လူတိုင်းမှာ အောင်မြင်မှုကို ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ် သတ်မှတ်ချက် ရှိတတ်ပါတယ်။ တစ်ယောက်ချင်းစီမှာ မတူတဲ့ဘဝလမ်းကြောင်းတွေ ရှိတတ်တော့ ကိုယ်တန်ဖိုးထားတဲ့ အောင်မြင်မှုကလည်း တစ်ဦးနဲ့တစ်ဦး တူမှာတော့ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် အောင်မြင်ချင်ရင် အောင်မြင်သူတွေရဲ့ မှတ်သားစရာစကားတွေ နားထောင်သင့်တယ်လို့ ပြောချင်ပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာပေါ်က ဩဇာအကြီးမားဆုံးပုဂ္ဂိုလ်တွေရဲ့ အောင်မြင်ရေးအဆိုအမိန့်တချို့ကို မျှဝေပေးလိုက်ပါတယ်။

oprah winfrey

Photo: CNBC

(၁) သင့်ကိုယ်သင် စိန်ခေါ်ပါ

“သင်မလုပ်နိုင်ဘူးလို့ ထင်တဲ့အရာတစ်ခု လုပ်ကြည့်ပါ။ ရှုံးချင်လည်း ရှုံးသွားပါစေ။ ထပ်ကြိုးစားလိုက်။ နောက်တစ်ကြိမ် ပိုကောင်းအောင် လုပ်ပြလိုက်။ ဘဝမှာတစ်ခါမှ ဒလိမ့်ခေါက်ကွေးမကျဘူးတဲ့လူတွေဟာ တစ်ခါမှကြိုးတန်း မလျှောက်ဖူးသူတွေ ဖြစ်တတ်ပါတယ်။ ဒါကသင့်ရဲ့ အခိုက်အတန့်ပါ။ ဒီအချိန်က သင်ပိုင်ပါတယ်။ “- အော်ဖရာဝင်းဖရေး

(၂) တွန်းထုတ်လိုက်

“အောင်မြင်ချင်ရင် အခုလို နေနေတာကနေ ကိုယ့်ကိုယ်ကိုယ် တွန်းထုတ်လိုက် ။ စိတ်ဓါတ်ခွန်အားအပြည့်နဲ့ အရှိန်တင်ပြီး ကြိုးစားလိုက်”- ရစ်ချတ်ဘရန်ဆန်

Steve Jobs

Photo: Business Insider

(၃) အမြင့်ဆုံးစံမှာ ထား

“အရည်အသွေးစံနဲ့ပတ်သက်လာရင် ပေတံတစ်ချောင်းလို ဖြစ်နေပါစေ။ တချို့လူတွေက အရည်အချင်းကောင်းတွေ မျှော်လင့်ထားတဲ့ပတ်ဝန်းကျင်နဲ့ အံမဝင်ကြဘူး။”- စတိဗ်ဂျော့စ်

(၄) စွဲမြဲခိုင်မာမှုရှိပါစေ

“ဇွဲရှိဖို့ သိပ်အရေးကြီးတယ်။ မင်းကို လက်လျှော့ဖို့ ဖိအားမပေးရင် လက်မလျှော့သင့်ဘူး။”- အီလွန်မတ်စ်

Former U.S. President George W. Bush

Photo: Reuters

(၅) တခြားသူတွေကို အကျိုးပြုပါ

“တခြားသူတွေကို အကျိုးပြုမှုမပါရင် အောင်မြင်တဲ့ဘဝလို့ အဓိပ္ပါယ်ဖွင့်လို့ မရပါဘူး။ (အများအကျိုးဖြစ်ဖို့) လုပ်စရာတစ်ခုခု ရှာပါ။ ထိုင်နေရာက ထလိုက်တော့”- ဂျော့ချ်ဒဗလျူဘု့ချ်

Featured Photo: onepercentbetter