ယနေ့ခေတ်မှာ ညဘက်အိပ်မပျော်တဲ့လူ တော်တော်များလာပါတယ်။ ဒါက ဘာဖြစ်လို့လဲဆိုတော့ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရရော အသက်ရှင်ဖို့အတွက် ရုန်းကန်လှုပ်ရှားရတာစတဲ့ အကြောင်းအရာတွေအပြင် အခြားအကြောင်းအရာတွေ အမျာကြီးရှိပါတယ်။

ဒီနေ့ kwee page ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ ညဘက်အိပ်မပျော်တဲ့ ဝေဒနာကို ဘယ်လိုပျောက်ကင်းအောင် ကုသမလဲဆိုတာပါပဲ။

အိပ်ပျော်အောင် အကျင့်လုပ်ပေးပါ

Source: Yoga Rhythms

အိပ်စက်ရမယ့်အချိန်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သက်တောင့်သက်သာ၊နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်အောင် သင့်ခန္ဓာကိုယ်ကို နေ့စဉ်မှန်မှန်လေ့ကျင့်ပေးပါ။ အိပ်ယာမဝင်ခင် နာရီဝက်၊ တနာရီလောက် တရားထိုင်တာ (သို့) စာဖတ်တာ (သို့) ရေနွေးစိမ်ပေးတာတွေကို ပုံမှန်လေး ပြုလုပ်ပေးနိုင်ပါတယ်။ သီချင်းအေးအေးလေးတွေကလည်း စိတ်ကိုအေးချမ်းစေပြီး အိပ်ပျော်သွားအောင် ကူညီပေးနိူင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် မတူညီတာကြောင့် မိမိနဲ့လိုက်ဖက်မယ့် နည်းလမ်းကို ရွေးချယ်စမ်းသပ်အသုံးပြုကြည့်ဖို့ အကြံပေးပါရစေ။

အိပ်ယာဝင်ခါနီး ဖုန်းသုံးတာ၊ လက်တော့ပ်သုံးတာမျိုး ရှောင်ကျဉ်ပေးပါ

Source: Beaumont Health

ဒီပစ္စည်းတွေက ထွက်တဲ့ အလင်းဟာ အိပ်စက်ခြင်းကို နှောင့်ယှက်နိုင်တာမို့ အိပ်ယာပေါ်မှာ ဖုန်း၊ လက်တော့ပ် စသည့် ပစ္စည်းတွေအသုံးပြုခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။

အချိန်ကိုခဏခဏ မကြည့်ပါနဲ့

Source: Joy 94.9

အချိန်ကိုခဏခဏကြည့်ပြီး “ငါ့ရဲ့အိပ်ချိန်ဘယ်လောက်ပဲ ကျန်တော့တယ်။ ငါအခုထိအိပ်မပျော်နိူင်သေးဘူး။ မနက်ဖန်တော့ ငိုက်နေတော့မှာပဲ။” စသဖြင့် စိတ်ထဲမှာ အဆက်မပြတ်တွေးနေခြင်းက ကောင်းကျိုးထက် ဆိုးကျိုးတွေကိုပဲ ပိုဖြစ်စေပါလိမ့်မယ်။ ဒါ့ကြောင့် နာရီကို ခဏခဏကြည့်တာ မလုပ်ဖို့ အကြံပြုပါရစေ။

အိပ်ခါနီး ဗိုက်တင်းကားနေအောင် မစားပါနဲ့

Source: Healthline

ညဘက် အိပ်ခါနီးမှာ အစာတွေ တနင်းတပို့စားခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။ ညဘက် ဗိုက်တင်းကားနေခြင်းဟာ အိပ်စက်ခြင်းကို အနှောက်အယှက်ပေးရုံမက အစာအိမ်ကိုလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။

အိပ်စက်ခြင်းဟာ လူသားတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတခုပါ။ ကျန်းမာရေးလို့ ပြောလိုက်ရင် အိပ်ရေးဝဝ အိပ်ခြင်းကို ချန်ထားခဲ့လို့မဖြစ်ပါဘူး။ ဒါ့ကြောင့် အိပ်ချိန်ကို တန်ဖိုးထားပေးဖို့ အကြံပေးချင်ပါတယ်။