ကိုယ့်ရဲ့ဖက်ရှင်သွင်ပြင်ကို ဒီ့ထက်ပိုပြီး ကြည့်ကောင်းလာအောင် ဆွဲဆောင်မှုတိုးလာအောင် ဖန်တီးချင်တဲ့ ယောကျာ်းများအတွက် နည်းလမ်းကောင်းများ ဝေမျှပေးချင်ပါတယ်။

ဒီနည်းလမ်းတွေက လွယ်ကူရိုးရှင်းပြီး ပိုက်ဆံအကုန်အကျလည်း မရှိမှာဖြစ်တဲ့အတွက်ကြောင့် စိုးရိမ်စရာမလိုပါဘူး။ ဘယ်လိုနည်းလမ်းကောင်းလေးတွေဖြစ်မလဲဆိုတော့ …

ကိုယ့်ခန္ဓာကိုယ် ကိုယ်တိုင်းနဲ့ သေချာတိုင်းဝတ်ပါ

tips for men who love fashion

အဝတ်အစားများကို ချုပ်ဝတ်ရင်ပဲဖြစ်ဖြစ်၊ ဝယ်ဝတ်ရင်ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်တိုင်းနဲ့ သေချာတိုင်းဝတ်ဖို့လိုပါတယ်။ ကိုယ်တိုင်းနဲ့ Fitting မကျတဲ့အခါ သင့်ဖက်ရှင်က ကြည့်ရဆိုးသွားပါလိမ့်မယ်။

အရောင်နဲ့ပတ်သက်လာရင်

tips for men who love fashion

သင့်ရဲ့ဆံပင်အရောင်၊ အသားအရေအရောင်ပေါ် မူတည်ပြီး ဘယ်အဝတ်အစားအရောင်ကို ရွေးချယ်သင့်သလဲဆိုတာ သိထားသင့်ပါတယ်။ အဝတ်အစားအရောင်များကို သေချာလိုက်ဖက်စွာ တွဲဖက်ဝတ်ဆင်တတ်မှသာလျှင် သင့်ရဲ့ဖက်ရှင်စတိုင်လ်က ဆွဲဆောင်မှုတိုးနေမှာဖြစ်ပါတယ်။

ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ အသုံးပြုပါ

tips for men who love fashion

အဝတ်အစားတစ်ခုတည်း ဝတ်စားရုံနဲ့ မလုံလောက်သေးပါဘူး။ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ အနည်းဆုံး တစ်ခုတော့ ဝတ်ဆင်ထားဖို့လိုပါတယ်။ ဥပမာ နာရီလိုမျိုးပေါ့။ နာရီမဝတ်ချင်ဘူးဆိုရင်လည်း လက်ပတ် (သို့) လက်စွပ် (သို့) နေကာမျက်မှန် (သို့) ဦးထုပ် စသည်ဖြင့် ကိုယ် ကြိုက်နှစ်သက်ရာကို သေချာရွေးချယ်နိုင်ပါတယ်။

ဖိနပ်များကို အမြဲတမ်း သန့်ရှင်းသပ်ရပ်နေပါစေ

tips for men who love fashion

ကိုယ့်ရဲ့ဖိနပ်က ရွံ့ဗွက်အလိမ်းလိမ်းနဲ့ ညစ်ပတ်နေမယ်ဆိုရင် သင့်ရဲ့ဖက်ရှင်က ကြည့်ကောင်းတော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့်မို့လို့ ဖိနပ်များကို အပြင်ထွက်ခါနီးတိုင်း ဖုန်သုတ်ခြင်း၊ ဆေးကြောသန့်စင်ခြင်းများ ပြုလုပ်ပေးနိုင်ပါတယ်။

ဆံပင်စတိုင်လ်နှင့် နှုတ်ခမ်းမွှေးများ

tips for men who love fashion

ဆံပင်စတိုင်လ်ကိုလည်း သုံးလ တစ်ကြိမ်လောက် အမြဲတမ်း ပုံအသစ် စတိုင်လ်အသစ်ပြောင်းပေးလိုက်ပါ။ ထို့နောက် နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးများကိုလည်း ပုံမှန်ရိတ်ပေးဖို့လိုအပ်ပါတယ်။ ဒါမှ သင့်ပုံစံက သပ်ရပ်ကျော့ရှင်းနေမှာဖြစ်ပါတယ်။

Source: Alexrighetto.it

Featured Image Source: Alexrighetto.it