အမြဲတမ်းပြောနေကြဖြစ်တဲ့ စကားအတိုင်း သင့်ဝတ်စားဆင်ယင်မှုက သင့်ရဲ့ကိုယ်ကျင့်စရိုက်ကို တစ်နည်းအားဖြင့် ဖော်ပြနေတာပဲဖြစ်ပါတယ်။ လူတွေနဲ့ ထိတွေ့နေရတဲ့နေရာတွေကို သွားမယ်ဆို ကိုယ်ဟာဘယ်လိုလူမျိုးလဲဆိုတာကို ဖော်ပြဖို့ အနည်းနဲ့အများတော့ ဝတ်ဆင်တတ်ရပါတယ်။ အထူးသဖြင့် အလုပ်ခွင်လိုနေရာတွေမျိုးဆို ပိုပြီးသတိထားသင့်ပါတယ်။

ကိုယ်ဟာ Professional တစ်ယောက်ပါလို့ အပြုအမူ ဝတ်ဆင်ပုံတွေနဲ့ဖော်ပြနိုင်မှ ရှေ့ဆက်အောင်မြင်မှုရနိုင်မှာပါ။ ခေတ်မီတဲ့လုပ်ငန်းခွင်တွေမှာဆို ပိုပြီးအရေးကြီးပါတယ်။ ဘာလို့လည်းဆိုတော့ လူအများဟာ လူတစ်ယောက်ရဲ့အသွင်အပြင်ကို သူ့ရဲ့လုပ်ဆောင်မှုလိုမျိုး အလေးထားကြလို့ပါ။ အလုပ်ခွင်မှာ သပ်သပ်ရပ်ရပ် စမတ်ကျကျဝတ်ဆင်တာဟာ သင့်အထက်က အရာရှိတွေကို လေးစားရာရောက်သလို ကိုယ်အလုပ်အပေါ်လည်း လေးလေးနက်နက်ထားတဲ့သဘောကို သက်ရောက်ပါတယ်။ ဒီလိုမျိုး လူ့ပတ်ဝန်းကျင်နဲ့ ကိုက်ညီစွာမနေတတ်ရင်တော့ သင်ဟာ ဘယ်တော့မှ ကိုယ်ရောက်ချင်တဲ့နေရာ ကိုရောက်ပြီး အသိအမှတ်ပြုခံရမှာမဟုတ်ပါဘူး။

Source: pixabay.com

အလုပ်ခွင်တွေမှာ ဘယ်လောက်ပဲ အနောက်တိုင်းဝတ်ပုံစားပုံတွေ ခေတ်စားလာလာ ဝတ်သင့်မဝတ်သင့် စဉ်းစားသင့်တဲ့ ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ အခုလောလောဆယ်တော့ Professional အမျိုးသားတစ်ယောက် လိုက်နာသင့်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို အရင်ပြောပြချင်ပါတယ်။

Source: pixabay.com

ကိုယ်အလုပ်လုပ်နေတဲ့ အလုပ်ခွင်ရဲ့ ဝတ်ပုံစားပုံကို အရင်သိနားလည်ပြီးမှ ဝတ်သင့်တဲ့စတိုင်လ်ကို စဉ်းစားပါ။ အလုပ်ခွင်အတွက် အဝတ်အစားရွေးချယ်မယ်ဆိုရင် Fit ဖြစ်စေဖို့ကို ဦးစားပေးပါ။ အိတ်ကိုင်ပြီးသွားတတ်တယ်ဆိုလည်း လက်ကိုင်အိတ်တို့လို စနစ်ကျကျထည့်ပြီး စမတ်ကျကျယူသွားနိုင်တာမျိုး ကိုင်ပါ။

စမတ်ကျတယ်ဆိုတာ အဝတ်အစားတစ်မျိုးထဲကိုပဲ ပြောတာမဟုတ်လို့ ဆံပင်ကို ဖရိုဖရဲနဲ့သွားတာမျိုး မလုပ်ပါနဲ့။ ပါးသိုင်းမွှေးတို့ဘာတို့ ထားတယ်ဆိုလည်း သပ်သပ်လေးထားပြီး အနံ့အရမ်းပြင်းတဲ့ ရေမွှေးတွေကို ရှောင်ပါ။

Source: pixabay.com

သေသေချာချာ တစ်ပတ်တစ်ခါလောက် ပွတ်တိုက်သန့်ရှင်းရေးလုပ်ထားတဲ့ ရှုးဖိနပ်ကိုပဲစီးပါ။ Suit နဲ့ ရှူးဖိနပ်တွေကို တွဲဝတ်တဲ့အခါ ခြေမျက်စိအထိရှည်တဲ့ ခြေအိတ်ဝတ်ခြင်းကိုရှောင်ပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေမယ့် အရောင်များကို ရွေးချယ်ဝတ်ဆင်ပါ။ အရောင်နုတာတွေ၊ တအားတောက်တဲ့ အရောင်တွေ မဝတ်သင့်ပါဘူး။