စိတ်ကောက်တက်တဲ့ ချစ်သူကောင်မလေးမျိုးပိုင်ဆိုင်ထားရပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုဂုဏ်ယူလိုက်ပါ။ဘာလို့လဲဆိုရင် စိတ်ကောက်တက်တဲ့ချစ်သူကောင်မလေးတွေက ကိုယ့်ချစ်သူကိုတကယ် အချစ်စစ်အချစ်မှန်နဲ့ ချစ်လို့ပါပဲ။ဒါကြောင့် အချိန်တိုင်းစိတ်ကောက်နေတဲ့ ကောင်မလေးကိုချော့ရမှာကတော့ ကွီးတို့ တာဝန်ပါပဲ။ ဒီနေ့မှာတော့ စိတ်ကောက်တက်တဲ့ချစ်သူပိုင်ဆိုင်ထားသူတွေအနေနဲ့ အချိန်ခဏလေးအတွင်းမှာတင် စိတ်ကောက်ပြေစေမယ့် ချော့နည်းလေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) နဖူးလေးကို ညင်သာစွာနမ်းပါ
Source : Pixabay
နဖူးကိုအနမ်းပေးခြင်းက အလံဖြူပြတယ်ဆိုတဲ့သဘောကိုသက်ရောက်စေပြီး တစ်ဖက်လူကို ဒေါသစိတ်တွေပြေလျော့စေပါတယ်။မိန်းကလေးအများစုကလည်း နဖူးလေးကိုညင်သာစွာအနမ်းခံရတာကိုကြိုက်နှစ်သက်ကြပါတယ်။နဖူးကိုအနမ်းပေးခြင်းက နွေးထွေးကြင်နာမှုကိုခံစားရတဲ့အတွက် အချိန်တိုတွင်းစိတ်ကောက်ပြေစေမှာဖြစ်ပါတယ်။
(၂) စားချင်တာလိုက်ကျွေးပါ
Source : Pinterest
မိန်းကလေးတွေအများစုကတော့ ဘယ်လောက်ပဲစိတ်ကောက်နေပါစေ သူတို့ကြိုက်တက်တဲ့ အစားအစာလေးတွေ စားနေရရင်တော့ စိတ်ကောက်နေတဲ့ စိတ်တွေလျော့ကျသွားတက် ကြပါတယ်။ဒါကြောင့်ကိုယ့်ကောင်မလေးကြိုက်တက်တဲ့ အစားအသောက်လေးတွေကို သေချာစွာမှတ်ထားပြီး သူမစိတ်ကောက်ပြေအောင်လိုက်ကျွေးလိုက်ပါ။
(၃) Shopping ထွက်ပါ
Source : freepik.com
စိတ်ဆိုးတယ်စိတ်ကောက်တယ်ဆိုတာကလည်း စိတ်ဖိစီးမှု တစ်ခုပါပဲ။ဒီလိုစိတ်ဖိစီးစရာအရာတွေ ပြေပျောက်သွားဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက ဈေးဝယ်ထွက်တာဖြစ်ပါတယ်။သူမနဲ့အတူခြင်းတောင်လေးကိုင်ပြီး လိုအပ်တဲ့ပစ္စည်းလေးတွေလျောက်ဝယ်လိုက်ပါ။ငွေရှင်းကောင်တာမရောက်ခင်မှာပဲ သင့်ကိုစိတ်ဆိုးပြေသွားပါလိမ့်မယ်။
(၄) ရယ်စရာအမှတ်တရတွေပြောပါ
Source : freepik.com
ချစ်သူကောင်မလေးနဲ့ အတူတူရှိခဲ့ဖူးတဲ့ အမှတ်တရလေးတွေကို ပြန်ပြောပြပါ။ အမှတ်တရတွေများစွာထဲကမှ မှတ်မှတ်ရရနဲ့ ရယ်စရာကောင်းတဲ့ ဟာသမျိုးရွေးပြောပါ။သူမစိတ်ဆိုးနေချိန်မှာ အခုလို ကိုယ့်ချစ်သူနဲ့ နှစ်ယောက်အတူတူ ကြုံခဲ့ဖူးတဲ့ ရယ်စရာအဖြစ်အပျက်လေးတွေကိုအချိန်ကိုက် ပြန်ပြောရင်တော့ နှစ်ယောက်လုံးရယ်မော ပျော်ရွှင်ရပြီး သူမလည်းအမြန်ဆုံးစိတ်ပြေလာစေမှာဖြစ်ပါတယ်။