ဝန်ထမ်းဘဝမှာ ထူးချွန်တဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ခြင်းဟာလည်း ဘဝရဲ့ တစ်စိတ်တစ်ပိုင်းအောင်မြင်မှုတစ်ခုလို့ပြောလို့ရပါတယ်။ လူတိုင်းကတော့ ကိုယ်ရောက်နေတဲ့ နယ်ပယ်အလုပ်ခွင်တစ်ခုမှာ တော်တယ်ထူးချွန်တယ်ဆိုတဲ့ ရလဒ်မျိုးတွေကိုပဲ လိုချင်ကြတာပါ။ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ထူးချွန်တဲ့ဝန်ထမ်းတစ်ယောက်ဖြစ်ဖို့ သိထားရမယ့် ဆောင်ရန်ရှောင်ရန်အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

(၁) လိုက်ရောညီထွေနေတက်အောင်ကြိုးစားပါ

Source : Shutterstock

လုပ်ငန်းခွင်တစ်ခုမှာ လူအမျိုးမျိုးစိတ်အထွေထွေ ပုံစံကာလာမျိုးစုံ စိတ်ဓာတ်ခံယူချက်မျိုးစုံနဲ့ လူတွေရှိတက်ပါတယ်။ လူတိုင်းနဲ့ အဆင်ပြေပြေနေဖို့ဆိုတာ မလွယ်ပေမယ့် အားလုံးနဲ့ သင့်တင့်လျောက်ပတ်အောင် လိုက်ရောညီထွေမှုရှိစွာနေထိုင်တက်ဖို့က အရေးကြီးပါတယ်။ လုပ်ဖောက်ကိုင်ဖက်တွေနဲ့ အဆင်ပြေပြေနေနိုင်ခြင်းကလည်း အလုပ်ခွင်မှာအောင်မြင်မှုတစ်ခုလိုဆိုနိုင်ပါတယ်။

(၂) ပရော်ဖက်ရှင်နယ်ဆန်ပါ

Source : Shutterstock

မန်နေဂျာပဲဖြစ်ဖြစ် လုံခြုံရေးဝန်ထမ်းပဲဖြစ်ဖြစ် ကိုယ်တာဝန်ယူထားရတဲ့ နေရာတစ်ခုမှာ ပရော်ဖက်ရှင်နယ်ဆန်စွာလုပ်ကိုင်ခြင်းက ထူးချွန်တဲ့ ဝန်ထမ်းတွေရဲ့ ပြရုဒ်တစ်ခုပါပဲ။ ဒါကြောင့် ကိုယ်ကဘယ်နေရာ ဘယ်ရာထူးမှာပဲဖြစ်ဖြစ် ကိုယ်လုပ်ဆောင်ရမယ့် တာဝန်တွေကို ကောင်းစွာအာရုံစိုက်ပြီးလုပ်ဆောင်ပါ။ တာဝန်ကျေပွန်မှု တာဝန်ယူမှု တာဝန်ခံမှုရှိပါစေ။ ဘာပဲလုပ်လုပ်စေတနာလေးထည့်လုပ်ပါ။

(၃) အမှားတစ်ခုကိုထပ်ခါထပ်ခါမလုပ်မိပါစေနဲ့

Source : Shutterstock

လူတိုင်းလူတိုင်းအမှားနဲ့ မကင်းနိုင်ကြပါဘူး။ ဒါပေမယ့် အမှားတွေကနေ လေ့လာသင်ယူပြီး အမှန်ကိုပြင်နိုင်ဖို့တော့လိုအပ်ပါတယ်။ တစ်ကြိမ်မှားတာက မကျွမ်းကျင်သေးတဲ့ အခြေအနေတစ်ကြောင့်လိုဖြည့်တွေးနိုင်ပေမယ့် အကြိမ်ကြိမ်အခါအခါ အမှားတွေ ထပ်ထပ်လုပ်မိရင်တာ့ ကိုယ့်ရဲ့ အသုံးမကျမှုလို့ပဲဆိုရမှာပါ။ ဒါကြောင့် အမှားတစ်ခုကို ဘယ်တော့မှ ထပ်ခါထပ်ခါမမှားမိဖို့ ဂရုစိုက်သင့်ပါတယ်။

(၄) ပိုကောင်းတဲ့သူဖြစ်အောင်ကြိုးစားပါ

Source : Shutterstock

တော်တဲ့သူ ထူးချွန်တဲ့သူတစ်ယောက်ဖြစ်ဖို့ တခြားသူတွေနဲ့ ယှဉ်ပြိုင်နေစရာမလိုပါဘူး။ ကိုယ်တိုင်ပဲ ကိုယ်ကိုယ့်ကို ပြန်ပြီးယှဉ်ပြိုင်သင့်ပါတယ်။ သင်ကိုယ်တိုင်သာ သင့်ရဲ့ ပြိုင်ဘက်လိုသဘောထားပါ။ မနက်ဖြန်သင်က ဒီနေ့သင်ထက်ပိုကောင်းဖို့ပဲအရေးကြီးပါတယ်။ ဒီလိုကိုယ့်ကိုယ်ကိုပိုကောင်းအောင် လေ့လာမယ်သင်ယူမယ် ဇွဲရှိရှိနဲ့ ကြိုးစားမယ်ဆိုရင် အလုပ်ခွင်မှာ သင့်ရဲ့ နာမည်ကအလိုလိုကျော်ကြားလာမှာပါ။