အကောင်းမြင်မှုဆိုတာ လက်ရှိအခိုက်အတန့်မှာ နေတတ်ခြင်းလို့ ပြောကြပါတယ်။ အကောင်းမြင်စိတ်ဆိုတာ ရွေးချယ်ရယူမှုတစ်ခုလည်း ဖြစ်ပါတယ်။ ကိုယ့်အမြင်ဟာ ကိုယ့်ကို အကောင်းမြင်စိတ်နဲ့ မကောင်းမြင်စိတ်နှစ်မျိုးစလုံး ဖြစ်စေနိုင်ပါတယ်။ နေ့စဉ်ခေါင်းထဲ ရောက်လာတဲ့ အတွေးတွေထဲမှာ အကောင်းမြင်စိတ်တွေချည်းပဲ ဖြစ်ချင်ရင် ဒီနည်းလမ်းတွေ အသုံးချသင့်ပါတယ်။

(၁) အတွေးတွေ လွှတ်ချထားပါ

man looking at sunset

Photo: Unsplash

အတွေးတွေက များသောအားဖြင့် မကောင်းတဲ့အမြင်နဲ့ ပြည့်နေတတ်ပါတယ်။ အကောင်းမြင်စိတ်နဲ့ နေနိုင်ဖို့ဆို ခေါင်းထဲက အတွေးတွေ ရှင်းထုတ်ဖို့ လိုပါတယ်။ နေ့စဉ်အတွေးတွေကို သတိနဲ့ပြန်ကြည့်တတ်တဲ့ အကျင့်လုပ်ထားရင် အတွေးတွေ လွှတ်ချပြီးသား ဖြစ်မှာပါ။ သတိနဲ့ ကြည့်တဲ့ အကျင့်ဆိုတာ “ငါအခု ဘာလုပ်နေတာလဲ” လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်တဲ့ မေးခွန်း မေးတာပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းကို မေးပြီးပြီးချင်း ကိုယ့်စိတ်ဟာ ပစ္စုပ္ပန်အခြေအနေကို တန်းရောက်သွားမှာပါ။ ပစ္စုပ္ပန်တည့်နေတဲ့စိတ်ဟာ အကောင်းမြင်စိတ်ကို ရှေးရှုတဲ့ စိတ်ဖြစ်ပါတယ်။

(၂) မမှီနဲ့

man resting at the lake

Photo: Unsplash

အကောင်းမြင်ခြင်းဆိုတာ စိတ်ပိုင်းဆိုင်ရာ ကြိုပြီး ပြင်ဆင်ထားခြင်းတစ်ခုပါပဲ။ လူတွေ မပျော်ရွှင်ရတဲ့ အကြောင်းတစ်ခုက အလုပ်မှား အကိုင်မှားတွေ လုပ်မိလို့။ အတိတ်က လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို ခေါင်းထဲက မဖျောက်ဖျက်နိုင်ဘဲ တနုံ့နုံ့နဲ့ စိတ်မသက်မသာဖြစ်နေရတာ ၊ နောင်တတွေ ၊ မုန်းတီးမှုတွေနဲ့ ချုပ်နှောင်ထားမိတာမျိုးဟာ မှီနေတဲ့ သဘောပါပဲ။ အရင်က ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အတိတ်ကို မှီပြီး ခံစားမနေပါနဲ့။ ဒီလိုပါပဲ။ အနာဂါတ်မှာ မဖြစ်သေးတဲ့ ပြဿနာတွေနဲ့ အလားအလာတွေကို တွေးပြီး ပူနေတာဟာ အနာဂါတ်ကို မှီပြီး ခံစားနေတာပါပဲ။ ဒါတွေ လွှတ်ချတတ်ဖို့ လိုပါတယ်။

(၃) ကျေးဇူးတင်တတ်ဖို့ လိုတယ်

hand and flower

Photo: Unsplash

မကောင်းမြင်တဲ့ အတွေးတွေက ကျွန်တော်တို့ကို ဆွဲချနေပါတယ်။ ဘဝကို ပြည့်ပြည့်ဝဝ ခံစားဖို့ ၊ ပျော်ပျော်ရွှင်ရွှင် ကျေနပ်နေနိုင်ဖို့ နဲ့ စိတ်ချမ်းသာဖို့ ဆိုတဲ့ အရေးကြီးတဲ့အချက်တွေ မလုပ်ဖြစ်အောင် ဆွဲချနေပါတယ်။ ကိုယ်ရတဲ့ ဘဝတစ်ခုမှာ ပျော်စရာကို ရှာတတ်ပြီး ကျေးဇူးတင်စရာတွေ မြင်တတ်ရင် ပိုပြီး အကောင်းမြင်တဲ့လူတစ်ယောက် ဖြစ်လာမှာ အမှန်ပါပဲ။

(၄) ကြင်နာမှုတွေ မျှဝေပါ

two men making hand shaking

Photo: Unsplash

ကရုဏာနဲ့ မျှဝေလိုစိတ်ဟာ လောကကို အကောင်းမြင်တဲ့ လူ့အဖိုးတန်ကြီးတွေရဲ့ စိတ်ထားတစ်မျိုးပါပဲ။ မေတ္တာတရားထားတတ်ရင် ၊ ကိုယ်ချင်းစာတရား ထားကြည့်ရင် မောဟတွေရဲ့အလွန်က လူအချင်းချင်း စောင့်ရှောက်ရမယ်ဆိုတဲ့ အမြင်ကို မြင်တတ်ပါတယ်။ ကြင်နာမှုဟာ လူတိုင်းနဲ့ ထိုက်တန်တယ်လို့ စိတ်ပိုင်းဖြစ်ထားပြီး ခက်ခဲသူကို ကူ ၊ လိုအပ်သူကို မျှဝေပြီး နေတတ်ရင် အကောင်းမြင်စိတ်ထက်ပိုတဲ့ စိတ်မြင့်စိတ်မြတ်နဲ့ နေတတ်သူ ဖြစ်လာမှာ အမှန်ပါပဲ။

Featured Photo: edCircuit