သင့်မှာ အိပ်နေစဉ်အတွင်း ဟောက်တတ်တဲ့ အကျင့်ရှိပါသလား။ လူပျိုလူလွတ်ဘဝမှာ အိပ်နေစဉ်အတွင်း ဘယ်လောက်ပဲ ဟောက်ဟောက် ကိစ္စမရှိပေမယ့် လက်ထပ်ပြီး အိပ်ထောင်ကျပြီးတဲ့နောက်မှာတော့ ကိုယ့်ရဲ့ဟောက်တတ်တဲ့အကျင့်ကြောင့် ကိုယ့်ရဲ့ အိမ်သူသက်ထားကို စိတ်ညစ်သွားစေမှာ စိုးရိမ်နေတဲ့ ယောကျာ်းများအတွက် နည်းလမ်းကောင်းလေးတွေ ဝေမျှပေးချင်ပါတယ်။

အိပ်နေစဉ်အတွင်း မဟောက်အောင်လို့ ဘယ်လိုပြုလုပ်နိုင်မလဲဆိုတော့ …

ပက်လက်မအိပ်ဘဲ ဘေးတစောင်းအိပ်ပါ

tips for men who snore a lot

ပက်လက်အိပ်တဲ့အခါ လျှာသည် လည်ချောင်းနံရံကို သွားပိတ်ထားသလိုဖြစ်သွားပြီး အသက်ရှုရတာ ခက်ခဲသွားတဲ့အတွက်ကြောင့် ဟောက်သံထွက်ပေါ်လာရခြင်းဖြစ်ပါတယ်။ ဘေးတစောင်းအိပ်တဲ့အခါ လျှာက လည်ချောင်းနံရံကို မပိတ်မိသွားအောင် ကူညီပေးတဲ့အတွက်ကြောင့် ဟောက်သံထွက်ပေါ်လာမှာ မဟုတ်တော့ပါဘူး။

ကိုယ်အလေးချိန် ချကြည့်လိုက်ပါ

tips for men who snore a lot

ဒီအချက်က စောစောကအချက်နဲ့တော့ ဆင်တူပါတယ်။ သင်သည် အဝလွန်တဲ့အခါ သင့်ရဲ့အဆုတ်နဲ့ လည်ပင်းသည် လေရှုပေါက်ကို ပိတ်ထားသလိုဖြစ်တဲ့အတွက်ကြောင့် ဟောက်သံကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာရခြင်းဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ အဝလွန်ခြင်းကြောင့်လည်း အိပ်မရရောဂါ ခံစားနိုင်ပြီး ကျန်းမာရေးနဲ့ မညီညာတာကြောင့် ကိုယ့်ခန္ဓာကိုယ်ကို ကျစ်ကျစ်လျစ်လျစ်ဖြစ်နေအောင်လို့ အမြဲတမ်းဂရုစိုက်သင့်ပါတယ်။

ကိုယ့်ရဲ့ အိပ်ခန်းကို သပ်ရပ်သန့်ရှင်းနေအောင် ထားပါ

tips for men who snore a lot

ဓာတ်မတည့်ခြင်းကြောင့်လည်း ဟောက်သံထွက်ပေါ်နိုင်တယ်ဆိုတာကို သင် သိပါသလား။ ကိုယ့်ရဲ့အိမ်ခန်း၊ အိပ်ခန်းများသည် ဖုန်အလိပ်လိပ်နဲ့ လေဝင်လေထွက်မကောင်းဘဲ ညစ်ပတ်ပေရေ နေမယ်ဆိုရင်လည်း သင့်ရဲ့အသက်ရှုလမ်းကြောင်းအတွက် မကောင်းပါဘူး။ ဒါ့ကြောင့် သင့်ရဲ့အိမ်ခန်း အထူးသဖြင့် အိပ်ခန်းအတွင်းရှိ လိုက်ကာများ၊ အိပ်ရာခင်းများကို တစ်ပတ်တစ်ခါလျှော်ဖွပ်ပေးပြီး အိပ်ခန်းထောင့်နံရံကိုလည်း ဖုန်စုပ်စက်ဖြင့် သေချာသန့်ရှင်းရေး လုပ်သင့်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်သော အစားအစာများ စားသုံးပါ

tips for men who snore a lot

ညအိပ်ရာဝင်ခါနီးနဲ့ နီးကပ်တဲ့အချိန်မှာ အစားအစာ အလွန်အကျွံ စားသုံးခြင်း၊ အရက်သောက်ခြင်းတို့ကို ရှောင်ကြဉ်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အိပ်ခါနီး အစားအစာ အလွန်အကျွံစားခြင်း၊ အရက်သောက်သုံးခြင်းတို့သည် လည်ချောင်းကြွက်သားကို ပြေလျော့စေပြီး ဟောက်သံကျယ်ကျယ်လောင်လောင် ထွက်ပေါ်စေပါတယ်။

Source: Brightside.me

Featured Image Source: Menshealth.com