကြမှာပါ။
သူငယ်ချင်းဆက်ဆံရေးပါ တည်ဆောက်နိုင်အောင် ကူညီပေးခြင်း
Photo Source: Projecthotmess.com
သမီးရည်းစားဆက်ဆံရေးတစ်ခုမှာ ချစ်သူစုံတွဲလို ပေါင်းသင်းဆက်ဆံတာထက်စာရင် ကိုယ့်သူငယ်ချင်းလို ပေါင်းသင်းပြောဆိုနိုင်ခြင်းက ထိုဆက်ဆံရေကို ပိုမိုတည်မြဲစေတယ်လို့ ၂၀၁၄ ခုနစ်က လေ့လာထားတဲ့ လေ့လာချက်အရ သိရှိရပါတယ်။ သူငယ်ချင်းတွေလို ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြောဆိုနိုင်ဖို့အတွက် တစ်ပတ်နှစ်ကြိမ်ခန့်သာ ဒိတ်လုပ်သင့်ပါတယ်။
Source: Brightside.me