ခံတွင်းရနဲ့ ဆိုးဝါးခြင်းဟာ ဘေးပတ်ဝန်းကျင်ကလူတွေကို အနှောက်အယှက်ပေးတဲ့အပြင် လူတွေရဲ့ ယုံကြည်မူကိုလည်း ထိခိုက်စေနိူင်ပါတယ်။ ဒီလိုခံတွင်းအနံ့အသက် မကောင်းဘူးဆိုရင် လူတွေနဲ့လည်း အဆက်အသွယ်မလုပ်ချင်တော့ဘဲ လူမူဆက်ဆံရေးအဆင်မပြေမူတွေဖြစ်လာနိူင်ပါတယ်။ ဒါကြောင့် kwee page က ခံတွင်းရနံ့ဆိုးခြင်းကို ပျောက်ကင်းအောင် ကုသနိူင်မယ့် နည်းလမ်းလေးတွေ ပြောပြပေးသွားမှာပါ။
သွားကိုတစ်နေ့ (၂) ကြိမ်ပုံမှန်တိုက်ပေးပါ

Source: Duncan OK Dentist
ပါးစပ်ထဲမှာ ကျန်နေခဲ့တဲ့ စားကျွင်းစားကျန်တွေနဲ့ ဘက်တီးရီးယားတွေဟာ ခံတွင်းနံ့ကို ဆိုးရွားစေပါတယ်။ ဒါကြောင့် တစ်နေ့ကို (၂) ကြိမ်သွားတိုက်ပေးဖို့ လိုအပ်ပါတယ်။
မှန်ကန်သောသွားတိုက်နည်း

Source : Freepik
ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ နူးညံ့တဲ့သွားပွတ်တံကိုအသုံးပြုပြီး သွားတိုက်ပေးပါ။ သွားတိုက်တဲ့အခါမှာလည်း လက်ကိုစက်ဝိုင်းပုံစံလှုပ်ရှားပြီး တိုက်ပါ။ ကြမ်းတမ်းသောသွားတိုက်နည်းက သွားဖုံးကိုထိခိုက်စေသောကြောင့် နူးညံစွာတိုက် ဖို့မမေ့ပါနှင့်။ ကောင်းမွန်သောသွားတိုက်ခြင်းသည် ၃မိနစ်ခန့် အချိန်ယူပါသည်။
ရှေ့သွားတွေကနေစ,တိုက်ပြီး တဖြည်းဖြည်းနဲ့ဘေးဖက်ကိုတိုက်သွားပါ။ ပြီးရင် အရှေ့ကို ပြန်လာပါ။ ဒါမျိုးကို နှစ်ကြိမ်သုံးကြိမ်လောက်လုပ်ပေးပါ။ တချို့ဘက်တီးရီးယားတွေက လျှာပေါ်မှာရှိနေပြီး အနံ့ဆိုးတွေကို ဖြစ်စေနိုင်တဲ့အတွက် လျှာကိုလည်း အသာအယာပွတ်တိုက်ပေးဖို့လည်း လိုအပ်ပါတယ်။ လျှာကို အနောက်မှအရှေ့သို့ သန့်ရှင်းပါ။ ပလုတ်ကျင်းပေးပါ။
အာလုတ်ကျင်းဆေးရည်သုံးပါ

Source: Duncan OK Dentist
မှန်မှန်ပလုတ်ကျင်းခြင်းသည် သင့်ပါးစပ်ကိုစိုစွတ်၍ ပိုးမွှားကင်းစေသည်။ ကလိုရင်းဒိုင်အောက်ဆိုဒ်ပါ၀င်သော အာလုတ်ကျင်းဆေးကိုရွေးချယ်ပါ။ ခံတွင်းနံ့ နံစေသော ဘက်တီးရီးယားအများစုဟာ လျှာအနောက်ဘက်တွင် နေကြပါတယ်။ ထိုနေရာသည် ပုံမှန်သွားတိုက်ခြင်းနဲ့ အလှမ်းမမီပါ။ ထို့ကြောင့်ကလိုရင်းဒိုင်အောက်ဆိုဒ်ပါသော အာလုတ်ကျင်းဆေးနှင့် မှန်မှန်ပါးစပ်ကျင်းပေးခြင်းက ထိုဘက်တီးရီးယားများကို သေစေနိုင်သည်။
သွားပွတ်ကြိုးသုံးပေးပါ

Source: Youtube
သွားပွတ်ကြိုးသုံးခြင်းသည် သွားတိုက်သလိုပဲ အရေးကြီးပါတယ်။ သွားပွတ်ကြိုးကိုပထမဆုံးစတင် အသုံးပြုချိန်တွင် သင်သွားဖုံးအတွင်း အချိန်အတော်ကြာရှိနေသော အစားအစာများပြုတ်ထွက်ခြင်းကြောင့် သွေးထွက်နိူင်ပါတယ်။ အသုံးပြုပြီးနောက် သင့်သွားပွတ်ကြိုးကို နမ်းကြည့်ပါ။ သင်ဘာကြောင့်ခံတွင်းနံ့ နံရသည်ကိုသိပါလိမ့်မည်။
အပေါ်က အချက်တွေနဲ့အဆင်မပြေဘူးဆိုရင်တော့ သွားဆရာဝန်နဲ့တိုင်ပင်ပြီး အကြံညဏ်ယူသင့်ပါတဘ်။
