လူတစ်ယောက်အတွက် အလုပ်ခွင်ဆိုတာ ဒုတိယအိမ်ဆိုလည်းမမှားပါဘူး။ဒါပေမယ့် အလုပ်ခွင့်က သင့်အတွက်ပျော်ရွှင်ဖို့ကောင်းမနေရင် အလုပ်ထဲမှာစိတ်ပါမှာမဟုတ်သလို ကိုယ်ရဲ့စွမ်းဆောင်ရည်တွေကလည်း တဖြေးဖြေးကျဆင်းလာနိုင်ပါတယ်။ဒါကြောင့် ဒီနေ့မှာတော့ အလုပ်ခွင်မှာပျော်ရွှင်စေမယ့် ထိရောက်တဲ့နည်းလမ်းတစ်ချို့ကိုပြောပြပေးချင်ပါတယ်။
(၁) လုပ်ဖော်ကိုင်ဖက်တွေနဲ့ဆက်ဆံရေးတည်ဆောက်ပါ
Source : Shutterstock
လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေတဲ့ ဆက်ဆံရေးမျိုးရှိခြင်းကလည်း ဝန်းထမ်းတစ်ယောက်ကို အလုပ်ခွင်မှာပျော်စေတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ခွင်အတွင်းက လုပ်ဖော်ကိုင်ဖက်အချင်းချင်း အဆင်ပြေအောင်နေပါ။ စီနီယာတွေကို လေးစားမှုထားပြီး နောက်တက်လာတဲ့ ဂျူနီယာတွေကိုလက်တွဲခေါ်ပါ။ ဝန်းထမ်းအချင်းချင်းတစ်ယောက်ကိုတစ်ယောက်ခင်မင်ရင်းနှီးမှုများစွာရှိတဲ့ အလုပ်ခွင်က သင့်အတွက်မိသားစုသဖွယ်ထွေးနွေးပျော်ရွှင်စေရမှာဖြစ်ပါတယ်။
(၂) အကောင်းဆုံးလုပ်ဆောင်ပါ
Source : Shutterstock
အလုပ်ခွင်မှာဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင်တက်နိုင်သလောက် ကြိုးစားပြီးလုပ်ဆောင်ပါ။ ကိုယ်လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေကို တာဝန်ကျေရုံပြီးရောလုပ်ဆောင်တာထက် အကောင်းမွန်ဆုံးဖြစ်အောင် စေတနာတရားလေးထည့်ပြီးလုပ်ဆောင်ပေးသင့်ပါတယ်။ အလုပ်ကိုတန်ဖိုးထားရင် အလုပ်ကလည်းကိုယ့်ကို ပြန်ပြီးတန်ဖိုးထားတယ်ဆိုတာ မမေ့ပါနဲ့။ ကုပ္မဏီရဲ့အကျိုးဟာ ကိုယ့်အကျိုးလို့ပင် သဘောထားပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခုကဲ့သို့ စေတနာထားပြီးလုပ်ဆောင်ကြည့်ပါ။
(၃) တက်နိုင်သလောက်ကူညီပေးပါ
Source : Shutterstock
တစ်ယောက်ကို တစ်ယောက်ရိုင်းပင်းကူညီတယ်ဆိုတာ မင်္ဂလာတစ်ပါးပါပဲ။ အလုပ်နဲ့ပတ်သတ်ရင် ကိုယ်နဲ့အတူတစ်လှေတည်းစီး တစ်ခရီးတည်းသွားနေတဲ့ ဝန်းထမ်းအချင်းချင်း တက်နိုင်သလောက် ရိုင်းပင်းကူညီသင့်ပါတယ်။ တပါးသူကို ကူညီခြင်းက ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုလည်းတိုးတက်စေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက် အလုပ်နဲ့ပတ်သတ်ပြီး အခက်အခဲဖြစ်နေရင်ကူညီပေးလိုက်ပါ။ ဒါဆိုရင် တဖက်လူလည်းအခက်အခဲတွေက လွန်မြောက်မှာဖြစ်သလို သင်လည်းပျော်ရွှင်မှုကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။
(၄) ရည်မှန်းချက်ကိုပုံဖော်ပါ
Source : Shutterstock
လူအများစုပြောကြတဲ့စကားတစ်ခုရှိပါတယ်။ ဘဝမှာ ကိုယ်တကယ်ဝါသနာပါတဲ့အလုပ်ကို လုပ်ပါဆိုတဲ့စကားပါ။ ဒီစကားလေးက မှန်တယ်ဆိုပေမယ့် တစ်ချို့သူတွေအတွက်တော့ ရည်မှန်းချက်တွေပုံဖော်နိုင်ဖို့ အဆင်ပြေတဲ့အလုပ်ခွင်မှာ ဝင်လုပ်နေရတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် အခြေအနေအကြောင်းအကြောင်းကြောင့် လက်ရှိအလုပ်က ကိုယ့်ရဲ့ ဝါသနာနဲ့ မကိုက်ညီခဲ့ရင်တောင် ကိုယ့်ရဲ့ ရည်မှန်းချက်ကိုတော့ ပျောက်မသွားပါစေနဲ့။ တဖြေးဖြေးချင်း ကိုယ်တကယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ လေ့လာစရာတွေဆက်လေ့လာပါ။သင်တန်းတွေတက်ပါ။ လက်ရှိအလုပ်ခွင်ကို ရည်မှန်းချက်တွေပုံဖော်နိုင်ဖို့ လှေကားထစ်တွေလို့သဘောထားပြီး တက်လှမ်းနေမယ်ဆိုရင် သေချာပေါက်ပျော်ရွှင်ရမှာပါ။