တော်ရုံကိစ္စနဲ့တော့ နွေရောက်ရင် ဘယ်သူမှ Suit ဝတ်ချင်ကြမှာ မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် Suit တွေ ဝတ်ရတာ ဟန်ထုတ်လို့ကောင်းပေမယ့် ဝတ်တဲ့သူမှာ မကြာခင် ချွေးတွေနဲ့ အိုက်စပ်စပ်ကြီး ဖြစ်လာတတ်ပါတာပါပဲ။ ဒီလို ပူအိုက်လှတဲ့ နွေအခါမှာ Suit ဝတ်ရမယ်ဆိုရင် ပေါ့ပါးပြီး သက်တောင့်သက်သာ ရှိတဲ့ Suit မျိုး ရွေးဝယ်ဖို့က အရေးကြီးပါတယ်။
အပေါ့စား Lightweight Suit ဝယ်မယ်ဆိုရင် ဒီအချက်တွေ အဓိကထားဝယ်သင့်ပါတယ်။

(၁) ချည်သား

Photo: hearstapps

နွေရာသီမှာ ဝတ်လို့အကောင်းဆုံးက ချည်သားပါ။ ထူထဲတဲ့ သိုးမွေးသား Suit တွေ ဝတ်ရင် ချွေးတွေနဲ့ အိုက်ပြုတ်ပြီး ဒုက္ခရောက်သွားနိုင်ပါတယ်။ လေဝင်လေထွက်ကောင်းပြီး ပေါ့ပါးတဲ့ လီနင်သားလို ချည်သားမျိုး ရွေးပါ။ နောက်တစ်ခုက ပေါ့ပါးတဲ့ Suit တစ်ထည်ဖြစ်စေဖို့ အောက်ခံလိုင်နာနဲ့ အတွင်းအိတ်တွေတွေ မသုံးရင် ပိုပြီး သက်တောင့်သက်သာ ရှိပါလိမ့်မယ်။

(၂) Fit ဖြစ်ပါစေ

Photo: pepibertini

ပွယောင်းယောင်းတွေ ဝတ်ရတာ ပိုပြီး ပေါ့ပါးတယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ Fitting ဖြစ်ခြင်းက ပိုပြီး လူကို Comfort ဖြစ်စေပါတယ်။ ချည်သားအေးအေးနဲ့ Fitting ကျကျ ချုပ်ထားတဲ့ Suit တစ်စုံဟာ နွေရာသီမှာ ဖက်ရှင်ကျကျဝတ်ချင်သူတွေအတွက် အဆင်ပြေဆုံးပါပဲ။

(၃) အရောင်

Photo: ties

ချည်သားနဲ့ ချုပ်ပုံချုပ်သားမှန်တာချင်းအတူတူ အရောင်ရွေးမှန်ခြင်းက ပိုပြီး ပေါ့ပါးတဲ့ Suit တစ်ထည်ဖြစ်လာစေပါတယ်။ အရောင်သိပ်မတောက်တဲ့ Light ကာလာတွေက အပူကို စုပ်နိုင်လို့ မျက်လုံးထဲ အမြင်အေးသလို ဝတ်ရတာလည်း သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ဒီတော့ Summer Suit အတွက် အရောင်ရွေးမယ်ဆိုရင် မီးခိုးဖျော့ရောင်၊ အပြာနုရောင် ၊ ကာကီရောင်နဲ့ နီညိုရင့်ကာလာတွေ ရွေးဖို့ အကြံပြုချင်ပါတယ်။