အသက်အရွယ်ထိန်းသိမ်းမှုတွေဟာ အသက်အရွယ်အလိုက် အမျိုးမျိုးရှိပါတယ်။ အမြဲတမ်းလည်း အသားအရေထိန်းသိမ်းဖို့ နည်းလမ်းတွေကို မျှဝေခဲ့ပြီးပြီမို့ ဒီတစ်ခါတော့ ၃၅ နှစ်အထက် ယောက်ျားတွေအတွက် အသားအရေထိန်းသိမ်းမှုနည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

မျှတအောင် စားသောက်ပါ။

Source: Eat This, Not That!

တကယ်တော့ အသက် ၃၅ နှစ်အရွယ် ယောက်ျားတွေအဖို့ ပိုပြီးမျှတအောင် စားသုံးဖို့လိုအပ်ပါတယ်။ ကျန်းမာစေတဲ့ လတ်ဆတ်တဲ့ အစားအသောက်တွေကို မျှတအောင် စားသောက်ပါ။ ဒီအရွယ်မှာ အစာခြေဖျက်နှုန်းကလည်း နည်းနည်း လျှော့နည်းလာပြီမို့ စားသမျှအာဟာရဖြစ်ပြီး အသားအရေအထောက်အကူရအောင် စားသုံးသင့်ပါတယ်။

အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်တဲ့အစားအစာ

Source: drweil.com

ဒီအရွယ်မှာ ပိုပြီးတော့ အိုမင်းရင့်ရော်မှုတွေကို ကာကွယ်တဲ့ အစားအသောက်တွေကို စားသောက်ဖို့ လိုအပ်သွားပါပြီ။ အိုမင်းရင့်ရော်မှုကို ကာကွယ်တဲ့ အစားအစာတွေကတော့ အစေ့အဆန်၊ လတ်ဆတ်ပြီး အရည်ရွှမ်းတဲ့ အသီးအနှံတွေနဲ့ ပဲပုပ်စေ့၊ အဆီထုတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။

ဘယ်လို Moisturizer ကို အသုံးပြုရမလဲ

Source: virtualdr.ir

ယောက်ျားလေးတွေအတွက် Moisturizer ကလည်း အမျိုးအစားက အစားစားပါပဲ။ တကယ်ကို မျိုးစုံနေအောင် ရှိနေတာပါ။ ဒီတော့ အသက် ၃၅ နှစ်ကျော်တဲ့အခါ ဘယ်လို Moisturizer ကို အသုံးပြုရမလဲဆိုတာကလည်း အရေးကြီးသွားပါပြီ။ အသက် ၃၅ နှစ်ကျော်တဲ့ အမျိုးသားတွေအတွက် ရေဓာတ် နဲ့ အဆီဓာတ် ဖြည့်တင်းပေးတဲ့ Moisturizer ကို ရွေးချယ်သုံးစွဲဖို့ အကြံပေးပါရစေ။

မျက်နှာသစ် မလွန်ပါစေနဲ့

Source: fashionbeans.com

မျက်နှာအသစ်မလွန်စေဖို့ သတိထားဖို့တော့လိုပါတယ်။ ယောက်ျားလေးအများစုဟာ ခဏခဏ မျက်နှာသစ်တတ်ကြပါတယ်။ ဒါ့ပြင် မျက်နှာသစ်ဆေးရည်သုံးစွဲရာမှာလည်း အပြင်းစားမျက်နှာသစ်ဆေးရည်ကို သုံးကြတာများပါတယ်။ တခြားအသက်အရွယ်တွေအတွက် ကိစ္စမရှိပေမယ့် ဒီ ၃၅ ကျော်လာရင်တော့ သတိထားသင့်ပါပြီ။ သဘာဝအဆီဓာတ်တွေ လျှော့ပါးစေတဲ့ အပြင်းစားမျက်နှာသစ်ဆပ်ပြာတွေအစား Anti-Aging Foam နဲ့ Creamy Foam တို့ကို သုံးပါ။

Skin Care သုံးစွဲမယ်ဆိုရင်လည်း

Source: gomalon.com

Skincare သုံးမယ်ဆိုရင်လည်း ကိုယ့်အသက်အရွယ်နဲ့ သင့်တော်တဲ့ Anti-Aging Skincare တွေကိုသာ ရွေးချယ်သုံးစွဲပါ။ Anti-Aging Skincare တွေက ဈေးတော့ကြီးပေမယ့် ၃၅ ကျော်အရွယ်တွေအတွက် အထူးထုတ်လုပ်ထားတာဖြစ်လို့ သုံးရတာတန်ပါတယ်။ အရေးကြောင်းကင်းစင်ပြီး အရွယ်တင်နုပျိုနိုင်ကြပါစေ။