ချမ်းသာဖို့ဆိုတာ လူ ၁၀၀ မှာ ၉၉ ယောက်ရဲ့ အိပ်မက်တောင် ဖြစ်နိုင်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ချမ်းသာဖို့ဆိုတာကျတော့ ဖြစ်ပါ့မလားဆိုတဲ့ သံသယတစ်ဝက်ပါတဲ့ အိပ်မက်မျိုးပါ။ တကယ်တော့ လူလတ်ပိုင်းအရွယ် မဝင်ခင်မှာ မီလျံနာဖြစ်နိုင်ပါတယ်။ ကမ္ဘာပေါ်မှာလည်း အသက် ၃၀ တန်း ကိုယ့်ဒူးကိုယ်ချွန်မီလျံနာတွေ သန်းပေါင်းများစွာ ရှိပါတယ်။
အမေရိကန်မှာ ရှိတဲ့ မီလျံနာတွေရဲ့ ၆% ဟာ အသက် ၂၉ နှစ်အောက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် မီလျံနာ ၁.၇၉ သန်းဟာ အသက် ၃၀ အောက်နဲ့ မီလျံနာ ဖြစ်နေတာပါ။ ဒီလိုလူငယ်မီလျံနာတွေ တက်ခဲ့တဲ့ ချမ်းသာရေးလမ်းကြောင်းကို ကြည့်ရင် အခုပြောတဲ့အချက်တွေ လုပ်ဆောင်ခဲ့တာ တွေ့ရမှာပါ။
(၁) ငွေနောက်လိုက်ပါ
Photo: Pexels
ချမ်းသာချင်ရင် ငွေနောက်လိုက်ရမှာပါပဲ။ သင့်ပတ်ဝန်းကျင်က စီးပွားရေးလုပ်လို့မကောင်းတဲ့ ပတ်ဝန်းကျင်ဖြစ်နေရင် ကြီးပွားနိုင်မယ့်နေရာကို သွားဖို့ လိုပါတယ်။ ပထမဆုံး လုပ်ရမယ့်အချက်က ဝင်ငွေတိုးပြီးရင်း တိုးမယ့်လမ်းကြောင်းကို အာရုံစိုက်ဖို့ ဖြစ်ပါတယ်။ ဝင်ငွေလမ်းကြောင်းသစ်တွေ ရှာပြီး ဝင်ငွေတိုးမယ့်အခွင့်အလမ်းတွေအမြဲ ကြံဆနေပါ။ မချမ်းသာမချင်း မလိုအပ်တာတွေ ဝယ်ပြီး ရှာထားတာတွေ မဖြုန်းမိဖို့ လိုပါတယ်။
(၂) အစုအဆောင်းရှိပါ
Photo: Pexels
ငွေစုပါ။ ငွေစုရုံနဲ့ မချမ်းသာပေမယ့် စုထားတဲ့ငွေနဲ့ လုပ်လို့ရတာတွေ အများကြီး ရှိပါတယ်။ ကိုယ်ပိုင်စီးပွားရေးပဲလုပ်လုပ် တခြားလုပ်ငန်းတွေမှာ အရင်းအနှီးထည့်ဖို့ပဲ ြဖစ်ဖြစ် စုဆောင်းထားတာလေးတွေကို တိုးပွားဖို့ အသုံးချပါ။ ကိုယ်ပြန်မဆပ်နိုင်လောက်တဲ့ ငွေပမာဏမျိုး ချေးတာမျိုး ရှောင်ပါ။ လုပ်ငန်းလုပ်ဖို့ ငွေချေးတယ်ဆိုရင် ထပ်တလဲလဲ စဉ်းစားပါ။ ကျွမ်းကျင်သူရဲ့ အကြံကိုယူပါ လို့ ပြောချင်ပါတယ်။
(၃) ငွေကို အလုပ်ပေးပါ
Photo: Pexels
လူအိပ်နေပေမယ့် ငွေမအိပ်ပါစေနဲ့လို့ ဆိုကြပါတယ်။ ကိုယ်ရှာထားတဲ့ငွေက ကိုယ်အိပ်နေချိန်မှာ ကိုယ့်အတွက် အလုပ်လုပ်ပေးနေအောင် ရင်းနှီးမြှပ်နှံတာ ၊ ထိထိရောက်ရောက် အသုံးချတာမျိုး လုပ်ပါ။ ငွေဝင်နိုင်မယ့်စီးကြောင်းတွေ အသစ်အသစ် ဖော်ပါ။ လုပ်ငန်းအိုင်ဒီယာတွေ ထုတ်ပါ။ စွန့်ဦးတီထွင်တဲ့ Startup ဘက်ကို သွားပါ။ အိုင်ဒီယာတူတဲ့ မိတ်ဆွေတွေနဲ့ စီးပွားရေးလေးတွေ လုပ်ကြည့်ပါ။
(၄) Millionaire Mentor ရှာပါ
Photo: Pexels
ချမ်းသာချင်ရင် သူဌေးတွေဆီက ငွေရှာနည်း/ငွေအသုံးချနည်း အတုယူပါ။ ဒါကို Millionaire Mentor (မီလျံနာဆရာ) လို့ ခေါ်နိုင်မယ် ထင်ပါတယ်။ လူအများစုဟာ ဆင်းရဲသူနဲ့ အလယ်အလတ်တန်းက များပါတယ်။ ချမ်းသာချင်ရင် လူနည်းစုဖြစ်တဲ့ သူဌေးတွေ/အမျှော်အမြင်ရှိတဲ့ မီလျံနာတွေနဲ့ ပေါင်းသင်းပါ။ သူတို့ကို ဆရာတင်ပါ။ အဲ့ဒီလူတွေဆီက အကြံကို အလေးထားပါလို့ တိုက်တွန်းလိုက်ရပါတယ်။
Featured Photo: Business Insider