မင်္ဂလာပါ။ ယောက်ျားလေးအများစုကတော့ စီးပွားရေးအကြောင်းကိစ္စဖြစ်ဖြစ်၊ စိတ်ဝင်စားလို့ပဲဖြစ်ဖြစ် မိန်းကလေးတွေနဲ့ စကားပြောတဲ့အခါ ဘာအခက်အခဲမှမရှိကြပါဘူး။ ဒါပေမယ့် တကယ်တမ်း တည်ကြည်ရမယ့် အခြေအနေတွေကို ရောက်လာပြီဆိုရင်တော့ ဂရုစိုက်ရမယ့် အခြေအနေလေးတွေ ရှိပါတယ်။

မိန်းကလေးတစ်ယောက်နဲ့ ပထမဦးဆုံး စကားပြောတဲ့အခါမှာကတည်းက ကိုယ့်ကိုမေ့မရဖြစ်သွားအောင်၊ အမှတ်တွေရသွားအောင် သိထားရမယ့် အချက်လေးတွေကို ပြောပြမယ်နော်။

၁။ သူမ နေရမခက်အောင် ပြုံးပြုံးလေးနေပါ

Source: Zoosk

သူမနဲ့စကားပြောနေစဉ်အတွင်းမှာ ကိုယ့်ရဲ့အပြုံးအစစ်အမှန်ကို ပြသလိုက်ပါ။ သူမစကားပြောနေစဉ်အတွင်းမှာ စိတ်မပါတပါနဲ့ ပြုံးပြခြင်းက သူများကို လေးစားမှုမရှိရာရောက်သလို ဂရုမစိုက်ရာ ဖြစ်သွားနိုင်ပါတယ်။

၂။ ချီးမွမ်းစကားလေးတွေ ထည့်ပြောပေးပါ

Source: UnderstandingRelationships.com

ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ လူတိုင်းကတော့ ချီးမွမ်းစကားအပြောခံရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ချီးမွမ်းစကားဆိုရာမှာလည်း စိတ်မပါတပါ ပြောတာမျိုးမဟုတ်ဘဲ သူပြောပြတာကို သေချာနားထောင်ကာ စိတ်ဝင်တစားနဲ့ ပြန်လည်ဖြေကြားမျိုးကိုပဲ ပြုလုပ်ပေးပါ။

၃။ အကြည့်ချင်းဆုံပေးပါ။

Source: Psychology Today

သူမစကားပြောနေတဲ့အချိန်ပဲဖြစ်စေ၊ ကိုယ်ပြောနေတဲ့အချိန်မှာပဲဖြစ်စေ၊ တစ်ဖက်လူကို ကြည့်ရင်းနဲ့ စကားပြောပါ။ ဟိုကြည့်ဒီကြည့်လုပ်ရင်းနဲ့ စကားပြောတာက စိတ်ဝင်စားစရာလည်းမကောင်းသလို မိန်းကလေးတွေကို စိတ်ဆိုးစရာဖြစ်သွားစေနိုင်ပါတယ်။

၎။ ယုံကြည်ချက်ရှိရှိနဲ့ စကားပြောပါ။

Source: A Conscious Rethink

ဘယ်အချိန်ပဲဖြစ်ဖြစ် စကားပြောနေတဲ့အချိန်မှာ ရှက်သလိုလို၊ ကြောက်သလိုလိုမလုပ်ဘဲ ယုံကြည်ချက်ရှိရှိနဲ့ ရဲရဲတင်းတင်း စကားပြောပါ။ စကားကိုကွေ့ဝိုက်ပြောတာမျိုးလည်းမဟုတ်ဘဲ ပြောစရာရှိတာကို ထုတ်ပြောလိုက်ပါ။

၅။ ရယ်စရာလေးတွေ ထည့်ပြောပါ

Source: sheknows.com

စကားတွေချည်းပဲ ဆက်တိုက်ပြောနေမယ်ဆိုရင် ကြာလာပါက ပျင်းစရာကောင်းလာနိုင်ပြီး စိတ်ဝင်စားမှုလည်း လျော့ကျသွားနိုင်ပါတယ်။ ဒါကြောင့် တစ်ဖက်လူစိတ်ဝင်စားအောင် ရယ်မောစရာလေးတွေပါ ထည့်ပြီးပြောပေးပါ။ စကားဝိုင်းတစ်ခုအသက်ဝင်စေဖို့အတွက် အရယ်အမောလေးတွေက လိုကိုလိုအပ်ပါတယ်။

Featured Image Source: Victoria Buzz