စမတ်နည်းပညာခေတ်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း Fitness Tracker လို စမတ်နာရီလို Smart Devices တွေနဲ့ စောင့်ရှောက်လို့ ရပါတယ်။ နည်းပညာတွေ မြင့်လာတာကြောင့် ကျန်းမာရေးအတွက် အားကစားလုပ်တဲ့သူတွေ ၊ကိုယ့်ကျန်းမာရေးကို အထူးဂရုစိုက်တတ်သူတွေအတွက် အတော်ကြီး အဆင်ပြေလာပါတယ်။

Fitness Tracker တစ်ခု ရှိရုံနဲ့ ကိုယ့်ရဲ့အိပ်စက်မှု ဘယ်လောက်ရှိသလဲ ကြည့်လို့ ရပါတယ်။ သွေးတိုးနှုန်း ၊ နှလုံးခုန်မှုပုံစံတွေ မှန်မမှန် စောင့်ကြည့်နိုင်ပါတယ်။ အားကစားလုပ်ရာမှာ ပိုပြီး အထောက်အကူပြုနိုင်ပါတယ်။ Fitness Tracker နာရီတစ်လုံး ဝယ်ထားရုံနဲ့ အရေးကြီးတဲ့ကျန်းမာရေးစောင့်ရှောက်မှုကို ကိုယ်တိုင်လုပ်နိုင်လို့ Fitness Tracker ရွေးချယ်ဝယ်ယူရာမှာ အထောက်အကူပြုနိုင်မယ့် စဉ်းစားစရာလေးတွေ မျှဝေပေးလိုက်ပါတယ်။

top-view-african-sportsman-looking-his-wristwatch

Photo: Freepik

(၁) Features – အခုဆို Fitness Trackers အတော်များများမှာ ခြေလှမ်းအရေအတွက် မှတ်သားတွက်ချက်တာ ၊ ကယ်လိုရီစားသုံးမှု ၊ သွားခဲ့တဲ့ ခရီးအကွာအဝေး နဲ့ ကိုယ့်ရဲ့ တစ်နေ့တာ လှုပ်ရှားမှု အနှစ်ချုပ်ဖော်ပြချက်တွေ ပါဝင်လာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့ Trackers တွေမှာဆို အိပ်စက်မှုပုံစံ Sleep Patterns တွေ ခြေရာခံတာ ၊ သွေးတွင်းအောက်ဆီဂျင် Level တိုင်းတာ ၊ နှလုံးခုန်နှုန်းနဲ့ ကာယလှုပ်ရှားမှုနည်းစနစ်အထောက်အကူပြု Features တွေပါ ပါတယ်။ Features စုံလင်ပြီး လက်တွေ့သုံးနိုင်မယ့် Functions တွေ ပါတဲ့ Fitness Trackers မျိုးတွေ ရွေးဝယ်ပါ။

(၂) Waterproof – Fitness Tracker ပတ်သူတိုင်းကတော့ ရေကူးကန်ထဲ ရေကူးလေ့ ရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကိုယ်ဝယ်လိုက်တဲ့ Fitness Tracker ဟာ မိုးရေနဲ့ ပုံမှန်ရေဝတ်ချိုးလို့ရအောင် ရေလုံ Waterproof ဖြစ်ဖို့ လိုပါတယ်။ ဒီအတွက်တော့ သိပ်စိတ်ပူစရာ ရှိမှာ မဟုတ်ပါဘူး။ ထွက်လာတဲ့ Fitness Trackers အများစုဟာ ရေစိုဒဏ်ခံမှု မြင့်မားတဲ့ IP Rating နဲ့ လာတာများလို့ ဖြစ်ပါတယ်။

young-caucasian-man-is-his-fitness-bracelet-multicolored-background

Photo: Freepik

(၃) Notifications – Fitness Trackers အများအပြားဟာ စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး သတင်းအချက်အလက်တွေ ပေးပို့မှုလုပ်ပါတယ်။ Screen Size အနေနဲ့ Fitness Tracker တွေက အရွယ်အစားသေးတာကြောင့် စမတ်ဖုန်း Screen လိုမျိုး Screen အကြီးနဲ့ ချိတ်ဆက်ပြီး Noti တွေ ကြည့်တာ ပိုအဆင်ပြေပါတယ်။ Fitness Trackers တွေမှာ တချို့လည်း ကျန်းမာရေးသတင်ပေးချက်တွေအပြင် ဖုန်းခေါ်တာ ၊ စာပို့တာတွေပါ လုပ်နိုင်တဲ့ Features တွေ ပါလာလို့ ဖြစ်ပါတယ်။ တစ်နေ့တစ်နေ့ မက်ဆေ့တွေ အများကြီးရတဲ့သူတွေအတွက် စမတ်ဖုန်းနဲ့ ချိတ်ဆက်သုံးတာ ပိုအဆင်ပြေမှာပါ။

(၄) Battery Life – ဘက်ထရီပါဝါ ဘယ်လောက်ခံသလဲဆိုတဲ့ မေးခွန်းကလည်း Fitness Tracker Watch ဝယ်မယ့်သူတွေ မေးသင့်တဲ့ မေးခွန်းထဲမှာ ပါပါတယ်။ တစ်ခါ အားပြည့်ဖို့ ဘယ်လောက်ကြာအောင် ဘက်ထရီအားသွင်းရသလဲ ၊ ဘက်ထရီပါဝါကရော ဘယ်နှစ်နာရီသုံးနိုင်သလဲဆိုတာလည်း ကြည့်သင့်ပါတယ်။

(၅) Price – ဈေးသင့်ဖို့က အဓိကပါ။ အခုခေတ်မှာ Fitness Tracker တွေ ရဲ့ လုပ်ဆောင်ချက်က တစ်ခုနဲ့တစ်ခု သိပ်မကွာတော့ပါဘူး။ Brand ပေါ်လိုက်ပြီးပဲ ဈေးကွာကြတာပါ။ ဈေးနှုန်းသင့်တင့်ပြီး Function စုံတဲ့ ပစ္စည်းမျိုး ရွေးပါ။