ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ချို့ရုံးတွေက ခွင့်ရက်ရှည်ပေးနေကြပြီး တစ်ချို့လည်း အိမ်ကနေ အလုပ်လုပ်တဲ့ Work From Home မူ ကျင့်သုံးနေပါတယ်။ အားလပ်ရက်မှာ အပြင်မထွက်ရခြင်းနဲ့ Lifestyle အပြောင်းအလဲတွေကြောင့် ဝိတ်တက်လာနိုင်ပါတယ်။
ပိတ်ရက်ကြာလေ ဝိတ်တက်လာလေ မဖြစ်စေဖို့ အိမ်မှာနေရင်း ဝိတ်မတက်အောင် ဒီနည်းလေးတွေ ကျင့်သုံးဖို့ တိုက်တွန်းချင်ပါတယ်။

(၁) Meal Plan ထားပါ

Photo: Healthline

လူတော်တော်များများဟာ အားလပ်ရက်မှာ ပေါက်ကရတွေ ပိုစားမိတတ်ပါတယ်။ အစားစားချိန်မှာ လိုက်နာသင့်တဲ့ အချက်တွေ ရှိပါတယ်။ သင့်အောင်စားပြီး ကြေညက်အောင် ဝါးဖို့ပါ။ နောက်ပိုအရေးကြီးတာက ဘယ်နေ့ဘာစားမယ်ဆိုတဲ့ Diet လုပ်ထားတဲ့ အစားအသောက်စာရင်းလုပ်ထားဖို့ ဖြစ်ပါတယ်။
ဝိတ်မတက်အောင် ထိန်းရာမှာ အရေးကြီတဲ့ နည်းလမ်းတစ်ခု ရှိပါသေးတယ်။ အဲ့ဒါကတော့ စားသောက်နေချိန်မှာ အစားအသောက် စားသုံးမှုကို သိနေခြင်း Mindful Eating လုပ်နေဖို့ပါပဲ။

(၂) ကောင်းကောင်းအိပ်ပါ

Photo: mensjournal

ရုံးပိတ်ရက်တွေမှာ သန်းခေါင်လင်းအားကြီးအထိ မအိပ်ဘဲ ဂိမ်းကစားတာ ၊ ရုပ်ရှင်ကြည့်တာမျိုး ရှောင်သင့်ပါတယ်။ အိပ်‌ရေးပျက်ခြင်းဟာ ဝိတ်တက်စေနိုင်တဲ့ အကြောင်းရင်း ဖြစ်ပါတယ်။ အိပ်ရေးမဝသူတွေဟာ ပိုဆာလောင်တတ်လာပြီး ကယ်လိုရီ စားသုံးမှု များသလို ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်မှုလည်း နည်းစေပါတယ်။

(၃) အမျှင်ဓါတ်စားပေးပါ

Photo: Unsplash

အမျှင်ဓါတ်စားခြင်းဟာ ဝမ်းချုပ်ခြင်းကို တိုက်ဖျက်နိုင်တဲ့ သဘာဝနည်းပါ။ အမျှင်ဓါတ်ပါတဲ့ အစားအသောက်တွေ ဖြစ်တဲ့ ဟင်းသီးဟင်းရွက်များ ၊ သစ်သီးများ ၊ အစေ့အဆံ ၊ ပဲ နဲ့ ဂျုံများ စားသုံးပေးသင့်ပါတယ်။ အားလပ်ရက်မှာ အထိုင်များခြင်း ၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းဟာ ဝမ်းချုပ်စေနိုင်ပြီး ဝမ်းချုပ်ခြင်းကြောင့် ဗိုက်မှာ အဆီပိုစုနိုင်ပါတယ်။

(၄) အချိုစားမှု လျှော့ပါ

Photo: Pexels

သကြားဓါတ်ဟာ ဝိတ်တက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းပါ။ အချိုရည်ဓါတ်လွန်ကဲတဲ့ အဖျော် ယမကာတွေကို ရှောင်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝအသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ကိုယ်တိုင် ချက်ပြုတ်စားတာက ဝိတ်လည်း ထိန်းပြီး ဖြစ် ၊ အကုန်အကျလည်း သက်သာစေပါလိမ့်မယ်။

(၅) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

Photo: Pexels

အပြင်မထွက်ဖြစ်တဲ့အချိန်တွေမှာတောင် ပုံမှန် Workout လေးတွေ လုပ်ပေးလို့ရပါတယ်။ ကိုယ့်ကိုယ်ကို Gym သွားနေတယ်လို့ သတ်မှတ်ထားပြီး နေရာမရွေ့ပြေးတာ ၊ ဒိုက်ထိုးတာ ၊ ဝမ်းဗိုက်ကြွက်သားအားကောင်းအောင် Belly ကစားတာ နဲ့ Bent-Leg Raise လေ့ကျင့်ခန်းတွေ လုပ်သင့်ပါတယ်။ ဒါဆိုရင် ပုံမှန်အတိုင်း ဝိတ်ထိန်းပြီး ဖြစ်ပါလိမ့်မယ်။