ယောကျာ်းလေးတွေ သန့်တယ်ခန့်တယ်ဆိုတာကို လက်ပတ်နာရီကိုကြည့်ပြီးဆုံးဖြတ်လို့ ရပါတယ်။ လက်ပတ်နာရီတွေမှာ ဈေးနှုန်းအပေါ်မူတည်ပြီး ဒီဇိုင်းပုံစံတွေကွဲပြားကြပါတယ်။ ကိုယ်သွားမယ့် နေရာဒေသအပေါ်မူတည်ပြီး ရွေးချယ်လို့ ရပါတယ်။ ယောကျာ်းလေးအများစုကနေရာကိုမစဉ်းစားပဲ အဆင်ပြေသလို နာရီကို ဝတ်တတ်ကြပါတယ်။ နေရာနဲ့ လိုက်ဖက်အောင် ဝတ်ခြင်းက ကိုယ့်ရဲ့ Standard ကိုလည်း မြင့်စေသလို ပိုပြီးလည်း Smart ကျစေပါတယ်။

လက်ပတ်နာရီတွေမှာ နာရီဒိုင်ကွက်တွေကိုတော့ အမျိုးအစားအစုံအလင်နဲ့ ထုတ်လုပ်ပါတယ်။ Watch Strao (လက်ပတ်ကြိုး) ကိုတော့ ပစ္စည်း၂မျိုးနဲ့ အဓိကထားပြီး ထုတ်လုပ်လျက်ရှိပါတယ်။ Leather နဲ့ Stainless Steal တို့ပဲဖြစ်ပါတယ်။ လက်ပတ်ကြိုးအရေအသွေးမှန်တာနဲ့အမျှ ဈေးနှုန်းတွေက ပိုပိုပြီးမြင့်လာတတ်ပါတယ်။ Leather လက်ပတ်နာရီတွေကိုတော့ ပွဲသွားပွဲလာသွားတဲ့အခါ၊ လူကြီးသူကြီးတွေနဲ့ တွေ့ဆုံတဲ့အခါမျိုးတွေမှာ ဝတ်ဆင်သင့်ပါတယ်။ Leather အစစ် Watch Strap ကို ဝတ်ဆင်မယ်ဆိုရင်တော့ ပိုပြီးသားနားစေပါလိမ့်မယ်။

Handsome man in white shirt wearing wristwatch, isolated on grey

Photo : Freepik

Leather Strap Watches တွေထဲမှာ အကောင်းဆုံး Brand ၅ခုကတော့ Movado Men’s Ultra Slim Watch၊ Tissot Men’s Visodate Automatic Watch၊ Swatch Men’s Sistem Earth Automatic Watch၊ Paul Smith Black Ma နဲ့ TW Steel Maverick တို့ပဲဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ ဒေါ်လာ ၇၀၀ ကနေ ဒေါ်လာ ၃၀၀ အတွင်းရှိပါတယ်။

Stainless Steel Watches တွေကိုတော့ ကိုယ်နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့ နေရာဒေသတွေအတွက် ဝတ်ဆင်သင့်ပါတယ်။ ဥပမာ – ရုံးခန်း၊ ကျောင်းခန်း တို့ပဲဖြစ်ပါတယ်။ Stainless Steel က ဝတ်ထားတဲ့သူကို သန့်သွားစေတယ်။ Clean and Neat ပုံစံမျိုးဖြစ်အောင် ပြုလုပ်ပေးပါတယ်။ ကိုယ့်ရဲ့ အကျီၤကို သာမန်ရိုးကျပုံစံ ဝတ်ထားပေမယ့်လည်း Stainless Steel Watch လေးကို ဝတ်လိုက်ရုံနဲ့ အဲဒီယောကျာ်းလေးတစ်ယောက်က အလိုလိုနေရင်းကို Standard တစ်ခုကို ရသွားစေပါတယ်။

businessman with luxury watch sitting in automobile

Photo : Freepik

Stainless Steel Watches အနေနဲ့ ဆိုရင်တော့ Brand ၃ ခုရှိပါတယ်။ အဲဒါတွေကတော့ Hamilton Khaki Navy Frogman Auto၊ Movado ‘Large Bold’ Bracelet Watch နဲ့ Hugo Boss Men’s Grand Prix Chronograph Watch တို့ပဲဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ ဒေါ်လာ ၁၃၀၀ ကနေ ဒေါ်လာ ၆၀၀ အထိရှိပါတယ်။

ယောကျာ်းလေးတွေနဲ့ Style ထိထိမိမိနဲ့ ခန့်ညားနေဖို့ဆိုရင် နာရီကောင်းတစ်ခုသာ လိုအပ်ပါတယ်။ အချိန်ဆိုတန်ဖိုးရှိတဲ့အခွင့်အလမ်းကောင်းတွေကို ပေးသလို၊ နာရီဆိုတာလည်း ကိုယ့်အတွက် Standard အမြင့်တစ်ခုကိုရောက်အောင်ဖန်တီးပေးနိုင်ပါတယ်။