ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုံးအလုပ်အများစုဟာ အိမ်ကနေ လုပ်ရတဲ့ အနေအထားကို ရောက်လာပါတယ်။ အိမ်ကနေ အလုပ်လုပ်ရတော့မယ်ဆိုရင် ကျန်းမာပျော်ရွှင် အလုပ်တွင်ကျယ်ဖို့ လိုက်နာသင့်တဲ့ နည်းလမ်းလေးတွေ မျှဝေချင်ပါတယ်။

(၁) သပ်သပ်ရပ်ရပ်ဝတ်ပါ

Photo: Freepik

Work From Home မှာ Motivate ဖြစ်ဖို့ တကယ်ရုံးတက်သလိုမျိုး မဟုတ်တောင် ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ် ဝတ်စားသင့်ပါတယ်။

(၂) အလုပ်နေရာသက်သက်ထားပါ

Photo: Freepik

အိမ်ထဲမှာ အနှောင့်အယှက်နည်းပြီး စိတ်အာရုံစုစည်းလို့ ကောင်းမယ့် နေရာတစ်ခု ရှာထားပါ။ Work From Home မှာ အိမ်ကနေ ဗွီဒီယိုအင်တာဗျူးတွေ လုပ်ရနိုင်တာကြောင့် ကိုယ်ပိုင်အလုပ်စားပွဲနဲ့ လုပ်တာ အကောင်းဆုံး ဖြစ်ပါတယ်။

(၃) အချိန်ဇယားဆွဲထားပါ

Photo: Freepik

အလုပ်လည်း အာရုံစိုက် လုပ်နိုင်ပြီး ကိုယ့်အတွက်ကိုယ်လည်း အချိန်ပေးနိုင်မယ့် အချိန်ဇယားတစ်ခုတော့ ဆွဲထားဖို့ လိုပါတယ်။ တစ်နေ့တာ လုပ်မယ့် To-Do List လေး ရှိတော့ အလုပ်လည်း တွင်သလို ကိုယ့်အတွက် သီးသန့်အချိန်လည်း ထွက်လာမှာပါ။

(၄) ကျန်းမာအောင်နေပါ

Photo: Freepik

အလုပ်လည်း လုပ် ၊ ကိုယ့်ကိုယ်ကိုယ်လည်း ကျန်းမာအောင်နေပါ။ အိမ်ထဲက အိမ်ပြင်မထွက်ရတာ ကြာရင် ညောင်းညာပြီး ပင်ပန်းလွယ်လာနိုင်ပါတယ်။ ဒါကြောင့် အားကစားလုပ်ပါ။ စိတ်ချမ်းသာအောင် ထားပါ။ အာဟာရပြည့်အောင်စားပါ ။ Work From Homeယဉ်ကျေးမှုနဲ့ အလိုက်သင့်နေနိုင်အောင် လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။