မျက်လုံးချင်း စကားပြောနေမိတာ ကြာပြီး တကယ်တမ်း ညစဉ် သူနဲ့ ဖုန်းပြောဖို့အတွက်မှာ ခက်နေတာဆိုရင် နည်းလမ်းလိုနေပြီဆိုတဲ့ သဘောပါ။ ကောင်မလေးတစ်ယောက် ကိုယ့်ကို မကြာမကြာ လှမ်းကြည့်တတ်တာဟာ စိတ်ဝင်စားလို့ ကြည့်တာက ရာနှုန်းများပါတယ်။ဒီတော့ ကိုယ့်ကို ညွှတ်နေတဲ့ မျက်နှာစိမ်း မိန်းကလေးတက စ်ယောက်ဆီဖုန်းနံပါတ်ကို ၅ မိနစ်အတွင်း တောင်းလို့ရတဲ့ နည်းလမ်းတစ်ခု ပြောချင်ပါတယ်။
Source : Freepik
ကိုယ့်ကို စိတ်ဝင်စားလို့ လာကြည့်တဲ့ ကောင်မလေးတစ်ယောက်ကို ဒီအတိုင်း မျက်နှာလွဲှသွားတာ မကောင်းပါဘူး။ စိတ်ပညာအရ နှစ်စက္ကန့် ကြာအောင် မျက်လုံးချင်းဆုံမိတာဟာ နီးစပ်ဖို့ အခြေအနေကောင်းတယ်ဆိုတဲ့ သဘောပါပဲ။မျက်လုံးချင်းဆုံတဲ့အချိန်မှာ အကြည့်လွဲှတာဟာ ကိုယ်ရည်ကိုယ်သွေး အားနည်းရာရောက်ပါတယ်။ ကြည့်ရာမှာလည်း တစ်ခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကြည့်တာထက် သူမရဲ့ မျက်လုံးကိုပဲ တည့်တည့်ပြန်ကြည့်သင့်ပါတယ်။ နောက်တစ်ခုက အများဆုံး ၃ စက္ကန့်ထက် ပိုကြာအောင် မကြည့်သင့်ပါဘူး။
ပထမ ၃ စက္ကန့်စာ အကြည့်ချင်းဆုံပြီးတာနဲ့ နောက်ထပ် ၂ စက္ကန့်ကို ပြုံးပြဖို့အတွက် ထားလိုက်ပါ။ မျက်လုံးချင်း Connection ရှိပြီဖြစ်လို့ နောက်တစ်ဆင့် ရင်းနှီးတဲ့ အမူအယာကိုပြဖို့ လိုလာပါပြီ။ ဒီအတွက် အကောင်းဆုံး အမူအယာက အပြုံးပါ။ ဒါပေမယ့် တကယ့်အပြုံးအစစ်က နှုတ်ခမ်းကပြုံးတာမဟုတ်ဘဲ မျက်လုံးက ပြုံးနေတာမျိုးပါ။ ဥပမာ- ရယ်စရာတွေ့လို့ ရယ်မိတဲ့အခါ မျက်လုံးတစ်ဝိုက်မှာ အနားရသွားတဲ့ အခြေအနေမျိုး သက်တောင့်သက်သာနဲ့ သဘာဝအတိုင်း ဖြစ်နေတဲ့ အပြုံးမျိုး ဖြစ်ပါတယ်။
Source : Freepik
ရင်ဖွင့်ထားတယ်ဆိုတာ ကိုယ့်အင်္ကျီ ကြယ်သီးတွေ ဖွင့်ထားတာကို ပြောတာမဟုတ်ပါဘူး။ ဘောလုံးစကားနဲ့ဆိုရင် တိုက်စစ်ဖွင့်ဆော့ဖို့အတွက် ပြိုင်ဘကကို လှည့်ရှိုးလိုက်တဲ့ သဘောပါ။ ကောင်မလေးနဲ့ တည့်တည့်ဖြစ်အောင်နေပါ။ သက်တောင့်သက်တာရှိပြီးအေးအေးဆေးဆေး ပေါ့ပါးနေတဲ့ ခန္ဓာကိုယ်ပုံစံကို ဖမ်းပါ။ ခန္ဓာကိုယ်မှာ လိုအပ်သလို ရွှေ့နိုင်မယ့် အနေအထားမှာ ရှိအောင် ဂရုစိုက်ပြီး ကြွက်သားနဲ့ အကြောတွေ လျှော့ထားသင့်ပါတယ်။
အခုဆို သူမနဲ့ ရင်းနှီးအောင် လုပ်နိုင်သမျှ လုပ်ပြီးသွားပါပြီ။ အခုချိန်က တည်ကန်ဘော ကန်ရမယ့် အချိန် ဖြစ်ပါတယ်။ အများကြီး စဉ်းစားမနေပါနဲ့။ သူမဆီ သွားပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်သင့်ပါတယ်။ ခေါင်းကို ယုံယုံကြည်ကြည်နဲ့ မော့ထားပါ။
Source : Freepik
ယဉ်ကျေးသိမ်မွေ့ပြီး လူကြီးလူကောင်းဆန်ဆန် ဆက်သွယ်ပြောဆိုပါ။ မိတ်ဆက်ပြောဆိုနေချိန်မှာလည်း မျက်လုံးချင်းဆုံပြီး ပြုံးတတ်ပါစေ။ စကားပြောရာမှာလည်း စိတ်ဝင်စားစရာ ဖြစ်စေမယ့် အကြောင်းလေးတွေ ကိုယ့်ခေါင်းထဲမှာ စဉ်ထားပါ။ သူမကိုလည်း သက်သောင့်သက်သာ ရှိအောင် ထားပါ။ အရမ်း ဖိအားပေးဖို့ မကြိုးစားပါနဲ့။ ပြီးရင် တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်နဲ့ Facebook အကောင့်လဲတာတွေ လုပ်လို့ ရပါပြီ။