လူရယ်လို့ ဖြစ်လာပြီဆိုရင် တက်တက်ကြွကြွနဲ့ ဖျတ်ဖျတ်လက်လက် နေထိုင်တက်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ဒီလိုနေထိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စရပ်တော့မဟုတ်ပါဘူး။ တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ ဘဝရှင်သန်ဖို့အတွက် ရုန်းကန်လှုပ်ရှားနေရတာကြောင့် နေ့စဉ်ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်နိုင်ဖို့က ခက်ခဲပါတယ်။

ဒီနေ့ kwee page က သွက်လက်တက်ကြွသော လူငယ်ဖြစ်ဖို့အတွက် အကြံဉာဏ်ကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပျော်ရွှင်စရာတွေ ဖန်တီးပါ

Source: Art of Living

တက်ကြွဖျတ်လက်ဖို့ လေ့ကျင့်ခန်းချည်း လုပ်ဖို့မလိုပါဘူး။ ကခုန်တာ ဒါမှမဟုတ် ဘောလုံးကစားတာမျိုးတွေကို ရွေးချယ်ပြီး လုပ်နိုင်ပါတယ်။

မိတ်ဆွေရှာပါ

Source: Positive Psychology

ကိုယ်နဲ့ လေ့ကျင့်ခန်း အတူလုပ်ဖော် တစ်ယောက်ယောက် ရှိနေရင် ပျက်ကွက်ဖို့ (သို့) အရှုံးပေးဖို့ ပိုခက်ခဲပါတယ်။ ဒါက သူငယ်ချင်းသစ်ဖွဲ့ဖို့ အခွင့်အရေးလည်းဖြစ်ပါတယ်။

ဝါသနာပါတာတခုခုလုပ်ပါ

Source: it’s peachy keen

လမ်းလျှောက်တာ၊ ပြေးတာနဲ့ ရေကူးတာ စသည်ဖြင့် ကိုယ်ကြိုက်တဲ့ အားကစားလုပ်ပါ။ ဒါက ကျန်းမာလာဖို့အတွက် စိတ်အားထက်သန်မှုကို ပေးပါတယ်။

မိသားစုဝင်တွေကို အချိန်ပေးပါ

Source: Country Living Magazine

သင့်ချစ်တဲ့သူ ဒါမှမဟုတ် မိသားစုဝင်တွေနဲ့ဆို ပိုကောင်းတဲ့အချိန်တွေ ရရှိစေမှာအမှန်ဖြစ်ပါတယ်။ ခွေးလေးနဲ့ အတူတူလမ်းလျှောက်တာပဲ ဖြစ်ဖြစ် မိသားစုဝင်တွေနဲ့ပဲဖြစ်ဖြစ် လမ်းလျှောက်ရတာ တကယ်ပျော်ဖို့ကောင်းပါတယ်။

အိမ်မှာလည်း တက်ကြွဖျတ်လက်နေပါစေ

Source: sheknows

အိမ်အလုပ်နဲ့ ခြံအလုပ်တွေကလည်း ကယ်လိုရီတွေကို ကောင်းကောင်း လောင်ကျွမ်းနိုင်ပါတယ်။ ထမင်းစားပြီးတာနဲ့ တီဗီကြည့်မယ့်အစား အိုးခွက်ပန်ကန်တွေဆေးပေးတာ (သို့) အနီးအနားလမ်းလျှောက်တာက အကြံကောင်းပါပဲ။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့အတွက် ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ၊ လေ့ကျင့်ရေးစင်တာတွေသွားဖို့ မလိုပါဘူး။ ကယ်လိုရီတွေလောင်ကျွမ်းဖို့ ကိုယ်လက်လှုပ်ရှားမှုတွေ လိုတယ်ဆိုတာ သိထားဖို့သာ အရေးကြီးပါတယ်။