ဘယ်တော့မှ အရွေးမမှားတဲ့ Shoes ဖြစ်ဖို့ အရိုးရှင်းဆုံး နှစ်ချက်ပဲ ရှိပါတယ်။ ကိုယ့်ခြေထောက်နဲ့ လိုက်ဖက်ဖို့နဲ့ စီးရတာ သက်တောင့်သက်သာရှိဖို့ပါပဲ။ ဒါပေမဲ့ ထပ်ပြီး ပြန်ခွဲရရင် အမှန်ကန်ဆုံး Shoes တစ်ရံ ဝယ်ဖို့ စဉ်းစားရမယ့်အချက်တွေက နည်းနည်းလေး ပိုလာပါတယ်။ ကိုယ်ဝယ်မယ့် Shoes ဟာ ခြေဖနောင့်နဲ့ ဖဝါးခွင်ကို ကောင်းကောင်း သက်တောင့်သက်သာရှိအောင် ထောက်ပံ့ရဲ့လား၊ ရာသီဥတုနဲ့ ကိုက်ညီရဲ့လား။ ဥပမာ-ချွေးထွက်ရင် ချွေးစုပ်သလား။ မိုးရွာရင် ရေစိုခံသလားစသည်ဖြင့် ရှိပါတယ်။ အခြေခံအားဖြင့် Shoes တစ်ရံ ဝယ်မယ်ဆိုရင် ဒီ ၃ ချက်ကို စဉ်းစားရပါတယ်။

(၁) ကိုယ့်ဖဝါးပုံစံကို သိပါ

Photo: fashionterest

သင့်ခြေထောက်က ဗျက်ကြီးသလား။ အနံကျဉ်းသလား။ ခြေချောင်းတွေ ပုံစံမမှန်တာမျိုး ရှိသလား ။ အရင်ဆုံး သိအောင် လုပ်ပါ။ ဒါမှ ကိုယ့်ခြေထောက်နဲ့ တကယ်လိုက်ဖက်တဲ့ Shoes အမျိုးအစား ရွေးချယ်နိုင်မှာပါ။

(၂) ကိုယ့် Lifestyle ပေါ် အခြေခံပြီး ဝယ်ပါ

Photo: fashionterest

နောက်တစ်ခုက ကိုယ်ဝယ်မယ့်ဖိနပ်ဟာ ကိုယ့်ရဲ့ လူနေမှုပုံစံနဲ့ အဆင်ပြေနေဖို့ လိုပါတယ်။ ကိုယ်က အားကစားသိပ်လုပ်တဲ့လူလား။ အလုပ်အကိုင်ကိစ္စနဲ့ အချိန်ကုန်တဲ့သူလား။ သူငယ်ချင်းတွေနဲ့ မကြာခဏအပြင်မှာ တွေ့ဖြစ်တဲ့သူမျိုးလား။ ကိုယ်က ဘယ်လိုနေရာမျိုးကို အသွားများတယ် ဆိုတာကို ကြည့်ပြီး ဖိနပ်ရွေးသင့်ပါတယ်။

(၃) ကိုယ့်အလုပ်အကိုင်ပါ ကြည့်ပါ

Photo; fashionterest

အပေါ်မှာ ပြောခဲ့တဲ့ အချက်နဲ့ နည်းနည်းဆင်ပါတယ်။ ဒါပေမဲ့ အခုဟာက ကိုယ့်ရဲ့ အလုပ်အကိုင်နဲ့လိုက်ဖက်တဲ့ ဖိနပ်ဖြစ်အောင် ရွေးချယ်ဖို့ပါ။ ကိုယ်က ဆရာတစ်ယောက်လား၊ လုပ်ငန်းရှင်လား ၊ ကျန်းမာရေးဘက်ကလား၊ အရောင်းသမားလား။ ကိုယ့်ရဲ့ နေ့စဉ်အလုပ်အကိုင် နယ်ပယ်မှာပါ အံဝင်ခွင်ကျအဖြစ်ဆုံး Shoes မျိုးမှာ ငွေကောင်းကောင်း သုံးတာ အမှန်ဆုံးပါပဲ။