မိမိချမှတ်ထားတဲ့ ရည်မှန်းချက်ကို အမှန်တကယ် ပြည့်ဝလာအောင် ဘယ်လိုကျင့်ကြံအားထုတ်ရမလဲဆိုတာ သင် သိပါသလား။

ရည်မှန်းချက်ပန်းတိုင်ဆီ လျှောက်လှမ်းနေရင်း လမ်းတဝက်မှာ စိတ်ပင်ပန်းနွမ်းနယ်လာကာ အားလျော့လာတတ်ကြပါတယ်။ ဒီလိုမျိုး ခရီးတစ်ဝက်မှာ လက်လျော့ချင်စိတ်ပေါ်ပေါက်လာတိုင်း အခုဖော်ပြပေးမယ့်အချက်များ အသုံးပြုကာ ပြန်လည်အားမွေးနိုင်ပါတယ်။

F.O.C.U.S ဆိုတဲ့ စကားလုံးလေကို သတိရလိုက်ပါ

Tips to Be Consistently Consistent for Men

သူ့ရဲ့အရှည်ကောက်ကတော့ “Follow One Course Until Success” ဖြစ်ပါတယ်။ ဆိုလိုတာကတော့ သင့်ရဲ့ရည်မှန်းချက် ပြည့်ဝအောင်မြင်လာတဲ့အချိန်အထိ သင့်ရဲ့ပန်းတိုင်နောက်သို့ လိုက်ရမှာဖြစ်ပါတယ်။ မိမိသည် ဘာကို လိုချင်သလဲဆိုတာကို ပြတ်ပြတ်သားသား သိဖို့လိုအပ်ပြီး မလျော့သောဇွဲနဲ့ ကြိုးစားရမှာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် သံသယ မဝင်ပါနဲ့

Tips to Be Consistently Consistent for Men

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိဘဲ သံသယ ဝင်နေမယ်ဆိုရင် တစ်ပန်းရှုံးပါတယ်။ သင့်ရဲ့သံသယစိတ်က သင့်ကို ဝါးမျိုသွားပြီး တဖြည်းဖြည်းနဲ့ သင့်ရဲ့လုံ့လ၊ ဝီရိယကိုလည်း တိုက်စားသွားပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ထားပါ။ သံသယစိတ်ကို ဖယ်ရှားဖို့ ကြိုးစားပါ။

ခိုင်မာပြတ်သားတဲ့စိတ်နဲ့ အိပ်ရာနိုးထကာ မိမိကိုယ်ကို ကျေနပ်စိတ်နဲ့ အိပ်ရာဝင်ပါ

Tips to Be Consistently Consistent for Men

အလုပ်ကိစ္စတစ်ခုကို လုပ်ချင်စိတ်မရှိဘူးဆိုရင်တောင်မှ လုပ်သင့်တဲ့အရာဆိုရင် မဖြစ်မနေ လုပ်ကို လုပ်ရပါမယ်။ မနက်နိုးထလာတဲ့အခါ ပျင်းရိစိတ်ကို ဖယ်ရှားပြီး ကိုယ့်ရဲ့လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်း လုပ်ဆောင်ပါ။ အိပ်ရာဝင်တဲ့အခါ ကိုယ့်ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုကာ မိမိကိုယ်ကို ကျေနပ်စိတ်ဖြင့် အိပ်ရာဝင်ရပါမယ်။

သင် နေ့စဉ်ပြုလုပ်တဲ့အရာက သင့်ကို အောင်မြင်မှုနဲ့ နီးစပ်အောင် (သို့) ဝေးကွာအောင် ပြုလုပ်နိုင်ပါတယ်

Tips to Be Consistently Consistent for Men

ဂရိတွေးခေါ်ပညာရှင်ကြီး အရစ္စတိုတယ်က “ကျွနု်ပ်တို့ ထပ်ခါတလဲလဲ ပြုလုပ်နေတဲ့အရာက ကျွနု်ပ်တို့သည် ဘယ်လိုလူစားလဲဆိုတာကို ဖော်ပြပေးနေပါတယ်” လို့ ပြောကြားခဲ့ဖူးပါတယ်။ ကျွန်တော်တို့သည် နေ့စဉ်နေ့တိုင်းမှာ ပျင်းရိငြီးငွေ့တတ်နေမယ်ဆိုရင် ပျင်းရိတဲ့လူသားပဲဖြစ်နေမှာပါ။ နေ့စဉ်နေ့တိုင်းမှာ မလျော့သောဇွဲနဲ့ ထပ်ခါတလဲလဲကြိုးစားနေမယ်ဆိုရင်တော့ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာမှာပါ။

Source: Medium.com