နာရီတစ်လုံးဟာ ယောင်္ကျားတစ်ယောက်ရဲ့ အသွင်အပြင်ကို အများကြီး မြှင့်ပေးနိုင်ပါတယ်။ တစ်ခြားပစ္စည်းတွေလိုပဲ နာရီလည်း အဝယ်မှားတတ်ပါတယ်။ ဒီတော့ နာရီဝယ်ခါနီးမှာ ဒီအချက်လေးတွေ သိထားသင့်ပါတယ်။
(၁) Review လေးတွေ အရင်ကြည့်ပါ
Photo: watchbandproduct
နာရီ Brands တွေ အများကြီး ရှိပါတယ်။ ကိုယ်ကြိုက်တဲ့ ဒီဇိုင်း ၊ မှန်းထားတဲ့ ပမာဏနဲ့ အသုံးဝင်မှုကိုလည်း စဉ်းစားရမှာပါ။ Classic ဒီဇိုင်းတွေဆိုရင်လည်း ကိုယ့်အကြိုက်နဲ့အလိုက်ဖက်ဆုံး ဖြစ်ဖို့အပြင် အဲ့ဒီနာရီနဲ့ ပတ်သက်တဲ့ သုံးစွဲသူ Feedback ကိုလည်း အွန်လိုင်းမှာ အရင်ဆုံး ဖတ်ကြည့်သင့်ပါတယ်။
(၂) အွန်လိုင်းက ဝယ်မယ်ဆိုရင် သတိထားပါ
Photo: fashionwatchreviews
အွန်လိုင်းပေါ်က နာရီဝယ်တာဟာ စွန့်စားရာတော့ ကျပါတယ်။ အထူးသဖြင့် တရားဝင် ဝက်ဘ်ဆိုက် နဲ့ Facebook Page တွေ မဟုတ်ရင် ပိုပြီး သတိထားရမှာပါ။ နောက်တစ်ခုက နာရီအတွက် Warranty နဲ့ ပစ္စည်းစစ်မစစ်ကိစ္စလည်း မသေချာပါဘူး။တကယ်လို့ ဆိုင်ကို ကိုယ်တိုင်ကိုယ်ကျသွားဝယ်ဖို့ မလွယ်နိုင်လို့ အွန်လိုင်းပေါ်ကနေ ဝယ်မယ်ဆိုရင်လည်း သေချာစုံစမ်းပြီးမှ ဝယ်သင့်ပါတယ််။
(၃) ဈေးနှုန်းလည်း သိထားဖို့ လိုပါတယ်
Photo: luxurylifestylemag
ကိုယ်ဝယ်မယ့် နာရီတစ်လုံးဟာ ဘယ်လောက်ပဲ တန်သင့်တယ်ဆိုတာ သိထားရင် နာရီအဝယ်မှားတာမျိုး အဖြစ်နည်းပါတယ်။ တန်ဖိုးမြင့် နာရီတစ်လုံးကို ဈေးပေါပေါနဲ့ ရောင်းတိုင်းလည်း အရမ်းကာရော မဝယ်မိဖို့ လိုပါတယ်။ ဝယ်ချင်တဲ့ နာရီအမျိုးအစားကို နာရီဝက်ဘ်ဆိုက်တွေနဲ့ ဆိုင်တွေရဲ့ Facebook စာမျက်နှာတွေမှာ သေချာလေ့လာထားရင် ပိုကောင်းပါတယ်။