Confidence လို့ ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည်မှုဟာ ယောင်္ကျားတစ်ယောက်ကို အထွဋ်အထိပ်ရောက် အောင်မြင်စေတဲ့ အကြောင်းတရားတွေထဲက တစ်ခုဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာတဲ့အခါ လူဟာ ဘဝမှာ ကြုံလာတဲ့ အရာတွေကို ကောင်းကောင်း ရင်ဆိုင်ဖြေရှင်းနိုင်ပြီး ပြဿနာတွေကို ခေါင်းမရှောင်ဘဲ ပြဿနာတွေထဲက အခွင့်အလမ်းတွေ ဖော်ဆောင်လာနိုင်ပါတယ်။

ယုံကြည်ချက်ရှိတဲ့သူဟာ အခါခါ ရှုံးနေရင်တောင် စိတ်ဓါတ်က မြင့်မားနေတဲ့သူမျိုး ဖြစ်ပါတယ်။ ဒီလိုလူတွေပဲ လောကမှာ နေရာပေးခံရတာ ဖြစ်ပါတယ်။ ဒါကြောင့် Confident ရှိတဲ့ ယောင်္ကျားတစ်ယောက် ဖြစ်အောင် နေထိုင်ပြုမူရမယ့်နည်းလမ်းတွေ မျှဝေပေးလိုက်ပါတယ်။

(၁) ပစ္စုပ္ပန်တည့်တည့်ကျအောင် နေပါ

portrait-happy-businessman-standing-front-business-center

Photo: Freepik

လူအများစုဟာ ကိုယ်အရင်က ဆုံးရှုံးခဲ့တဲ့ လုပ်ရပ်တွေ ၊ မှားခဲ့တဲ့ အမှားတွေရဲ့ အရိပ်ကို လက်ရှိအချိန်အထိ အမိုးခံနေကြပါတယ်။ ဒါကြောင့်ပဲ ကိုယ့်စွမ်းရည်ကို ကိုယ် ပြန်ပြီး သံသယဝင်ကြတာ ဖြစ်ပါတယ်။ အောင်မြင်ကြီးပွားတဲ့သူတွေလည်း ရှုံးခဲ့ဖူးကြတာပါပဲ။ အတိတ်မှာ ပြန်မတွေးချင်လောက်တဲ့ အမှားတွေ လုပ်ခဲ့ဖူးကြမှာပါပဲ။
Confident ရှိရှိ ဘဝကို ဖြတ်သန်းဖို့ဆိုရင် ပြီးခဲ့တာတွေ ပြီးပါစေလို့ သဘောထားနိုင်ရပါမယ်။ လက်ရှိအချိန် ၊ လက်ရှိနေရာနဲ့ လက်ရှိကြုံနေတဲ့ ကိစ္စရပ်တွေအပေါ်ပဲ အာရုံအပြည့်စိုက်ဖို့ လုပ်ပါ။ မနက်ဖြန် ဘာဖြစ်မလဲလို့ တွေးပူမနေပါနဲ့။ အခု ရှိနေတဲ့ဘဝကနေ စိတ်ကျေနပ်စရာ ၊ ဂုဏ်ယူစရာဖြစ်အာင် နေတတ်ဖို့ ကြိုးစားသွားမယ်ဆိုရင် သိပ်မကြာခင်မှာ Confidence Level တက်လာမှာ ဖြစ်ပါတယ်။

(၂) တခြားသူတွေ အမြင်ကို လျစ်လျူရှုတတ်ပါ

cheerful-leader-motivating-his-business-team

Photo: Freepik

ကိုယ်ဘာပဲ လုပ်လုပ် ၊ ဘာစကားပဲ ပြောပြော လူတွေမှာ ကိုယ်နဲ့ ပတ်သက်လို့ ပြောစရာတစ်ခုခုတော့ ရှိတတ်စမြဲပါပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူဟာ ဘယ်သူတွေ ဘာထင်ထင် ကိုယ်ထားတဲ့ ပန်းတိုင်ကို ဖြစ်နိုင်တယ်လို့ ယုံကြည်မှုအပြည့်ထားတဲ့သူ ဖြစ်ပါတယ်။ Self-Confident ပိုကောင်းချင်ရင် အရေးမပါသူတွေရဲ့ အဓိပ္ပါယ်မဲ့ ထင်ကြေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမဖြတ်မိစေဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ်သာ ယုံကြည်မှု ရှိနေမယ်ဆိုရင် ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်ဖို့ ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး။

(၃) ပြုံးတဲ့အကျင့်လည်း မကြာမကြာ လုပ်ပေးပါ

horizontal-shot-handsome-charismatic-young-man-with-black-hair-stubble-posing-isolated-pointing-fore-fingers-having-confident-flirty-facial-expression-choosing-you-body-language

Photo: Freepik

အခက်အခဲ ၊ အကြပ်အတည်းတွေအကြားမှာ ပြုံးနိုင်တဲ့သူဟာ အဲ့ဒီအခက်အခဲကို ကျော်လွှားနိုင်တဲ့သူဖြစ်ပါတယ်။ ပြုံးတာရဲ့ အားသာချက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုမြှင့်တင်နိုင်ပြီး လူတွေကို ကိုယ်က ခင်မင်နှစ်လိုဖွယ်ကောင်းပြီး ပွင့်လင်းတဲ့သူ ဖြစ်ကြောင်း အချက်ပြနေတာပဲ ဖြစ်ပါတယ်။ ကျန်းမာရေးအမြင်အရ ကြည့်မယ်ဆိုရင်လည်း ပြုံးတာဟာ ဦးနှောက်ထဲက ပျော်ရွှင်မှု ဟော်မုန်းတွေဖြစ်တဲ့ Endorphins တွေကို ထုတ်နိုင်အောင် အားပေးတာကြောင့် Self-Confidence ကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။

(၄) ကိုယ့်ကိုယ်ကိုယ် လေးလေးစားစား နေပါ

man-with-fist-air-during-sunset-freedom-courage-concept

Photo: Freepik

ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့စိတ်နဲ့ နေတယ်ဆိုတာ ကိုယ့်ရဲ့ ကိုယ်နဲ့ စိတ်ကျန်းမာရေးကို မထိခိုက်အောင် နေတာ ၊ ကိုယ့်သိက္ခာကို ထိပါးမယ့်ကိစ္စတွေနဲ့ ကင်းကင်းရှင်းရှင်းနေတာမျိုး ဖြစ်ပါတယ်။ အင်္ကျီအဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်ဆင်တာ ၊ တစ်ကိုယ်ရည် သန့်ရှင်းမှု အလေးထားတာကနေ ကိုယ့်ကို နိမ့်ကျစေအောင် တခြားသူတွေနဲ့ လိုက်နှိုင်းယှဉ်တုပတာမျိုး မလုပ်တာအထိ ပါပါတယ်။
အခုလို Social Media ခေတ်မှာ အွန်လိုင်းလူမှုကွန်ရက်တွေပေါ်မှာ အချိန်ကုန်ခံလွန်းတာ ၊ အကျိုးမရှိတဲ့ စာတွေ ဖတ်တာ ၊ ဆေးလိပ်/အရက်/ကွမ်း စားသောက်တာမျိုးတွေနဲ့ မကောင်းတဲ့ အပေါင်းအသင်းတွေနဲ့ ပေါင်းတာ သင်းတာမျိုး လုပ်တာတွေကလည်း Self-Respect ကို ထိခိုက်စေနိုင်လို့ ရှောင်ကြဉ်သင့်တဲ့အချက်ထဲမှာ ပါဝင်ပါတယ်။

(၅) အောင်မြင်မှုသေးသေးလေးတွေကအစ ချီးမြှောက်တတ်ပါစေ

businessman-which-shadow-standing-holding-trophy-success-wall

Photo: Freepik

သေးသေးကြီးကြီး ကိုယ်လုပ်ခဲ့တဲ့ အောင်မြင်မှုတိုင်းဟာ အရေးကြီးပါတယ်။ ဒီလို ဖြတ်သန်းခဲ့တဲ့ အောင်မြင်ထမြောက်မှုတွေကိုလည်း ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုတဲ့အနေနဲ့ ဂုဏ်ယူတာ ၊ ကိုယ့်ကိုယ်ကိုယ် ပြန်ဆုချီးမြှင့်တာမျိုး လုပ်ပေးပါ။ တစ်ခါတလေမှာ သိပ်အရေးမကြီးလှဘူးထင်တဲ့ အလုပ်ဖြစ်မှုလေးတွေအတွက် (ဥပမာ- မနက်စောစော အလုပ်သွားဖြစ်တာ ၊ အလုပ်တွေ သတ်မှတ်နောက်ဆုံးရက် မတိုင်ခင် ပြီးတာ)ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုပေးမယ်ဆိုရင် တစ်နေ့ထက် တစ်နေ့ ပိုလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာမှာ ဖြစ်ပါတယ်။