နေ့ခင်း တစ်ရေးတစ်မော အိပ်တာက ကောင်းကျိုးတွေရှိနေသလို တစ်ဘက်မှာလည်း အချိန်မှားပြီး အိပ်မောကျသွားရင် ဆိုးကျိုးတွေရှိနေပါတယ်။ နေ့ခင်းအိပ်ပြီး ညဘက် အိပ်မပျော်တဲ့ အကျင့်ရှိသူတွေအနေနဲ့ နေခင်းဘက် တစ်ရေးတစ်မောအိပ်ခြင်းကို ရှောင်ရှားပေးစေလိုပါတယ်။ ဒီနေ့မှာ နေ့ခင်း တစ်ရေးတစ်မော အိပ်တက်သူတွေအနေနဲ့ သိထားသင့်တဲ့ အချက်လေးတွေကို ဝေမျှပေးသွားမှာပါ။

တစ်ရေးမှေးဖို့ အချိန်ကောင်း

Source: Healthline

ခဏလောက်မှေးချင်တယ်ဆိုရင် အကောင်းဆုံးအချိန်က နေ့လယ် (၁၂) နာရီကနေ (၃) နာရီကြားဖြစ်ပါတယ်။ အခြားအချိန်တွေမှာ မှေးဖို့ဟာ သင့်အတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။ ညနေ (၃) နာရီကျော်တာနဲ့ ဘယ်လောက်ထိပဲအိပ်ချင်အိပ်ချင် မအိပ်လိုက်ပါနဲ့။ ညဘက်အိပ်ဖို့ အခတ်အခဲဖြစ်လာနိူင်ပါတယ်။

နိုးစက်လုပ်ထားပါ

Source: Today Show

လေ့လာမှုတွေအရ အကောင်းတစ်ရေးမှေးဖို့အတွက် အကောင်းဆုံးကြာချိန်က (၁၀-၂၀) မိနစ်ကြားရှိသင့်တယ်လို့ ဆိုထားပါတယ်။ ဒီထက် အိပ်ချိန်ကြာသွားရင်တော့ ခေါင်းနောက်တာတွေ၊ ခေါင်းမူးတာတွေနဲ့ နိုးထလာနိုင်ပါတယ်။

ကော်ဖီမသောက်ပါနဲ့

Source: Healthline

တစ်ရေးမမှေးခင် ကော်ဖီလုံးဝမသောက်ပါနဲ့။ ကဖိန်းဓာတ်အနည်းငယ် သင့်ခန္ဓာကိုယ်ထဲရောက်သွားရင်တောင် အိပ်ခြင်းကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါ့ကြောင့် တစ်ရေးအိပ်ဖို့ စီစဉ်ထားတယ်ဆိုရင် ကော်ဖီရှောင်ပေးပါ။

နယ်မြေရပ်ခြား

Source: Best Life

အချိန်ကွာခြားတဲ့ နိုင်ငံခြားတိုင်းပြည်မျိုးကို သွားမယ်ဆိုရင်လည်း တရေးတမော မမှေးသင့်ပါဘူး။ သင်ရောက်သွားတဲ့အချိန်ဟာ နေ့အချိန်ဖြစ်နေတယ်ဆိုရင်လည်း အဆိုပါအရပ်မှာ မမှေးသင့်ပါဘူး။ သင့်ကိုယ်တွင်းက အချိန်မှတ်ဖြစ်စဉ်ဟာ ကပြောင်းကပြန်ဖြစ်လာနိုင်တာကြောင့်ပါ။

အာရုံစူးစိုက်မှု

Source: Best Life

အာရုံစူးစိုက်မှုအပြည့်နဲ့ အလုပ်မျိုး လုပ်ဖို့ ရှိတယ်ဆိုရင် ကြိုတင်ပြီး ပြည့်ပြည့်ဝဝ အိပ်ထားပါ။ အနားအနီးမှ ခဏလောက် မှေးပြီး လုပ်တာဟာ အာရုံစူးစိုက်မှုကို လျော့ကျစေပါတယ်။ ခဏမှေးပြီးထလာတဲ့အခါ ခေါင်းမကြည်တာတွေ၊ ခေါင်းအုံနေတာတွေ ဖြစ်တတ်တာကြောင့်ပါ။