လူတစ်ယောက်ရဲ့ ဘဝမှာ ပျော်ရွှင်တယ် မပျော်ရွှင်ဘူးဆိုတာ အဲ့ဒီလူပေါ်မှာဘဲ ၇၀ ရာခိုင်နှုန်းမူတည်ပါတယ်။ မိမိရဲ့ ဘဝသက်တမ်းတစ်လျောက်လုံးမှာ ပျော်ရွှင်စွာဖြတ်သန်းချင်တယ်ဆိုရင် အခုပြောပြမယ့် စည်းမျဉ်းတွေကို အစဉ်သတိရနေဖို့အရေးကြီးပါတယ်။

(၁) လက်ရှိဘဝကိုတန်ဖိုးထားပါ

Source : Pixabay

လူတိုင်းကတော့ မိမိလက်ရှိဖြစ်တည်နေတဲ့ ဘဝကနေ ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခုရရှိချင်ကြတာသဘာဝပါ။ သို့ပေမယ့်လည်း အများစုကတော့ နောက်ထပ်ပိုကောင်းတဲ့နေရာတစ်ခုကို ဘယ်လိုရောက်အောင်ကြိုးစားရမလဲဆိုတာထက် လက်ရှိဘဝကိုထိုင်ပြီးအပြစ်တင်ညီးတွားနေတက်ကြတာဖြစ်ပါတယ်။ကိုယ်ဘဝမှာပျော်ရွှင်ချင်တယ်ဆိုရင်လက်ရှိဘဝကိုလက်ခံပြီး တန်ဖိုးထားတက်ရပါမယ်။

(၂) ကိုယ့်ကိုယ်သာယှဉ်ပြိုင်ပါ

Source : Freepik

လူတိုင်းလူတိုင်းမှာ အကောင်းဆုံးယှဉ်ပြိုင်ဖို့ ပြိုင်ဘက်ကောင်းတစ်ယောက်ရှိပါတယ်။အဲ့ဒီလူကတော့ ကိုယ်ကိုယ်တိုင်ပဲဖြစ်ပါတယ်။တပါးသူတွေ ပြိုင်ကားစီးနေတာမျိုး နောက်ဆုံးပေါ်ဖုန်းတွေကိုင်နေတာမျိုးတွေကို ပြိုင်ခြင်းဟာ ပြိုင်ဆိုင်ခြင်းမဟုတ်ပါဘူး။ကိုယ့်ဒီနှစ် ဝင်ငွေထက် နောက်တစ်နှစ် ပိုရှာနိုင်အောင်ကြိုးစားခြင်း လက်ရှိရာထူးထက်ပိုကောင်းတဲ့နေရာရောက်အောင်ကြိုးစားခြင်း စသည်ဖြင့် ကိုယ့်ကိုယ်ကိုသာ အကောင်းဆုံးယှဉ်ပြိုင်ပါ။

(၃) မိမိကိုယ်ကိုချစ်ပါ

Source : 123RF.com

ကိုယ်ကိုယ့်ကိုချစ်တက်ခြင်းဟာလည်း ဘဝမှာပျော်ရွှင်စေတဲ့အဓိက အချက်တစ်ခုဆိုတာ မမေ့ထားသင့်ပါဘူး။ ကိုယ်ကိုယ့်ကိုချစ်ပြီး ကိုယ်ကိုယ့်ကို တန်ဖိုးထားရင် ပျော်ရွှင်မှုဆိုတာ အလိုလိုခံစားလာရမယ့်အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ကိုယ့်ကိုယ်စိတ်ဆင်းရဲစေမယ့်လူတွေအနားကထွက်သွားလိုက်ပါ။ကိုယ်ကိုအနှောက်ယှက်ပေးနေတဲ့အရာတွေကို စွန့်ပစ်လိုက်ပါ။

(၄) အဆိုးမြင်စိတ်နည်းအောင့်လေ့ကျင့်ပါ

Source : Freepik

ဘဝမှာအဆိုးတွေချည်းဘဲ ဘယ်တော့မှမလာနိုင်သလို အကောင်းတွေပဲလည်းမလာနိုင်ပါဘူး။ အဆိုးအကောင်းဆိုတာ တစ်လှည့်စီကြုံတွေ့နေရတဲ့အရာတစ်ခုပါ။ ဒါပေမယ့် မိမိကိုယ့်ကိုယ်ကို အဆိုးမြင်စိတ်တွေဖျောက်တက်ဖို့ လေ့ကျင့်ထားမယ်ဆိုရင် တော်ရုံမကောင်းတဲ့အရာတွေနဲ့ ကြုံလာပါစေ အဆိုးထဲကအကောင်းဆိုတာမျိုးကို လက်ခံတက်သွားမှာပါဖြစ်ပါတယ်။ဒါဆိုရင်သင့်ဘဝမှာပျော်ရွှင်ဖို့ရာခိုင်နှုန်းပိုများလာမှာပါ။