ကိုယ် စိတ်ဝင်စားနေတဲ့ ကောင်မလေးရဲ့အာရုံစိုက်မှုကို အရယူဖို့ ကြိုးစားပေမယ့် ကြိုးစားမှုကအရာမထင်လို့ စိတ်ညစ်နေပါသလား။ ကိုယ့်ဆီမှာများ သူ(မ) မကြိုက်တဲ့အရာတစ်ခုခု ရှိနေလို့များလားဆိုပြီး စိတ်မလုံမလဲဖြစ်နေပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။

သူ လိုအပ်ရင် အမြဲတမ်း အဆင်သင့်ရှိမနေပါနဲ့

tips for men to make a girl chase them

သင်တို့နှစ်ယောက်သည် ချစ်သူသမီးရည်းစားတွေ မဟုတ်သေးပါဘူး။ ဒါ့ကြောင့် သူ(မ)အတွက် အမြဲတမ်း အဆင်သင့်ရှိမနေပါနဲ့။ သူ(မ)ကို သင့်ရဲ့ဖြစ်တည်မှုသည်လည်း ဘယ်လောက်ထိအရေးပါကြောင်း သိရှိပါစေ။ သူ(မ)ကိုလည်း သင့်ကို လွမ်းတတ်အောင် သင်ပေးရပါမယ်။ ဒါမှ သင့်ကို သူ(မ) အလေးထားလာမှာဖြစ်ပါတယ်။ လွယ်လွယ်လေးရနေတဲ့အရာတွေဆို လူသားတွေက တန်ဖိုးသိပ်မထားတတ်ပါဘူး။

သူ(မ)ရဲ့သူငယ်ချင်းတွေနဲ့ မိတ်ဆွေဖွဲ့ပါ

tips for men to make a girl chase them

ဒီအချက်သည်လည်း သူ(မ)ရဲ့နှလုံးသားကို အရယူနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ တကယ်လို့ သူ(မ)ရဲ့သူငယ်ချင်းတွေက သင့်ကို မနှစ်သက်ဘူးဆိုရင် သင်တို့နှ်ယောက်ရဲ့အချစ်ရေးကလည်း အဆင်ပြေမှာမဟုတ်ပါဘူး။ သူ(မ)ရဲ့သူငယ်ချင်းများသည်လည်း အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုမှာ ပါဝင်ပါတယ်။

သူ(မ)ကို အနှောင့်အယှက်မပေးပါနဲ့

tips for men to make a girl chase them

မက်ဆေ့ချ်တစ်စောင်ပို့ထားလို့ သူ(မ)ဘက်က ပြန်စာမလာသေးတဲ့အခါ မက်ဆေ့ချ်တွေ တစ်စောင်ပြီးတစ်စောင် ထပ်မပို့ပါနဲ့။ ထိုကဲ့သို့ ပြုမူမိတဲ့အခါ သင်သည် အလွန်အမင်းတွယ်ကပ်လွန်းတယ်လို့ ယူဆပြီး သင့်ထံမှ တဖြည်းဖြည်း ရှောင်ပြေးသွားပါလိမ့်မယ်။

သူ(မ) စာမပြန်တာက အလုပ်ရှုပ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သည်းခံပြီး စောင့်ဆိုင်းကြည့်လိုက်ပါ။

သင့်ထံတွင် ရိုးသားမှုနှင့် သစ္စာရှိမှုတို့ ကိန်းအောင်နေကြောင်း ဖော်ပြပါ

tips for men to make a girl chase them

ကောင်မလေးတစ်ယောက်က သင်သည် ယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်ကြောင်း သိမြင်သွားတဲ့အခါ သင့်ကို သူတို့နှလုံးသား ပေးအပ်ဖို့ ဝန်မလေးပါဘူး။ သူ(မ)ရဲ့ ယုံကြည်မှုနဲ့ အားကိုးမှုတို့ အရယူဖို့အတွက် သင့်ဆီမှာလည်း ထိုအရာများ ရှိနေဖို့လိုအပ်ပါတယ်။

သူ(မ)ကို လေးလေးစားစားဆက်ဆံပါ

tips for men to make a girl chase them

သူ(မ)ရဲ့ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လေးစားပါ။ သူ(မ)က သင့်ကို ဖွင့်မပြောပြချင်တဲ့အရာတွေ ရှိနေတဲ့အခါမှာလည်း အတင်း လိုက်မေးဖို့ မကြိုးစားပါနဲ့။ သင့်ကို ယုံကြည်လာတဲ့အချိန်ကျရင် သူ(မ)ဘက်က အလိုလိုဖွင့်ဟလာပါလိမ့်မယ်။ မိန်းကလေးများသည် သူတို့ကို လေးလေးစားစားဆက်ဆံတဲ့ ယောကျာ်းများကို အထင်ကြီးတတ်ကြပါတယ်။

အလုပ်များနေအောင် ပြသပါ

tips for men to make a girl chase them

သင်သည် အလုပ်များနေတာကြောင့် သူ(မ)ရဲ့မက်ဆေ့ချ်ကို စာမပြန်နိုင်တဲ့အခါ သူ(မ)သည် သင် ဘာများဖြစ်နေသလဲ။ ဘာ့ကြောင့် သူ(မ)စာကို မပြန်သလဲ။ အလုပ်များနေတာလား။ ဒါမှမဟုတ် သူ(မ)ကို လျစ်လျူရှုနေတာလား စတဲ့ အတွေးပေါင်းများစွာဖြင့် သူ(မ) အတွေးနယ်ချဲ့နေပါလိမ့်မယ်။ ဒါဆိုရင် သင့်ကို သူ(မ) စိတ်ဝင်စားနေကြောင်း ပြသနေတာပါ။ သို့ပေမယ့် သင်သည် တမင်စာမပြန်တာမျိုးတော့ မလုပ်ပါနဲ့။ သူ(မ) သိသွားတဲ့အခါ သင့်ကို စိတ်ပျက်သွားနိုင်ပါတယ်။

Source: Lovepanky.com

Featured Image Source: Mantelligence.com