လက်တလောမှာ ကြောက်စရာကောင်းတဲ့ ကူးစက်ရောဂါတွေကြောင့် ကမ္ဘာတစ်ဝှမ်းလူထောင်နဲ့ ချီ အသက်ရှုံးနေကြရပါတယ်။ ကူးစက်ရောဂါဆိုတာ သံချောင်းခေါက်ပြီးမှ ခန္ဓာကိုယ်ထဲဝင်လာတက်တဲ့အရာတွေမဟုတ်ပါဘူး။ကိုယ့်ဘက်က ကြိုတင်ကာကွယ်ထားတာဟာ အကောင်းဆုံးကုသခြင်းဖြစ်ပါတယ်။ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ငွေကြေးကုန်ကျသက်သာသလို မှန်ကန်တဲ့နည်းလမ်းတစ်ခုလည်းဖြစ်တာကြောင့် အခုပြောပြမယ့်နည်းလမ်းတွေလုပ်ဆောင်ပြီး ရောဂါပိုးတွေကို ကြိုတင်ကာကွယ်ဖို့ အကြံ ပြုချင်ပါတယ်။

(၁) လက်ဆေးပါ

Source : Reader’s Digest

သင့်ရဲ့လက်များကို မကြာခဏဆေးကြေသန့်စင်ပေးခြင်းဟာ ရောဂါပိုးမွှားများကူးစက်ပျံ့နှံ့ခြင်းကို အကောင်းဆုံးထိန်းချုပ်ကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ရောဂါပိုးမွှားတွေဟာ လက်မှတစ်ဆင့်ကူးစက်တက်ကြတာဖြစ်တာကြောင့် သင့်အနေနဲ့ လက်တွေကို သန့်ရှင်းစင်ကြယ်အောင်ထားမယ်ဆိုရင် တော်ရုံရောဂါပိုးတွေ ခန္ဓာကိုယ်အတွင်းဝင်ရောက်နိုင်မှာမဟုတ်ပဲ ကျန်းမာသန်စွမ်းစေမှာဖြစ်ပါတယ်။ဒါကြောင့်အပြင်က ပြန်ရောက်တိုင်း အရင်ဆုံးလက်ဆေးပါ။

(၂) လက်သန့်ဆေးရည်ဆောင်ပါ

Source : Post Grad Problems

ရောဂါပိုးမွှားတွေဆိုတာ နေရာတိုင်းမှာရှိတက်ပေမယ့် သင့်အနေနဲ့ နေရာတိုင်းမှာ လက်ဆေးဖို့ရေနဲ့ ဆပ်ပြာအလွယ်တကူမရနိုင်ပါဘူး။ဒါကြောင့် အိတ်ဆောင်လက်သန့်ဆေးရည်ဗူးဆောင်ထားတာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ သတိရတိုင်းလက်သန့်ဆေးရည်လေးထုတ်ပြီး လက်ဆေးခြင်းက အချိန်ကုန်လည်းသက်သာစေသလို ရောဂါပိုးတွေကိုလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။ လက်သန့်ဆေးရည်ဝယ်ဆိုရင်တော့ alcohol ၆၀ ရာခိုင်နှုန်းအနည်းဆုံးပါတဲ့လက်သန့်ဆေးရည်မျိုး အသုံးပြုသင့်ပါတယ်။

(၃) ကျန်းမာစွာစားသောက်နေထိုင်ပါ

Source : Shutterstock

ခန္ဓာကိုယ့်ရဲ့ ကျန်းမာရေးကို အလေးထားဂရုစိုက်ပြီး ကိုယ်ခံအားစနစ်ကောင်းမွန်အောင်နေထိုင်မယ်ဆိုရင် တော်ရုံရောဂါပိုးတွေ မကူးစက်နိုင်ပါဘူး။ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေစားပေးခြင်း လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်း ကောင်းစွာအိပ်စက်အနားယူခြင်း စိတ်ဖိစီးမှုတွေလျော့ချခြင်းစသည်ဖြင့် ကျန်းမာတဲ့လူနေမှုဘဝပုံစံကိုထိန်းသိမ်း မယ်ဆိုရင် ရောဂါပိုးတွေကို တိုက်ထုတ်နိုင်ပြီး ကျန်းမာသန်စွမ်းတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

(၄) ရေဓာတ်ပြည့်ဝအောင်ဖြည့်ပါ

Source : Mercado Libre Argentina

ခန္ဓာကိုယ်ဟာ ရေဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့က အလွန်အရေးကြီးပါတယ်။ နေ့စဉ်ပုံမှန်ခန္ဓာကိုယ်မှလိုအပ်တဲ့ ရေဓာတ်ပမာဏကိုဖြည့်တင်းပေးခြင်းအားဖြင့် ခန္ဓာကိုယ်ကိုပုံမှန်လည်ပတ်စေပြီး ကိုယ်တွင်းအစိတ်အပိုင်းစနစ်တစ်ခုစီတိုင်းကို ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေပါတယ်။ဒါကြောင့် တစ်နေ့ကိုအနည်းဆုံးရေ (၈) ခွက်ခန့် သောက်သုံးပေးဖို့လိုအပ်ပါတယ်။

(၅) တခြားသူတွေနဲ့ မျှဝေသုံးစွဲခြင်းကိုရှောင်ပါ

Source : 790 KGMI

အစားအစာများ ရေဗူးနဲ့ တခြားသောတစ်ကိုယ်ရည်အသုံးဆောင်ပစ္စည်းတွေကို တခြားသူတွေနဲ့ ဝေငှသုံးစွဲခြင်းကို အထူးရှောင်ကျဉ်သင့်ပါတယ်။ဘယ်သူ့ ဘယ်သူမှာ ရောဂါပိုးမွှားရှိနေတယ်ဆိုတာ သင်ကိုယ်တိုင်လည်း မသိနိုင်သလို သူတို့ကိုယ်တိုင်လည်း မသိနိုင်ပါဘူး။ဘာကြောင့်လဲဆိုရင် သင်ရဲ့မိတ်ဆွေမှာ ရောဂါပိုးရှိနေရင်တောင် သူဟာကိုယ်ခံစွမ်းအားကောင်းနေတယ်ဆိုရင် ရောဂါလက္ခဏာမြင်ရမှာမဟုတ်ပါဘူး။သင်အနေနဲ့ မသိဘဲ တစ်ခုခုကိုမျှဝေသုံးစွဲမိမယ်ဆိုရင် ရောဂါပိုးအလွယ်တကူကူးစက်သွားနိုင်ပါတယ်။ဒါကြောင့် အစားအစာပဲဖြစ်စေ တစ်ကိုယ်ရည်အသုံးဆောင်ပစ္စည်းတွေပဲဖြစ်စေ တခြားသူတွေနဲ့ မျှဝေသုံးစွဲခြင်းကို လုံးဝရှောင်ကျဉ်သင့်ပါတယ်။