စိတ်ကောက်တက်တဲ့ ချစ်သူကောင်မလေးမျိုး ပိုင်ဆိုင်ထားတဲ့ ကွီးတွေရှိတွေရှိလား။ မိန်းကလေးတွေရဲ့ သဘာဝကိုက စိတ်ဆိုးစိတ်ကောက်ခြင်းတွေကို မူပိုင်ခွင့်ယူထားတာဖြစ်ပြီး စိတ်ဆိုးနေချိန်ကွီးတို့ ဘက်က အလိုက်သိစွာမချော့တက်ရင်တော့ ပြဿနာကြီးနိုင်ပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ ကွီးတို့အတွက် အသုံးဝင်စေမယ့် ချော့နည်းလေးတွေအကြောင်း မျှဝေပေးလိုက်ပါတယ်။
(၁) ပွေ့ဖက်ပါ
Source : Shutterstock
မိန်းကလေးတစ်ယောက်ရဲ့ ပျော့ကွက်က ကြင်ကြင်နာနာထွေးပွေ့မှု အထိအတွေ့တွေပါ။ ဘယ်လောက်ပဲစိတ်ဆိုးနေပါစေ ကိုယ်ချစ်သူရဲ့ ကြင်နာတဲ့ ပွေ့ဖက်မှုကို ကြာကြာတောင့်မခံနိုင်ပါဘူး။ သင့်အနေနဲ့ သူမကိုပွေ့ဖက်ရင်း စိတ်ဆိုပြေစေမယ့် ကြင်ကြင်နာနာစကားလေးတွေကိုလည်း ပြောပေးဖို့လိုပါမယ်။
(၂) နားထောင်ပေးပါ
Source : Shutterstock
သူမအနေနဲ့ ဘယ်အရာကိုစိတ်ဆိုးတယ် ဘာကြောင့်စိတ်ဆိုးတယ်ဆိုတာ သေချာလေးမေးပြီး ဂရုစိုက်နားထောင်ပေးလိုက်ပါ။ ဒေါသအရိပ်တွေပါနေပါစေ စိတ်လေးလျော့ မာနတွေဘေးဖယ်ပြီးနားထောင်ပေးပါ။ဒါဆိုရင်သူမအနေနဲ့ ရင်ထဲကခံစားချက်တွေကို ပြောပြရတဲ့အတွက် စိတ်နည်းနည်းပြေသွားမှာဖြစ်သလို သူမရဲ့ ခံစားချက်တွေကို ဂရုတစိုက်နားထောင်ပေးတဲ့ ကွီးအပေါ်ကိုလည်း အသိမှတ်ပြုမှာပါ။
(၃) သဘောကျစေမယ့်အရာလေးတွေလုပ်ပေးပါ
Source : Shutterstock
စိတ်ကောက်နေတဲ့ ချစ်သူကောင်မလေးကိုချော့ဖို့အတွက် သူမသဘောကျစေမယ့် အရာလေးတွေနဲ့ ကိုယ်ဘက်စက ငြိမ်းချမ်းရေးကိုပြန်ယူသင့်ပါတယ်။ တခြားကြီးကြီးမားမား လက်ဆောင်တွေပေးနိုင်မှမဟုတ်ပါဘူး။ သူမကိုကြိုမပြောပဲ သူမရှိတဲ့နေရာကိုသွားလိုက်တာမျိုး ရောင်စုံစက္ကူလေးတွေပေါ်မှာ စာရေးပြီးချော့တာမျိုး ဆိုရှယ်မီဒီယာမှာ စုံတွဲဓာတ်ပုံလေးတင်ပြီးချော့တာမျိုး စတဲ့အရာလေးတွေနဲ့ သူမကို စိတ်ဆိုးပြေအောင်ချော့လို့ရပါတယ်။
(၄) ရယ်စရာလေးတွေပြောပြပါ
Source : Shutterstock
ရယ်မောခြင်းက လူတစ်ယောက်ရဲ့စိတ်ကို နူးညံ့သိမ့်မွေ့သွားေအောင် ကူညီပေးနိုင်စွမ်းရှိပါတယ်။ သူမကိုစိတ်ဆိုးပြေပြီး ရယ်မောပျော်ရွှင်သွားစေချင်တယ်ဆိုရင်တော့ ရယ်စရာကောင်းတဲ့ဟာသလေးတွေ အမှတ်တရလေးတွေကို ပြောပြပေးပါ။ သူမရဲ့ လက်လေးကိုဆုပ်ကိုင်ပြီး အတူတူရယ်မောပျော်ရွှင်မယ်ဆိုရင် စိတ်ဆိုးနေတာတွေအကုန်မေ့ပြီး အချစ်တွေပိုမိုတိုးပွားလာစေမှာဖြစ်ပါတယ်။