အလုပ်ရဖို့အတွက် ရှေးရိုးနည်းလမ်းဟောင်းကြီးကတော့ ကျောင်းတက်မယ် ၊ ဘွဲ့ရပြီးရင် အလုပ်ဝင်မယ် ဆိုတာပါပဲ။ ပြီးရင်တော့ တစ်လျှောက်လုံး ကုမ္ပဏီတစ်ခုပြီးတစ်ခု ပြောင်းပြီး အလုပ်လုပ်ပေတော့ ဆိုတာမျိုးပဲ ရှိပါတယ်။ အသက်မွေးဝမ်းကြောင်း Career ဆိုတာ ရရာ လုပ်တဲ့ အလုပ်မျိုး မဟုတ်ပါဘူး။ ပိုပြီး တိကျသေချာတဲ့ စဉ်းစားမှု ၊ ရည်မှန်းချက် ၊ ကျွမ်းကျင်မှုနဲ့ လမ်းကြောင်းတွေ တည်ဆောက်ပါရှိရတာပါ။ အောင်မြင်တဲ့ အသက်မွေးမှု Career တစ်ခု တည်ဆောက်ဖို့အတွက် အခုပြောမယ့် နည်းလမ်းတွေ လိုက်နာသင့်ပါတယ်။

(၁) ပညာရပ်သစ်တွေ သင်ထားပါ

African man in a black suit. man writing on the glass

Source : Freepik

ကိုယ်ဝင်ရောက်လိုတဲ့ လုပ်ငန်းနယ်ပယ်မှာ အောင်မြင်ပေါက်မြောက်ဖို့အတွက် ပညာရပ်ကို စဉ်ဆက်မပြတ် မွမ်းမံနေဖို့ လိုပါတယ်။ IT လို Digital Marketing တို့လို အပြောင်းအလဲ မြန်လွန်းတဲ့ အလုပ်ခွင်မှာ အလုပ်ဝင်ချင်တယ်ဆိုရင် ပိုလို့တောင် ပညာသစ်တွေ ဖြည့်နေဖို့ လိုပါတယ်။

(၂) တမူထူးခြားတဲ့ Resume တစ်ခု ကြိုရေးထားပါ

female applicant completing

Source : Freepik

အလုပ်ရှာသူတွေအတွက် Resume ကောင်းတစ်ခုဟာ ကျည်ဆံပါပဲ။ Career တစ်ခုကို တည်ဆောက်သွားမယ့်သူဟာ သူ့ Resume ကို တကယ့် Flagship ထုတ်ကုန်တစ်ခုလို ဖြစ်အောင် တည်ဆောက်ရမှာပါ။ ဒီ Resume ထဲမှာ ကိုယ်ထည့်မယ့် အချက်တွေဟာ ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ အရည်အချင်းတွေကို ထင်းထင်းကြီးပေါ်အောင် မီးမောင်းထိုးပြနေရမှာ ဖြစ်ပါတယ်။ Resume မှာ ထည့်မယ့် အတွေ့အကြုံနဲ့ ပညာရေးဆိုင်ရာ ကျွမ်းကျင်မှုတွေလည်း ကိုယ့်ဘက်က ဖြည့်သွင်းထားရမှာပါ။

(၃) အဆက်အသွယ် ရှိဖို့လိုပါတယ်

It is called effective teamwork

Source : Freepik

အရည်အချင်းပြည့်ပြီး ကျွမ်းကျင်တဲ့ ပရော်ဖက်ရှင်နယ် ဖြစ်ချင်တယ် ၊ Dream Job လို့ခေါ်ရမယ့် ကိုယ်မက်ထားတဲ့ လုပ်ငန်းနယ်ပယ်မျိုးထဲ ရောက်ချင်တယ်ဆိုရင် အတတ်ပညာကျွမ်းကျင်ရုံနဲ့ မရပါဘူး။ အဆက်အသွယ်ကောင်းတွေ ၊ အသိအကျွမ်းတွေလည်း မရှိမဖြစ် လိုပါတယ်။ လူမှုဆက်ဆံရေး ကျယ်ပြန့်သူ ဖြစ်ဖို့ လိုသလို Facebook ၊ Twitter နဲ့ LinkedIn စတဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေပေါ်မှာလည်း Network ကောင်းတွေ ချိတ်ဆက်ထားသူ ဖြစ်ဖို့ လိုပါတယ်။

(၄) ကိုယ်ပိုင်ပုံရိပ် တည်ဆောက်ပါ

Stylish businessman working in a cafe

Source : Freepik

သင့်ကိုယ်သင် နဲ့ သင့်အရည်အချင်းတွေကို သင့်နယ်ပယ်က လူတိုင်းသိအောင် မားကတ်တင်းဆင်းဖို့လိုပါတယ်။သင့်ရဲ့ ကျွမ်းကျင်မှုကို ဖြည့်ဆည်းနေချိန်မှာ သင့်ရဲ့ ကိုယ်ပိုင်ပုံရိပ် အမှတ်တံဆိပ်ကို တည်ဆောက်ရမှာပါ။ ဒီလိုမျိုး ကိုယ်ပိုင် Brand တည်ဆောက်ဖို့အတွက် လူမှုကွန်ရက်ပလက်ဖောင်းတွေ ၊ ကိုယ်ပိုင် Blog နဲ့ Website တွေမှာ သင့်အကြောင်းနဲ့ သင့်ရဲ့ ဖြတ်သန်းမှု လုပ်ဆောင်ချက်တွေကို ကောင်းကောင်းရေးတင်နိုင်ပါတယ်။

(၅) ပန်းတိုင်တွေ ချထားပါ

Businessmen are checking stock charts and planning their stock trading strategies for peak growth.

Source : Freepik

Career တစ်ခုကို သွားမယ်ဆိုရင် ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ် ရည်မှန်းချက်နဲ့ကိုယ့်စိတ်ဆန္ဒကို ချိန်ညှိဖို့ လိုပါတယ်။ လက်တွေ့ကျပြီး စစ်မှန်တဲ့ ပန်းတိုင်တွေ ချမှတ်ရင်း အနာဂါတ်ကို ဆက်သွားနေမှသာ အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်ရမှာပါ။ ဆိုပါစို့ သင်အလုပ်လုပ်နေတဲ့ ကုမ္ပဏီမှာ နောက် ၅ နှစ်အတွင်း အမှုဆောင်အရာရှိချုပ်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် လာမယ့် ၁၂ လအတွင်း ဘာတွေလုပ်နေဖို့ လိုသလဲ ၊ ဒီလထဲမှာ သင်ဘာလုပ်သွားရမလဲ နောက်ဆုံး ဒီနေ့ သင်ဘာလုပ်ရမလဲဆိုတာ နည်းလမ်းရှာ ၊ ပန်းတိုင်ဆွဲပါ။