အောင်မြင်မှုဆိုတာ လူတစ်ဦးချင်းစီအလိုက် ကွဲပြားတဲ့ သဘောထားတစ်ခုပါ။ တချို့တွေက အောင်မြင်မှုဆိုတာ အလုပ်အကိုင်ကောင်းကောင်း ရှိတာတဲ့။ တချို့များ မိသားစုဘဝ ၊ အိမ်လှလှတစ်လုံး ၊ မကုန်ဆုံးနိုင်တဲ့ ဓနဥစ္စာ နဲ့ ကြီးမြတ်တဲ့အာဏာ စတဲ့စတဲ့ ကိုယ်စီအဓိပ္ပါယ်သတ်မှတ်ချက်တွေနဲ့။ အောင်မြင်မှုဆိုတာ တကယ်တော့ ကိုယ်လိုချင်တာ‌ ရလိုက်တာပါပဲ။ အဲ့ဒီရတဲ့အပေါ် ကျေနပ်ဂုဏ်ယူနိုင်ရင် အောင်မြင်မှုရသ ခံစားရတယ်လို့ ဆိုနိုင်ပါတယ်။ ဒီဆောင်းပါးမှာ အောင်မြင်မှုဆိုတာ ဘာလဲလို့ ပြောပြသွားမှာ မဟုတ်ပါဘူး။ အောင်မြင်ဖို့ ဘယ်လောက် ရိုးရှင်းတဲ့အကြံပေးချက်တွေ ရှိထားလဲဆိုတာပဲ မျှဝေသွားမှာ ဖြစ်ပါတယ်။

(၁) စိတ်နှစ်ထားပါ

Dreams

Photo: Unsplash

အောင်မြင်မှုနောက် တောက်လျှောက် အမဲလိုက်ခွေးလို လိုက်ချင်တဲ့ Motivation မျိုး ရှိရင် အောင်မြင်ဖို့ သေချာသလောက်ရှိတယ်လို့ ပြောနိုင်ပါတယ်။ နေ့တိုင်းမှာ ပန်းတိုင်းဆီ အရောက်သွားမယ်ဆိုတဲ့ သံဓိဌာန်ပြည့်ဝတဲ့စိတ်နဲ့ တွန်းနေတဲ့သူအဖို့ သူ့အာရုံက ပန်းတိုင်မှာ ရောက်ပြီးသားပါ။ တစ်ရက် ၁၅ မိနစ်လောက် အချိန်ယူ အစီအစဉ်ဆွဲပြီး တွန်းကြိုးစားနေရင် တစ်နှစ်လား ၊ နှစ်နှစ်လား သင်သွားချင်တဲ့နေရာ ရောက်မှာ အမှန်ပါပဲ။

(၂) ခရီးကနေ သင်သွားပါ

Chess

Photo: Unsplash

အောင်မြင်မှုရလဒ်တွေပေါ်မှာပဲ အာရုံစိုက်တာထက် အောင်မြင်ဖို့ သွားနေတဲ့ ခြေတစ်လှမ်းချင်းစီကို သတိပြုဖို့ လိုပါတယ်။ သင်သွားမယ့်ခရီးတလျှောက်မှာ တွေ့ကြုံလာတဲ့ သေးငယ်လှတဲ့ အောင်မြင်မှုလေးတွေဟာ သင့်ရဲ့ နောက်ဆုံးပန်းတိုင်မရောက်ခင် စားသုံးသွားရမယ့် ဗိုက်တာမင်နဲ့အားဆေးတောင့်တွေပါပဲ။ တစ်နည်းအားဖြင့် ဒါဟာ သင့်ကိုယ်သင် လမ်းကြောင်းမှန်ပေါ် ရောက်နေတုန်းဆိုတာကို အချက်ပြနေတာလည်း ဖြစ်ပါတယ်။

(၃) ပျော်ပျော်ကြီး ခရီးနှင်ပါ

Enjoy

Photo: Unsplash

တညီးညီး တညူညူနဲ့ ကိုယ့်ဘာသာ သတ်မှတ်ထားတဲ့ပန်းတိုင်ကို မလျှောက်ပါနဲ့။ လေလေးတချွန်ချွန်နဲ့ ပျော်ပျော်ကြီး လျှောက်လှမ်းပါ။ အကောင်းမြင်မှုနဲ့ တွေး ၊ အဆိုးတွေကြုံလာလည်း အေးဆေးလို့ မှတ်ယူပြီး ကိုယ်လုပ်စရာရှိတာကို မမေ့မလျော့ အားထည့်လုပ်လိုက်ပါ။ ကိုယ်လုပ်နေတဲ့အလုပ်ကို တကယ်ပျော်ဖို့ အဲ့ဒီအလုပ်ကို ချစ်နေဖို့လည်း လိုပါတယ်။ ဒါကြောင့် အောင်မြင်မှုပန်းတိုင်စပြီး ချလိုက်ကတည်းက ကိုယ်တကယ်လိုချင်တဲ့အရာ ဖြစ်ဖို့ သေချာနေပါစေ။

(၄) အမြဲအစီအစဉ် ဆွဲထားပါ

Plan

Photo: Unsplash

ဖြစ်ချင်တိုင်း မဖြစ်ရလို့ ပျက်သွားတဲ့အစီအစဉ်တွေကို ပြန်အစားထိုးပေးဖို့ နောက်ထပ် အစီအစဉ်တစ်ခု ရှိနေပါစေ။ ရည်မှန်းချက်အတွက် အလုပ်လုပ်နေချိန်မှာ လက်တွေ့ကျပြီး တကယ်ဖြစ်နိုင်တဲ့ အစီအစဉ်တစ်ခု အမြဲစဉ်းစားထားပါ။ အစီအစဉ်တွေဟာ သင့်ရဲ့ အောင်မြင်မှုကို တစ်ဆင့်ပြီး တစ်ဆင့်ဆွဲတင်သွားမယ့် လှေကားထစ်တွေ ဖြစ်သလို အခန့်မသင့်လို့သင်ပြုတ်ကျမယ်ဆိုရင်တောင် ပြုတ်ကျမယ့်အရှိန်ကို ထိန်းပေးနိုင်စွမ်း ရှိပါတယ်။

Featured Photo: keytransitions